Pages

Friday, January 17, 2014

ပို့ဆောင် ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆပ် ကော်မတီ (Delivery Unit) သို့ မေးမြန်း အကြံပြု ချက်များ အပေါ် သက်ဆိုင်ရာ ဌာန များ ၏ ဆောင်ရွက် ချက်များ အား ထုတ်ပြန် ကြေညာ ခြင်း

ရန်ကုန် - မန္တလေး အမြန် လမ်းမ ပေါ်တွင် တိုးဂိတ်များ ရှိ ကတ္တားများ သည် ဂိတ်တစ်ခု နှင့် တစ်ခု တူညီမှု မရှိပါ သဖြင့် ကတ္တား ချိန်တွယ် ရာတွင် တစ်ဂိတ် တစ်မျိုး ဖြစ်နေ ကြောင်း၊ ယာဉ်များ သွားလာရာ ၌ ဒဏ်ကြေး ပေးဆောင် ရမှုများ ရှိနေ ပါသဖြင့် ဂိတ် အသီးသီး ရှိ ကတ္တားလမ်း ကို မှန်ကန် မှု ရှိစေရေး ဆောင်ရွက် ပေးပါရန် တင်ပြ ချက်နှင့် ပတ်သက် ၍ ရန်ကုန် - မန္တလေး (အမြန် လမ်း) လမ်းမကြီး ပေါ်ရှိ တိုးဂိတ် ကြီးများ တွင် တပ်ဆင် ထား သော ကတ္တားများ သည် အကျယ် ၁၂ ပေ၊ အလျား ၅၇ ပေ ရှည် ၍ တန်ချိန် ၁၀၀ အထိ ချိန်တွယ် နိုင်သော ကတ္တားကြီး များ ဖြစ်ကြောင်း၊ အမြန် လမ်း တွင် ကုန်တင် ယာဉ်များ ဖြတ်သန်း မောင်းနှင် ခွင့် မပြုဘဲ ကတ္တား ချိန်တွယ် ရသော ယာဉ်များ သည်လည်း ဆောက်လုပ် ရေး ဝန်ကြီး ဌာန မှ သီးခြား ခွင့် ပြု ရသည့် ဌာန ဆိုင်ရာ ယာဉ်များသာ ဖြစ်ပြီး တန်ပို ယာဉ်များ ဖြတ်သန်း ခွင့် မပြု သဖြင့် သတ်မှတ် တန်ချိန် အတိုင်း တင်ဆောင် ဖြတ်သန်း စေ လျက် ရှိကြောင်း၊ ကတ္တား ချိန်တွယ် သည့် ယာဉ်များ ကိုလည်း ခရီး အစ တိုးဂိတ် တွင်သာ တစ်ကြိမ် ချိန်တွယ် ပြီး လမ်း ခရီးဂိတ် များ သည် ခရီးအစ တွင် ချိန်တွယ် သော ဖြတ်ပိုင်း အတိုင်း စေလွှတ် ပေးလျက် ရှိပါကြောင်းနှင့် လက်ရှိ ကတ္တား များ သည် ကောင်းမွန် လျက် ရှိပါ ကြောင်း ဖြေကြား အပ်ပါ သည်။

ပို့ဆောင် ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆပ် ကော်မတီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်