Pages

Friday, January 17, 2014

တစ်နိုင်ငံလုံး ရှိ စက် သုံးဆီ အရည် အသွေး စစ်ဆေး ရန် ရွေ့လျား ဓာတ်ခွဲခန်း ငါးခု ဝယ်မည်

မြန်မာတစ် နိုင်ငံလုံးရှိ ပုဂ္ဂလိ က စက်သုံးဆီ အရောင်းဆိုင များတွင် ရောင်းချ နေသည့် စက်သုံးဆီများ ၏ အရည် အသွေး ပြည့်မီမှု ရှိ မရှိ စစ်ဆေး နိုင် သည့် ရွေ့လျား ဓာတ်ခွဲခန်း ငါးခု ကို လက်ရှိ နှစ် အတွင်း ဝယ်ယူ သွားမည် ဖြစ်ကြောင်း မြန်မာ့ ရေနံ ထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း ညွှန်ကြား ရေး မှူး ဦးမြင့်ဇော် က ပြောကြား သည်။ မန္တလေး မြို့တော် ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ အဆိုပါ လုပ်ငန်း အစည်း အဝေး ခန်းမ တွင် ဇန်နဝါရီ လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ က ကျင်းပ သည့် ရေနံ ထွက် ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူ ဖြန့်ဖြူး ရောင်းချခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တွင် ၎င်းက အထက် ပါ အတိုင်း ထည့်သွင်း ပြောကြား ခြင်း ဖြစ်သည်။ လက်ရှိ တွင် အဆိုပါ စက်သုံးဆီ အရည်အသွေး ပြည်မီမှုရှိ မရှိ စစ်ဆေး သည့် ရွေ့လျား  ဓာတ်ခွဲ ခန်း တစ်ခု သာ ရှိပြီး အဆိုပါ စက်မှာ ရန်ကုန် မြို့တော် တွင် စစ်ဆေး ပေးနေ သဖြင့် ကျန် မြို့ကြီးများ တွင် စစ်ဆေး ပေးနိုင် ရန် ဝယ်ယူ သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။

“စက်သုံးဆီ အရောင်း ဆိုင်တွေရဲ့ စက်သုံး ဆီ အချိန် အတွယ် ပြည်မပြည့် ကို စစ်ဆေး နိုင်ခဲ့တယ်။ စက်သုံး ဆီ အရည်သွေး စစ်ဆေး ဖို့ ကျတော့ အခက် အခဲ တွေ ရှိတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ လ ၁၃ ရက်နေ့ က ရန်ကုန် မှာ ထိုင်း နိုင်ငံ ကနေ ရွေ့လျား ဓာတ်ခွဲခန်း နဲ့ အရောင်း ဆိုင် တချို့ကို လိုက် စစ်ပြီး စမ်း သပ် သင်တန်း ပေးခဲ့ တယ်။ အခု လည်း တစ်နိုင်ငံ လုံး မှာ ရှိတဲ့ စက်သုံးဆီ အရောင်းဆိုင် တွေကို စစ်ဆေး နိုင်ဖို့ အတွက် ဝယ်ယူ သွားမှာ ပါ” ဟု မြန်မာ့ ရေနံ ထွက်ပစ္စည်း ဖြန့်ဖြူး ရောင်းဝယ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြား ရေးမှူး ဦးသန့်စင် က ဆိုသည်။ မြန်မာ တစ်နိုင်ငံ လုံး တွင် ဖွင့်လှစ် ခွင့်ပြု ထား သည့် ပုဂ္ဂလိ က စက်သုံးဆီ အရောင်း ဆိုင်ပေါင်း ၈၂၈ ဆိုင် ရှိကာ လိုင်စင် ထုတ်ပေး ရန် စိစစ် ဆောင်ရွက်ဆဲ ပုဂ္ဂလိ က အရောင်း ဆိုင် သစ် ၄၆၀ ခန့် ရှိကြောင်း အဆိုပါ လုပ်ငန်း စာရင်းများ အရ သိရသည်။

မန္တလေး မြို့တော် တွင် စက် သုံးဆီ အရောင်း ဆိုင်များ စစ်ဆေးရန် အတွက် စက် ဝယ်ယူ ရန် အစီအစဉ် ရှိကြောင်း မန္တလေး တိုင်း ဒေသကြီး စက် သုံးဆီ ဖြန့်ဖြူး ရောင်းချ သူများ အသင်း တာဝန် ရှိသူ ထံမှ သိရသည်။ စက်သုံးဆီ တွေကို ပြည်ပ က တင်သွင်း တဲ့ အရည်အသွေး အတိုင်း ပဲ ရောင်းချ ပေးပါ တယ်။ ဘာ နဲ့မှ ရောစပ် ထားခြင်း မရှိ ပါဘူး၊ ဟု ချမ်းအေး သာစံ မြို့နယ် ရှိ စက်သုံးဆီ အရောင်း ဆိုင် ပိုင်ရှင် တစ်ဦးက ဆိုသည်။ ပုဂ္ဂလိ က စက်သုံး ဆီ တင်သွင်း ရောင်းချမှု သည် ၂၀၁၀ ပြည့်နှစ် မှ ၂၀၁၄ ဇန်နဝါရီ လ ၆ ရက်နေ့ အထိ ပင်လယ် ရေကြောင်း မှ 92Ron တင်သွင်း မှု ဂါလန် သန်း ပေါင်း တစ် သောင်း ခွဲ၊ နယ်စပ် ဒေသ မှ တင်သွင်း မှု ဂါလန် ငါးသိန်း ကျော် နှင့် ဒီဇယ် တင်သွင်း မှုမှာ ပင်လယ် ရေကြောင်း မှ ၁,၀၅၀,၉၁၃,၅၅၃ ဂါလန်၊ နယ်စပ် ဒေသမှ ၂၀,၁၅၀,၄၇၄ ဂါလန် ရှိကြောင်း မြန်မာ့ ရေနံ ထွက် ပစ္စည်း ဖြန့်ဖြူး ရောင်းဝယ်ရေး လုပ်ငန်း မှတ်တမ်း များ အရ သိရ သည်။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်