Pages

Friday, January 17, 2014

အာဆီယံ စီးပွားရေး အသိုက် အဝန်း အရေး နိုင်ငံခြားရေး ဝန်ကြီးများ ဦးတည် ဆွေးနွေးမည်

မြန်မာ နိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် အာဆီယံ စီးပွားရေး အသိုက် အဝန်း အရေး နှင့် ဘရူနိုင်း နိုင်ငံက အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူ စဉ် မပြီးပြတ် ခဲ့သည့် လုပ်ငန်းများ ကို ဦးတည် ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံခြား ရေး ဝန်ကြီး ဦးဝဏ္ဏ မောင် လွင် က ပြောကြားသည်။ ဘရူနိုင်း နိုင်ငံ ဘန်တာ ဆီရီ ဘီဂါဝန် ကြေညာချက် နှင့် အညီ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက် အမြုံ ကို အကောင် အထည် ဖော်မည့် အပြင် အာဆီယံ ဒေသတွင်း အရေးများ၊ အာဆီ ယံ နှင့် နိုင်ငံ တကာ ဆက်ဆံ ရေး များကို လည်း ဆက်လက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း အစည်း အဝေး အကြို သတင်းစာ ရှင်းလင်း ပွဲတွင် ၎င်းက ပြောဆို သည်။ “အာဆီယံ နိုင်ငံခြား ရေး ဝန်ကြီးများ အ စည်း အဝေး တွင် ဒေသ တွင်း သာမက ကမ္ဘာ့ နိုင်ငံရေး လုံခြုံရေး ကိစ္စတွေ ကိုပါ ဆုံးဖြတ် ကြတာ။ ဒီမှာ သဘော မတူရင် နောက်ထပ် လာမယ့် အစည်း အဝေးမှာ ဆက် ဆုံးဖြတ် မယ်” ဟု ဦးဝဏ္ဏ မောင်လွင် က ပြောဆို သည်။

အာဆီယံ ဥက္ကဋ္ဌ အဖြစ် မြန်မာ အစိုးရ တာဝန် ယူစဉ် ကာလ အတွင်း အာဆီယံ စီးပွားရေး အသိုက် အဝန်း တွင် အဖွဲ့ဝင် အချင်းချင်း စည်းရုံး မှု မြင့်တင် ခြင်း၊ ဖွံ့ဖြိုးမှု ကွာဟချက် များ လျော့ချ ခြင်း၊ သဘာဝ ဘေး အန္တရာယ် လျှော့ချရေး တို့ကို အထူး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၂၀၁၅ ခုနှစ် အလွန် အာဆီယံ မျှော်မှန်း ချက်များ ကို တစ်ပေါင်း တစ်စု တည်း စုစည်း ရန်၊ အသေးစား၊ အလတ်စား လုပ်ငန်းများ ကို အာဆီယံ နိုင်ငံ များ ဖွံ့ဖြိုးရေး အတွက် တွန်းအား အနေနှင့် အသုံးချ သွားမည် ဖြစ်ကြောင်း ဦးဝဏ္ဏ မောင်လွင် က ပြောဆို သည်။ တောင် တရုတ် ပင်လယ် အငြင်း ပွားမှု၊ ဒေသ တွင်း အရေး၊ ရွှေ့ပြောင်း လုပ်သား များ အရေးများ ကို အာဆီယံ နိုင်ငံခြား ရေး ဝန်ကြီး များ သီးသန့် အစည်းအဝေး တွင် ဆွေးနွေး သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ် က ပြောကြား သည်။

အာဆီယံ အထွေထွေ အတွင်း ရေးမှူး ချုပ် လီလောင်မင်း က လည်း အစည်း အဝေး အကြို ဇန်နဝါရီ လ ၁၂ ရက် မှ ၁၄ ရက်နေ့ အထိ မြန်မာ နိုင်ငံ သို့ လာရောက် ခဲ့ပြီး မြန်မာ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြား ရေး ဝန်ကြီး တို့နှင့် တွေ့ဆုံ ခဲ့သည်။ သူ၏ ခရီးစဉ်အတွင်း မြန်မာ အာဆီယံ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် စဉ် အတွင်း ဖော်ဆောင် မည့် ကဏ္ဍများ ကို ဆွေးနွေး ခဲ့ပြီး အာဆီယံ တစ်ခု တည်း သော အသိုက် အဝန်း ဖော်ဆောင် ရေး မှာ ၂၀၁၄ ဥက္ကဋ္ဌ အတွက် များ စွာ အရေးပါ ကြောင်း အာဆီယံ အထွေထွေ အတွင်း ရေးမှူးချုပ် ရုံး ၏ ထုတ်ပြန် ချက် တွင် ဖော်ပြ ထားသည်။ သို့သော် တောင် တရုတ် ပင်လယ် ကိစ္စ ကို အာဆီယံ အစည်း အဝေးများ တွင် ဆွေးနွေး ရေး ကိုမူ ယင်း ထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည် ကို မတွေ့ရှိရပေ။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်