Pages

Friday, January 17, 2014

မြန်မာ သူငယ်ချင်းများ ရှာဖွေ သူ ကုမ္ပဏီ လီမိတက် မှ တစ်ဆင့် အိမ်ထောင် ဖက် ရှာဖွေနိုင်

အလုပ် အကိုင် မအားလပ် ၍ ချစ်သူ ရည်းစား၊ အိမ်ထောင် ဖက် ရှာဖွေ ရန် အချိန်မရ သည့် လူပျိုကြီး များ အတွက် ကုမ္ပဏီမှ တစ်ဆင့် အိမ်ထောင် ဖက် ရှာဖွေ နိုင်ပြီ ဟု မြန်မာ သူငယ်ချင်း များ ရှာဖွေ သူ ကုမ္ပဏီ လီ မိ တက် တာဝန်ရှိ သူ တစ်ဦးက ပြောကြား ခဲ့သည်။ ၄င်းက “ကိုယ့် ဘဝရဲ့ လက်တွဲ ဖော် ဟာ ကိုယ့် ဘ ဝေ လာက် အရေးကြီး ပါတယ်။ ကိုယ့် ဘဝရဲ့ လက်တွဲဖော် မှာ ရှိသင့် တဲ့ အချက် အလက်တွေ ကို ကုမ္ပ ဏီ က တိုက်ဆိုင် ပြီးတော့မှ စိတ်ကြိုက် ရွေးချယ် စေချင် တာပါ” ဟု ပြောကြား ခဲ့သည်။ နိုင်ငံတကာ ၌ ယင်း ကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်း ခေတ်စား လာခဲ့သည် မှာ အချိန် ကြာမြင့် နေ ပြီ ဖြစ် သော် လည်း မြန် မာ နိုင်ငံ၌ ယခု လုပ်ငန်း သည် ပထမ ဦးဆုံး လုပ်ဆောင် ခြင်း ဖြစ် သည် ဟု ယူ ဆ ကြော င်း ပြော ကြား ခဲ့သည်။ မြန်မာ သူငယ်ချင်း များ ရှာဖွေသူ ကုမ္ပဏီ အား ၂၀၁၃ စက်တင် ဘာ မှ စတင် ၍ တည်ထောင် ခဲ့ပြီး ဒီဇင်ဘာ လ ထဲ၌ စုံတွဲ တစ်တွဲအား ဘဝ လက်တွဲဖော် အဖြစ် အောင်မြင် စွာ ဆောင် ရွက် နိုင်ခဲ့သည် ဟု ဆိုသည်။

လက်ရှိအချိန် အထိ လာရောက် လျှောက်ထား သူများ ထဲတွင် လူတန်းစား အလွှာစုံ အလုပ် အကိုင် မျိုးစုံမှ လာရောက် လျှောက်ထား မှု ရှိသည် ဟု ဆို သည်။ “သင်္ဘော သား၊ ဆရာဝန်၊ အင်ဂျင်နီယာ က စပြီး အစိုးရ ဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်း မျိုးစုံ လျှောက်ထား ကြ ပါတယ်” ဟု ပြောကြား ခဲ့သည်။ လျှောက်ထား သူများ အနက် အမျိုးသား များ သည် အသက် ၃၀ နှစ် ဝန်းကျင် မှ အသက် ၅၀ အထိ လာရောက် လျှောက်ထား မှု များပြား ခဲ့ပြီး အမျိုးသမီး များ သည် အသက် ၂၇ နှစ် ဝန်းကျင် မှ အသက် ၄၀ ခန့် အထိ လျှောက်ထား ကြသည် ဟု ဆိုသည်။ မြန်မာ နိုင်ငံ ၏ ယဉ်ကျေးမှု ဓလေ့ စရိုက် အရ လျှောက်ထား လိုသူ သည် မိဘ အုပ်ထိန်းသူ ၏ ခွင့်ပြုချက် အပြင် ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ၊ ကိုယ်ရေး အချက် အလက် ပြည့်စုံ မှသာ လက်ခံ သည်ဟု ဆိုသည်။ လျှောက်ထား သူသည် မိမိ နှင့် အိမ်ထောင် ဖက် ဖြစ်မည့် သူ တစ်ဦး၏ ရှိသင့် သည့် အရည် အချင်း အား ရေးသား ပေးရမည် ဖြစ်ပြီး နှစ်ဦး နှစ်ဖက် အချက် အလက် တိုက်ဆိုင် ပါက ကုမ္ပဏီ မှ ကြိုတင် အသိပေး မည်ဟု သိရ သည်။

“ကိုယ်မျှော်မှန်း တဲ့ ဘဝ လက်တွဲဖော် တွေ့ပြီ ဆို ကုမ္ပဏီ က လှမ်းခေါ် ပါတယ်။ အကဲခတ် ချင်တယ် ဆိုရင် ကုမ္ပဏီ တာဝန် ရှိသူ တွေက တွေ့တယ်၊ သဘော တူ ညီမှု ရမှ နှစ်ဖက် မိဘတွေ ရှေ့မှာ မင်္ဂလာ ကိစ္စ ဖြစ်ပါ တယ်” ဟု ပြောကြား ခဲ့သည်။ လျှောက်ထား လို သူများ ၌ အိမ်ထောင် မရှိသူ သာမက၊ အိမ်ထောင် ကွာရှင်း ဖူးသူ၊ အိမ်ထောင် ဖက် ဆုံးပါး သွားသူ များလည်း လျှောက်ထား နိုင်သည် ဟု ဆိုသည်။ မိမိ၏ အိမ်ထောင်ဖက် ၌ ရှိသင့် သည့် အရည် အ ချင်း ရေးသား ဖြည့်သွင်း ရာတွင် မိမိ လက်ခံ နိုင်မည့် မိသားစု အရေ အတွက်မှ စ၍ အရပ်ပေ မည်မျှ ရှိရမည်၊ အသက် အရွယ် မည်မျှ မှ စ၍ မည်သည့် အရွယ် အထိ၊ ပညာ အရည်အချင်း စသည် တို့ကို ရေးသွင်း ရမည်ဟု ဆိုသည်။

ဝန်ဆောင်ခ အတွက် အိမ်ထောင် ဖက် နှင့် အကြို တွေ့ဆုံ ရန် ကျပ် ၅၀၀၀၀ ပဏာမ ယူ အပြီး နှစ် ဦး နှစ်ဖက် သဘော ကျ နှစ်ခြိုက် သူများ နှင့် တွေ့ဆုံ လျှင် မင်္ဂလာ ဆောင်သည် အထိ အိမ်ထောင် ဖက် ၏ အရည် အချင်းပေါ် မူတည် ကာ ကျပ် ၃ သိန်း မှ ၃ သိန်းကျော် အထိ ယူသည် ဟု ဆိုသည်။ “ကိုယ် လို ချင် တဲ့ အိမ်ထောင်ဖက် က ဆရာဝန် မ ဆိုရင် အခက်အခဲ ရှိနိုင်တဲ့ အတွက် ဝန်ဆောင် ခ ပိုယူ တာပါ။ အဲ ဒီ ပတ်ဝန်းကျင် ထက် အများ ကြီး ပိုမကုန်ကျ ပါဘူး” ဟု ပြောကြား ခဲ့သည်။ လျှောက်ထား သူ ၏ ကိုယ်ေ ရး အ ချက်အလက် အား မပေါက်ကြား စေရန် အတွက် ကုမ္ပဏီ က တာဝန်ယူ သည်ဟု ဆိုသည်။ လက် ရှိ လျှောက်ထား သူများ ထဲတွင် အသက် ၂၀ ဝန်းကျင် အမျိုး သမီး၊ အမျိုးသား များ မရှိ သလောက် နည်း ပါး ပြီး အသက် ၂၅ နှစ် ဝန်းကျင် ရှိသူ များမှ စတင် လျှောက်ထား ကြသည် ဟု ပြောပြ သည်။

News Watch Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်