Pages

Friday, January 17, 2014

မြန်မာ နိုင်ငံသားများ အတွက် သုံးနှစ် သက်တမ်း ရှိ အကြိမ်ကြိမ် ဝင်ထွက် သွားလာ နိုင်သော ဗီဇာ ဂျပန် အစိုးရ စတင် ထုတ်ပေး

ဂျပန် အစိုးရက မြန်မာ နိုင်ငံသားများ အတွက် သုံးနှစ် သက်တမ်း ရှိ ဂျပန် နိုင်ငံ သို့ အကြိမ်ကြိမ် ဝင်ထွက် သွားလာ နိုင်သော ပြည်ဝင် ခွင့် ဗီဇာ (multiple - entry visa) ကို စတင် ထုတ်ပေး သွားမည် ဖြစ်ကြောင်း ဂျပန် နိုင်ငံ နိုင်ငံခြား ရေး ဝန်ကြီး ဌာန က ဇန်နဝါရီ လ ၁၅ ရက်နေ့ တွင် သတင်း ထုတ်ပြန် လိုက် သည်။ အဆိုပါ သုံးနှစ် သက်တမ်း ရှိ ပြည်ဝင် ခွင့် ဗီဇာ ကို ဂျပန် - မြန်မာ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်း အမှတ် အ ဖြစ် နှစ် နိုင်ငံ ကုန်သွယ်မှု များ နှင့် ဖလှယ်မှု များ ပိုမို ပြုလုပ် လာနိုင် စေရန်နှင့် ဂျပန် - မြန်မာ ခရီးသွား လုပ်ငန်း ပိုမို အားကောင်း လာ စေရန် အတွက် ရည်ရွယ် ကြောင်း ယင်း ထုတ်ပြန် ချက် တွင် ဖော်ပြ ထားသည်။

ဂျပန် နိုင်ငံ သို့ သွားရောက် လည်ပတ် လို သည့် မြန်မာ နိုင်ငံ သားများ အနေ နှင့် ယခင်က သတ်မှတ် ထားသော ခရီးစဉ် တစ်ခု အတွက် ပေးဆောင် ရမည့် ဗီဇာကြေး အမေရိကန် ဒေါ်လာ ၅၀ ကို ပေးဆောင် ရုံ ဖြင့် သုံးနှစ် သက်တမ်း ရှိ အကြိမ်ကြိမ် ဝင်ထွက် သွားလာ နိုင်သော ပြည်ဝင် ခွင့် ဗီဇာ ကို ရရှိမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန် သံရုံး မှ တာဝန်ရှိ သူ တစ်ဦး က ရှင်းပြ သည်။ အဆိုပါ ဗီဇာ ဖြင့် သုံးနှစ် သက်တမ်း အတွင်း တစ်ကြိမ် လျှင် ၁၅ ရက်ကြာ ဂျပန် နိုင်ငံ တွင် သွား ရောက် နေထိုင် နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆို သည်။

ဂျပန် နိုင်ငံ သည် မြန်မာ နိုင်ငံ နှင့် ၁၉၅၄ ခုနှစ် ကပင် သံတမန် ဆက်ဆံရေး စတင် ခဲ့ပြီး ယခု ဘဏ္ဍာနှစ် တွင် မြန်မာ နိုင်ငံ၏ ၁၁ ခု မြောက် ကုန်သွယ် ဘက် နိုင်ငံ ဖြစ်လာ သည်။ ဂျပန်အစိုးရ သည် မြန်မာ နိုင်ငံ ဖွံ့ဖြိုးရေး နှင့် အသွင် ကူးပြောင်း ရေး လုပ်ငန်းစဉ် များ ကို အထောက် အပံ့ ဖြစ်စေရန် အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများ သို့ ပေးအပ် သည့် အတိုး နှုန်း သက်သာ သော ဖွံ့ဖြိုးရေး ချေးငွေ များ၊ အထောက် အပံ့များ၊ နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ် ပေးလျက် ရှိသည်။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်