Pages

Friday, January 17, 2014

နိုင်ငံတကာ အဆင့်မီ မန်း မြန်မာ ၂၅ ထပ် ကွန်ဒိုမီနီယံ ဖွင့်

မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် မြန်မာ - မန္တလေး ကုမ္ပဏီ လီမိတက် တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက် ခဲ့သည့် မန်း မြန်မာ ၂၅ ထပ် ကွန်ဒိုမီနီယံ ဖွင့်ပွဲ အခမ်း အနား ကို ဇန်နဝါရီ လ ၁၆ ရက် နေ့ နံနက် ၉ နာရီ က ချမ်းအေး သာစံ မြို့နယ် ၈၄ လမ်း နှင့် ၂၈ လမ်း ထောင့် အဆင့် မြင့် ဈေးချိုတော် ဧရိယာ ရှိ မန်း မြန်မာ ၂၅ ထပ် ကွန်ဒို မီနီယံ အဆောက် အအုံ တည်ရှိရာ မန်းမြန်မာ ပလာဇာ အပေါ်ထပ် ငါးလွှာ ၌ ကျင်းပ ခဲ့သည်။

ထိုနေ့ တွင် ဖွင့်လှစ် သည့် နိုင်ငံတကာ အဆင့်မီ မန်း မြန်မာ ၂၅ ထပ် ကွန်ဒိုမီနီယံ သည် မန္တလေး မြို့၏ အချက်အချာ ကျသော စီးပွားရေး ဇုန် တွင် တည်ရှိ ကာ Tower (A) တွင် ၇၂ ခန်း၊ Tower (B) တွင် ၇၂ ခန်း စုစု ပေါင်း ၁၄၄ ခန်း ပါဝင် ပြီး ကွန်ဒို တွင် နေထိုင် သူများ အတွက် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး၊ သောက်သုံး ရေ ပြတ်လပ် မှု မရှိစေရေး တို့အတွက် ဝန်ဆောင် မှု ပြီးပြည့် စုံစွာ ဖြင့် အကောင်း ဆုံး အစီအစဉ် ထား ရှိပြီး ကွန်ဒို တစ်ခန်း လျှင် စတုရန်းပေ ၂ဝဝဝ ကျယ်ဝန်း ကာ ဈေးချို ခြောက်ထပ် ခေါင်မိုးပေါ် အထိ မော်တော် ယာဉ်များ တက်ဆင်း ရန် လမ်း ပါဝင် ခြင်း၊ ကား အစီး ၃ဝဝ အလုံ အလောက် ရပ်နား ထားနိုင် သော ကားပါကင် ပါရှိခြင်း၊ ဓာတ်လှေကား ရှစ်စင်း ပါဝင် ကာ အမြင့် ပေ ၃ဝဝ ရှိပြီး မြန်မာ နိုင်ငံ တွင် ပထမဆုံး တည်ဆောက် ပြီးစီး ခဲ့သည့် အမြင့် ဆုံး အဆောက် အအုံ ဖြစ်ကြောင်း နှင့် အဆင့်မြင့် လုံခြုံရေး စနစ်များ၊ မီးဘေး ကာကွယ် ရေး စနစ် များ ပါဝင် ကာ နိုင်ငံ တကာ နှင့် ဆက်သွယ် နိုင်သည့် WiFi, Internet များ လည်း တပ်ဆင် ပေးထားပြီး ငလျင် ဒဏ် ရစ်ခ်ျတာ စကေး ၈ ဒသမ ၅ အထိ ခံနိုင်ရည် ရှိအောင် တည်ဆောက် ထားခြင်း ဖြစ်ပါ ကြောင်း သိရ သည်။

မြန်မာ့အလင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်