Pages

Friday, January 17, 2014

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင် မှ ခွင့်ပြု ပေးသည့် လုပ်ငန်း များမှ နိုင်ငံသား များ အတွက် အလုပ် အကိုင် အခွင့် အလမ်း များ ပေါ်ပေါက် ခဲ့

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေ ဖြင့် နိုင်ငံခြား၊ မြန်မာ နိုင်ငံသား ရင်းနှီး မြှုပ်နှံမှု များကို ဥပဒေ နှင့် အညီ စိစစ် ခွင့်ပြု ပေးလျက် ရှိရာ တွင် နိုင်ငံသား များ အလုပ် အကိုင် အခွင့် အလမ်းများ ရရှိရေး ကို ဦးစားပေး ရည်မှန်း ချက် တစ်ခု အနေဖြင့် ထည့်သွင်း ချမှတ် အကောင် အထည် ဖော်လျက် ရှိပါသည်။ ဤသို့ အကောင် အထည် ဖော် ခဲ့ရာ တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ အရ လည်းေ ကာင်း ၊ မြန်မာ နိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှု ဥပဒေ အရ လည်းကောင်း ခွင့်ပြု ပေးခဲ့ သည့် လုပ်ငန်း များမှ နှစ် အ လိုက် အောက်ပါ အတိုင်း အလုပ် အကိုင် အခွင့် အလမ်း များ ပေါ်ပေါက် စေခဲ့ ပါသည်။

(က) ၂၀၁၁ - ၂၀၁၂ ခုနှစ် တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ခွင့်ပြု လုပ်ငန်း ၁၃ ခု မှ အလုပ် အကိုင် ၇၂၇၉ နေရာ၊ မြန်မာ နိုင်ငံသား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၃၄ ခုမှ အလုပ် အကိုင် ၉၁၇၅ နေရာ၊ ပေါင်း ၁၆၄၅၄ နေရာ။
(ခ) ၂၀၁၂ - ၂၀၁၃ ခုနှစ် တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၉၄ ခုမှ အလုပ် အကိုင် ၅၆၄၅၀ နေ ရာ ၊ မြ န်မာ နိုင်ငံသား များ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၆၅ ခုမှ အလုပ် အကိုင် ၁၉၀၆၅ နေရာ၊ ပေါင်း ၇၅၅၁၅ နေ ရာ။
(ဂ) ၂၀၁၃ - ၂၀၁၄ ခုနှစ် တွင် ဒီဇင်ဘာ လ ၃၁ ရက်နေ့ အထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၇၁ ခု မှ အလုပ် အကိုင် ၅၀၇၅၁ နေရာ၊ မြန်မာ နိုင်ငံသား များ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၆၄ ခု မှ အလုပ် အကိုင် ၁၀၇၃၆ နေရာ၊ ပေါင်း ၆၁၄၈၇ နေရာ။

မြန်မာ နိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် အနေ ဖြင့် အထက်ပါ ကာလ (၃) နှစ် အတွင်း နိုင်ငံသား များ အတွက် စုစုပေါင်း အလုပ် အကိုင် အခွင့် အလမ်း ၁၅၃၄၅၆ နေရာ ဖန်တီး ပေးနိုင် ခဲ့ ကြောင်း နှင့် ဆက်လက် ၍ လည်း လုပ်သား အင်အား အများ အပြား အသုံးပြု ရသည့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း များ ပိုမို ဝင်ရောက် လာစေ ရေး မြှင့်တင် ဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်