Pages

Friday, January 17, 2014

ဆန္ဒ ဖော်ထုတ် မှုအား ဥပဒေ နှင့် အညီ ဆောင်ရွက် ကြရန် ချပြ ရှင်းလင်း ကာ ဆန္ဒ ပြမှု အား လူစုခွဲ

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ စဥ့်ကိုင် မြို့နယ် ပလိပ် အမှတ် (၂) အထည် စက်ရုံ (ပန်ဒါ ကုမ္ပဏီ) စက်ရုံ အတွင်း စက်ရုံ ဝန်ထမ်း ဂိတ် ပေါက် ရှေ့တွင် ဇန်နဝါရီ လ (၁၆) ရက် နံနက် (၈း၁၅) နာရီ က စက်ရုံလုပ်သား (၂၈) ဦး တို့က ထိုင်လျှက် ဆန္ဒ ဖော်ထုတ် ခဲ့ကြောင်း သိရှိ ရသည်။

အဆိုပါ ဆန္ဒ ဖော်ထုတ်မှု ကို ပလိပ် အမှတ် (၂) အထည် စက်ရုံ အား ပန်ဒါ ကုမ္ပဏီ သို့ လွှဲပြောင်းရာ တွင် နောက် ခန့်ထား မည့် လစာ နှုန်းထား အား မသိ ရှိခြင်း၊ စက်မှု ဒုတိယ ဝန်ကြီး လာရောက် ဆွေးနွေးစဉ် က အပိုကြေး (၃၀၀၀၀) ပေးမည် ဟု ဆိုခဲ့ သော်လည်း ယခု အခါ မရေမရာ ဖြစ်နေ ခြင်း၊ ယခု ခန့်ထားရာ တွင် လည်း မည်သည့် ပုံစံ ဖြင့် ခန့်ထား မည်ကို မသိရှိ ရခြင်း တို့ကြောင့် ခေါင်းဆောင် အဖြစ် ဇော်ထိုက် (ကျွမ်း - ၃ ပြင်ဆင်ရေး)၊ လှကို (ကျွမ်း - ၅)၊ ချမ်းမိုးအောင် (ကျွမ်း - ၄) တို့က ဦးဆောင် ပြီး စက်ရုံ လုပ်သား ကျား (၁၈) ဦး၊ မ (၁၀) ဦး တို့က ကတ္ထူ လက်ကိုင် ပိုစတာ များ တွင် ဆော့ပင် ဖြင့် ရေးလျှက် “အမှတ် (၂) စက်ရုံ အား အခြား စက်ရုံများ ကဲ့သို့ နည်းတူ ၂၀၁၅ ခုနှစ် အထိ အစိုးရ ဝန်ထမ်း အဖြစ် တွဲဘက် လုပ်ကိုင် ရေး”၊ “စက်မှု ဝန်ကြီး ဌာန ၏ ၁.၁.၂၀၁၄ ရုံး အမိန့်စာ အား ပြင်ဆင် ပေးရန်၊ ဝန်ထမ်း များ အပြည့် အဝ ရရှိရေး” စသည့် ပိုစတာ များ ကိုင်ဆောင် ကာ ထိုင်လျှက် ဆန္ဒ ဖော်ထုတ် ခဲ့ကြ ကြောင်း သိရ သည်။

အဆိုပါ ဆန္ဒ ဖော်ထုတ်ရာ သို့ မြို့နယ် အုပ်ချုပ် ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ စက်ရုံ မှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ပလိပ် ရဲစခန်းမှူး၊ အလုပ် သမား ညွှန်ကြားမှု ဦးစီးဌာန မှ ဦးစီးမှူး တို့မှ ခေါင်းဆောင် ဇော်ထိုက် နှင့် ဆန္ဒ ဖော်ထုတ် သူ စက်ရုံ ဝန်ထမ်းများ အား ဆန္ဒ ဖော်ထုတ်ခြင်း နှင့် ပတ်သတ် ပြီး စည်းကမ်း များ ကို ဥပဒေ နှင့် အညီ ဆောင်ရွက် ကြရန် ချပြ ရှင်းလင်း ပြီး လူစု ခွဲစေရာ (၉း၂၀) နာရီ တွင် လူစုကွဲ သွားကြောင်း သိရှိ ရသည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်