Pages

Tuesday, January 14, 2014

တိမ်ကော နေသည့် ရေနုတ်မြောင်း အား မူလ အတိုင်း ရေစီးဆင်း မှု ကောင်းမွန် စေရန် အတွက် ပြန်လည် တူးဖော်ခြင်း လုပ်ငန်း ကို စတင် ဆောင်ရွက် လျက်ရှိရာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ လကုန် တွင် ပြီးစီးမည်

၂ဝ၁၃ ခုနှစ် မိုးရာသီ တွင် လက်တံ (၃) နှင့် လက်တံ (၄) အကြား ပင်မမြောင်း အတွင်း သဲနုန်းများ ဝင်ရောက် ခဲ့ရာ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ လကုန် တွင် ရှင်းလင်း ဖယ်ရှားခြင်း လုပ်ငန်း အား ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပင်မ မြောင်း အတွင်း သဲနုန်း ဝင်ရောက် မှု ထပ်မံ မဖြစ်ပေါ် စေရန် အတွက် မူလ စီမံကိန်း တည်ဆောက် စဉ်က တူးဖော် ထားသော တိမ်ကော နေသည့် အလျား ပေ ၁၈၅ဝ ရှိ ရေနုတ်မြောင်း အား မူလ အတိုင်း ရေစီးဆင်း မှု ကောင်းမွန် စေရန် အတွက် ပြန်လည် တူးဖော်ခြင်း လုပ်ငန်း ကို စတင် ဆောင်ရွက် လျက် ရှိရာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ လကုန် တွင် ပြီးစီး မည် ဖြစ်ပါကြောင်း ဖြင့် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးခင်ဇော် က မကွေး တိုင်း ဒေသကြီး မဲ ဆန္ဒ နယ် အမှတ် (၅) မှ ဦးကျော်သူဦး ၏ ''မင်းဘူး (စကု) မြို့နယ်၊ ကမ်းနီ လျှပ်စစ် မြစ်ရေတင် စီမံကိန်း ရှိ ပင်မမြောင်း သဲနုန်းများ တင်နေမှု အား ပြန်လည် တူးဖော် ပေးနိုင်ခြင်း ရှိ / မရှိ'' မေးခွန်း နှင့် စပ်လျဉ်း ၍ ရှင်းလင်း ဖြေကြား ခဲ့သည်။

ဆက်လက် ၍  ဒုတိယ ဝန်ကြီးက ကမ်းနီ လျှပ်စစ် မြစ်ရေ တင် လုပ်ငန်း ရေသောက် ဧရိယာ ရှိ မြေသဘာဝ သည် သဲဆန်သော မြေ ဖြစ်ခြင်း နှင့် ပင်မ မြောင်းနှင့် အပြိုင် တူးဖော် ထားသည့် ရေနုတ်မြောင်း မှာ တိမ်ကော လာခြင်း ကြောင့် မိုးသည်း ထန်စွာ ရွာသွန်း သည့် အချိန် တွင် ရေနုတ် ယူနိုင်မှု မရှိဘဲ ပင်မမြောင်း အတွင်း သို့ ရေပို ရေလျှံများ ဝင်ရောက် ၍ သဲနုန်းများ ပို့ချခြင်း နှစ်စဉ် ဖြစ်ပေါ်ခဲ့ ပါကြောင်း။

၂ဝ၁၂ ခုနှစ် မိုးရာသီ အတွင်း မိုးသည်းထန် ၍ စမ်းကုန်းချောင်း ရေတိုက် စားမှုကြောင့် လက်တံ (၄) နှင့် လက်တံ (၅) အကြား ရှိ ရေသွယ် လျောက် အဝင် နှင့် အထွက် မြောင်း ပေါင်များ ပျက်စီး ခဲ့သဖြင့် လက်တံ (၅) မြောင်းရှိ လယ်ဧက ၁၇ဝ သို့ ရေပေးဝေ နိုင်ခြင်း မရှိကြောင်း၊ အဆို ပါ ရေသွယ် လျောက် ပျက်စီးမှု ကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေး နှစ် တွင် ပြုပြင် လျက် ရှိရာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ လကုန် တွင် ပြီးစီးမည် ဖြစ်ပါ ကြောင်း၊ ဆက်လက် ၍ လက်တံ (၅) မြောင်း ပြုပြင်ခြင်း ကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ် တွင် ဆောင်ရွက် ရန် လျာထားပြီး ဖြစ်ရာ ၂ဝ၁၄ ခုနှစ် မိုးသီးနှံ ကို စိုက်ပျိုး ရေ ပေးဝေ သွားနိုင်မည် ဖြစ်ပါကြောင်း။

ကမ်းနီ လျှပ်စစ် မြစ်ရေတင် လုပ်ငန်း တွင် ဂျာမနီ နိုင်ငံ လုပ် 160 k W, Motor နှင့် 9 Cusec, Pump (၄) စုံ တပ်ဆင် ထားရှိပြီး ရေပေး ဝေရေး ဆောင်ရွက် ခဲ့ရာ မော်တာ နှင့် ပန့်များမှာ သက်တမ်း နှစ် (၃ဝ) ရှိပြီ ဖြစ်ပါကြောင်း၊ ရန်ပုံငွေ အခက် အခဲ ကြောင့် မော်တာ နှင့် ပန့်များ အသစ် လဲလှယ် နိုင်ခြင်း မရှိသော် လည်း နှစ်စဉ် ပြင်ဆင် ထိန်းသိမ်းမှု ရန်ပုံငွေ ထည့်သွင်း လျာထား ၍ ပြင်ဆင် ဆောင်ရွက် ခဲ့ခြင်း ကြောင့် ရေပေး ဝေရန် ဆက်လက် အသုံးပြု နိုင်သော အခြေ အနေ ရှိပါကြောင်း ဖြင့် ပြန်လည် ဖြေကြား ခဲ့သည်။

ဇန်န၀ါရီ ၁၃ ရက်နေ့ အစည်း အဝေး တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က နှုတ်ခွန်းဆက် စကား ပြောကြား ရာ၌ ယခု ကျင်းပ ပြုလုပ်သည့် ပထမ အကြိမ် အမျိုးသား လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး မှ စပြီး အမျိုးသား လွှတ်တော်ရုံး တွင်  ကိုယ်စား လှယ်များ အတွက် သတင်း အချက်အလက် နှင့် ရုံးလုပ်ငန်း အကူ အဖွဲ့ကို ဖွင့်လှစ် ထားရှိ ပါကြောင်း။

ယင်းအဖွဲ့ အနေဖြင့် ကိုယ်စားလှယ် များ သိရှိလိုသော အကြောင်း အရာ အချက် အလက်များ ကို Internet မှ လည်းကောင်း၊ စာအုပ် စာတမ်းများ မှ လည်းကောင်း၊ ဘာသာရပ် ဆိုင်ရာ အစိုးရ ဌာနများ၊ အစိုးရ ဌာန မဟုတ်သော အဖွဲ့ အစည်း များမှ လည်းကောင်း ရှာဖွေ ပေးခြင်း နှင့် ကွန်ပျူ တာ စာစီခြင်း၊ ကော်ပီ ကူးခြင်း အပါ အဝင် လိုအပ်မည့် ရုံး လုပ်ငန်း ဆိုင်ရာ ကိစ္စများ ကို ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါ ကြောင်း။

ယင်းအဖွဲ့ သည် အမျိုးသား လွှတ်တော်ရုံး ဖွဲ့စည်းပုံ တွင် မပါ ရှိသော်လည်း ထုတ်နုတ် ဝန်ထမ်း အင်အား ဖြင့် ကိုယ်စားလှယ် များ အတွက် ဆောင်ရွက် ပေးသွား မည် ဖြစ် ပါကြောင်း၊ ယင်း အဖွဲ့သည် သုတေသန၊ ပြည်သူ့ ဆက်ဆံ ရေးနှင့် နိုင်ငံ တကာ ဆက်ဆံရေး ဌာန ကြီး ၏ ကွပ်ကဲ မှု အောက်တွင် ရှိပြီး အမျိုးသား လွှတ်တော် နိုင်ငံရေး၊ စီးပွားရေး နှင့် ဥပဒေ ရေးရာ ကော်မရှင် ၏ အကူအညီ ကို ရယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖြင့် ပြောကြား ခဲ့သည်။

လွှတ်တော် ဥက္ကဋ္ဌ က အမျိုးသား လွှတ်တော် က အတည်ပြုပြီး ပေးပို့ ထားသော ရှေးဦး ကလေး သူငယ် ပြုစု ပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ဥပဒေ ကြမ်း၊ အဆိပ် များ အက်ဥပဒေ ကို ပြင်ဆင် သည့် ဥပဒေ ကြမ်း နှင့် တိုင်းရင်းဆေးဝါး ဥပဒေ ကို ပြင်ဆင် သည့် ဥပဒေ ကြမ်း တို့ အား ပြည်သူ့ လွှတ်တော် က ပြင်ဆင်ချက် ဖြင့် ပြန်လည် ပေးပို့ လာခြင်း ကို လွှတ်တော် သို့ အသိပေး တင်ပြပြီး ဆွေးနွေး လို သည့် လွှတ်တော် ကိုယ် စား လှယ် များ အမည် စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာ သည်။

အစည်းအဝေး ကို နံနက် ၁၁ နာရီ ၅ မိနစ် တွင်  ရပ်နား လိုက်သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်