Pages

Friday, January 17, 2014

မြန်မာ့ ယဉ်ကျေးမှု လက်ရာ များဖြင့် မွမ်းမံ ပြင်ဆင် ထားသော ရွေ့လျား ကရ၀ိတ် ရေပေါ် ဟိုတယ် ၈၀ ရာခိုင်နှုန်း ပြီးစီး

 
 
နိုင်ငံတော် အစိုးရ အနေဖြင့် ပုဂ္ဂလိက တိုင်းရင်းသား လုပ်ငန်းရှင် တို့၏ လုပ်ကိုင်ခွင့် များကို ဦးစားပေး လုပ်ဆောင် ပေးလျက် ရှိသည် နှင့် အညီ မန္တလေး မြို့မှ မြန်မာ အမျိုးသား တစ်ဦး သည် ကောင်းမွန်သော စိတ်ကူး ဖြင့် ကမ္ဘာလှည့် ခရီးသွား များ နှစ်သက် နိုင်မည့် ရွေ့လျား ရေပေါ် ကရဝိတ် ဟိုတယ် တည်ဆောက် ခဲ့ပြီ ဖြစ်သည်။

ယနေ့ အချိန် တွင် ကမ္ဘာ အရပ်ရပ် က နိုင်ငံခြား ခရီးသွားများ အနေဖြင့် မြန်မာ နိုင်ငံ သို့ စိတ်ဝင် စားမှု အများ ဆုံး ရှိနေ သကဲ့သို့ လာရောက် လည်ပတ် သူ ဦးရေမှာ တိုးတက် များပြား လာသည် ဖြစ်၍ အဆင့်မြင့် ဟိုတယ် များ သာမက ဝန်ဆောင်မှု လုပ်ငန်း များ တိုးချဲ့ လုပ်ဆောင်နေ ကြသည်။ ကမ္ဘာ လှည့် ခရီးသွား များ အထူး စိတ်ဝင်စား မည့် မြန်မာ့ ယဉ်ကျေးမှု လက်ရာ များ ဖြင့် မွမ်းမံ ပြင်ဆင် ထားသော ရွေ့လျား ကရဝိတ် ရေပေါ် ဟိုတယ် ကို မန္တလေး ဆိပ်ကမ်း တွင် အချောသတ် တည်ဆောက် လျက် ရှိရာ ၈ဝ ရာခိုင်နှုန်း ပြီးစီးနေ ပြီ ဖြစ်ကြောင်း သိရ သည်။

လက်ရှိ တွင် ရေကြောင်း ပို့ဆောင်ရေး သင်္ဘော ကျင်း ဆိပ်ကမ်း ၌ မွမ်းမံ နေပြီး ရေယာဉ် တွင် မြင်းကောင်ရေ ၃၆ဝဝ ရှိ အင်ဂျင် နှစ်လုံး တပ်ဆင် ထား ကြောင်း ၊ အလျားပေ ၂၅ဝ ၊ အကျယ်ပေ ၇ဝ ၊ ရေစူး အမြင့် လေးပေ ခွဲ ရှိ၍ နှစ်ထပ် ဖြစ်ပြီး အခန်း ပေါင်း ၃၈ ခန်း ပါဝင် ကြောင်း ၊ ပြီးစီး သွား ပါက အလုပ် သမား ဦးရေ ၈ဝ ခန့် အား အလုပ် အကိုင် အခွင့် အလမ်း ရရှိ စေမည် ဖြစ်ကြောင်း သိရ သည်။

ပို့ဆောင် ပေးမည့် ခရီးစဉ် မှာ မန္တလေး - မင်းကွန်း - ရွှေကြက်ယက် တို့ ဖြစ်ပြီး ကမ္ဘာ လှည့် ခရီးသွား များ က တောင်းဆို လာလျှင် ဗန်းမော် ရွှေကူ စသည့် အခြား ဆိပ်ကမ်း မြို့ များသို့ ပို့ဆောင် ရန် စီစဉ် ပေးမည် ဖြစ်၍ ဧရာဝတီ မြစ်ကြီး ၏ သဘာဝ အလှ တရား များကို ခံစား ကြည့်ရှု နိုင်မည် ဖြစ်သည်။

ပွင့်လင်း မြင်သာ သည့် အချိန် တွင် ဧရာဝတီ မြစ်၏ အလှ အပများ ၊ မြန်မာ တို့၏ လူနေ မှု သဘာဝ အခြေ အနေများ ၊ မပျက်စီး သေး သည့် တောတောင် ရေမြေ ရှုခင်း များနှင့် အတူ မြန်မာ့ ယဉ်ကျေးမှု များကို ကမ္ဘာ က သိအောင် ပြသ နိုင်သကဲ့ သို့ ကမ္ဘာ လှည့် ခရီးသွား ဧည့်သည် များကို ဆွဲဆောင် နိုင်မည် ဖြစ်သည်။

'' နှစ်ထပ်ဆောင် အပေါ်ထပ် မှာ လေသာ ဆောင် ဟင်းလင်းပြင် ပါလို့ မင်္ဂလာ ဧည့်ခံပွဲ တွေ ကျင်းပ ချင်ရင် လက်ခံ ပေးသွား မှာပါ။ ကမ္ဘာလှည့် ခရီးသွား တွေ စိတ်ဝင်စား အောင် ပန်းချီ ပြပွဲ ၊ ရုပ်သေး ပြပွဲ ၊ မြန်မာ့ ရိုးရာ ခြင်းလုံး အလှပြ ကစား တာတွေ စီစဉ် ထား ပေးမယ် ... '' ဟု GC ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ က ပြောပြသည်။

ဝန်ဆောင်ခ ဈေးနှုန်းများ ကို လက်ရှိ အချိန်တွင် မသိရသေး သော်လည်း ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း တာဝန် ရှိ သူများ နှင့် ညှိနှိုင်း သတ်မှတ် သွားမည် ဖြစ်ကြောင်း ၊ ဆိပ်ကမ်း နေရာ ရရှိရေး အတွက် ရေ အရင်း အမြစ် နှင့် မြစ်ချောင်း များ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန သို့ တင်ပြ လျှောက်ထား ဆဲ ဖြစ်ကြောင်း သိရ သည်။

မြ၀တီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်