Pages

Friday, January 17, 2014

နိုင်ငံရေး ပဋိပက္ခ ကြောင့် ထိုင်း နှင့် မြန်မာ ဗီဇာ ကင်းလွတ်ခွင့် ရွှေ့ဆိုင်း

ထိုင်း နိုင်ငံတွင် ဖြစ်ပွား နေသည့် နိုင်ငံရေး မတည်ငြိမ် မှုကြောင့် ထိုင်းနှင့် မြန်မာ နှစ် နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့် အစီအစဉ် ကို ရွှေ့ဆိုင်း ထားကြောင်း မြန်မာ နိုင်ငံခြား ရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် က ပြောကြား သည်။ ပုဂံ တွင် ကျင်းပ သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ အစည်း အဝေး အကြို မီဒီယာ များ နှင့် တွေ့ဆုံ စဉ် ၎င်းက ထိုသို့ ပြောဆိုခြင်း ဖြစ်ပြီး မည်သည့် အချိန်ထိ ရွှေ့ဆိုင်း ထားသည် ကိုမူ ပြောဆိုခြင်း မရှိပေ။ ဗီဇာ ကင်းလွတ် ခွင့် အစီအစဉ် ကို စတင် ရန် အဆင်သင့် ဖြစ်ပြီး ဟု ထိုင်း နိုင်ငံ အစိုးရ ကို အသိပေး ထားသော်လည်း နိုင်ငံ ရေး မတည်ငြိမ် မှုများ ကြောင့် ထိုင်းနိုင်ငံ အစိုးရ က တစ်စုံ တစ်ရာ ပြန်လည် အကြောင်း ပြန်ခြင်း မရှိသေး ကြောင်း ဦးဝဏ္ဏ မောင်လွင် က ဆိုသည်။ “လက်ရှိ ဖြစ်ပေါ် နေတဲ့ အခြေ အနေ ကြောင့် အစိုးရ ပိုင်းမှာ ဆက်လက် ညှိနှိုင်း နေတယ်။ အပြု သဘော ဆောင်တဲ့ ရလဒ် ရဖို့ မျှော်လင့် တယ်” ဟု ၎င်းက ဆိုသည်။

ထိုင်း အစိုးရ ကို ဆန့်ကျင် ဆန္ဒပြပြီး အစိုးရ ရုံးများကို ပိတ်ဆို့ ရန် ကြိုးပမ်း နေသော အတိုက်အခံ တို့ကြောင့် ထိုင်း အစိုးရ မှာ ဗီဇာ ကင်းလွတ်ခွင့် ကိစ္စ ကို လက်မှတ် ထိုးရန် ကြန့်ကြာ နေခြင်း ဖြစ်ပြီး စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေး အရပါ ကူးလူး ဆက်သွယ်မှု အများဆုံး ဖြစ်သော ထိုင်း နှင့် မြန်မာ နှစ် နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့် ရပါက နှစ် နိုင်ငံ ဆက်ဆံရေး တွင် ကြီးမား သော အကျိုး သက်ရောက် မှုများ ဖြစ်လာ နိုင်သည်။ ဗီဇာ ကင်းလွတ်ခွင့် ဖြင့် သွားလာ နိုင် ရန် အာဆီယံ ဒေသ တွင်း နိုင်ငံ များနှင့် သဘော တူညီမှု ရရှိ ထားသော် လည်း လက်ရှိ တွင် ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည် တို့နှင့် သာ သွားလာ ခွင့် ရရှိ ထားကြောင်း သိရသည်။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်