Pages

Friday, January 17, 2014

ကုလသမဂ္ဂ တပ်ဖွဲ့ ၏ မောင်းသူမဲ့ လေယာဉ် ပျက်ကျ

 
 
ဒီမိုကရက် တစ် ကွန်ဂို သမ္မတ နိုင်ငံ၌ ကုသ လမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် များက စစ် ထောက်လှမ်းရေး လုပ်ငန်း အတွက် အသုံးပြု နေသော မောင်းသူမဲ့ လေယာဉ် တစ်စင်း ပျက်ကျ မှု ဇန်နဝါရီ ၁၅ ရက် က ဖြစ်ပွား ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။ ဒီမို ကရက် တစ် ကွန်ဂို သမ္မတ နိုင်ငံ အရှေ့ ပိုင်း ဂိုမာ မြို့အနီးတွင် မောင်းသူမဲ့ လေယာဉ် တစ်စင်း ပျက်ကျမှု ဖြစ်ပွားကြောင်း၊ မောင်းသူမဲ့ လေယာဉ် ကို လွှတ် တင် အပြီး မကြာမီ တွင် ပျက်ကျ ခဲ့ခြင်း ဖြစ်ပြီး တစ်ဦး တစ်ယောက်မျှ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိ ကြောင်း အမည် မဖော်သူ တာဝန် ရှိသူ က ပြောကြား သည်။ ကုလ သမဂ္ဂ ငြိမ်းချမ်း ရေး ထိန်းသိမ်း မှု တပ်ဖွဲ့က အသုံးပြု နေသော မောင်း သူမဲ့ လေယာဉ် များမှာ ဖယ်လ်ကို အမျိုးအစား ဖြစ်ပြီး အီတလီ ကာ ကွယ် ရေး နည်းပညာ အုပ်စု ဖြစ်ေ သာ ပင်မက် ကာနီကာ အုပ်စု အောက်ရှိ ဆဲလက်စ် အီးအက်စ် ကုမ္ပဏီ က ထုတ်လုပ် ကြောင်း သတင်း တွင် ဖော်ပြ သည်။

ပီတီအိုင်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်