Pages

Tuesday, January 14, 2014

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၄)

(၁၅)

၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် နေ့  ညနေ ၃နာရီ လောက် မှာ နမ့်စန် လေတပ် စခန်းရဲ့ ပြေးလမ်း ထိပ် မှာ အသင့် ဖြစ်နေ တဲ့ တပ်မတော် (လေ)ရဲ့ Super Galeb G4 အမျိုး အစား တိုက် လေယာဉ် အုပ်စု ဟာ လက်နက် အပြည့် အစုံ နဲ့  လေထဲ ကို တဟုန် ထိုး ပျံတက် သွားပါ တယ်။

 
ဒီ တိုက် လေယာဉ် အုပ်စု ဟာ လွန် ခဲ့တဲ့ မိနစ်ပိုင်း ကပဲ ကက (ကြည်း) ရဲ့ တိုက်ပွဲဝင် အသင့် အမိန့် ကို လက်ခံ ရရှိ ခဲ့ပြီး ထပ်ဆင့် ဆိုသလို ကက (လေ) ရဲ့ စစ်ဆင်ရေး အမိန့် ကိုပါ ရရှိ ခဲ့ပါ တယ်။ လေ သူရဲ အားလုံး ဟာ မြေပုံခန်း က အထွက် မှာတော့ သူ တို့ တိုက်ခိုက် ရမယ့် ပစ်မှတ် ကို ရှင်းရှင်း လင်းလင်း သိခဲ့ပြီး ပါပြီ။ သူတို့ ဟာ ယိုးဒယား မြန်မာ နယ်စပ် အို 7 တောင်ကုန်း တစ်ဝိုက် မှာ ရှေ့ တန်း အမှတ် ၃၅၉ ခြေလျင် တပ်ရင်း နဲ့  တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွား နေတဲ့  ယိုးဒယား တင့်ကား တွေ ကို လေကြောင်း ပစ်ကူ နဲ့ ၀င်ရောက် တိုက်ခိုက် ရတော့မှာ ပါ။

ဒါဟာ ၂၀၀၁ ဖေဖော်ဝါရီ ၇ ရက် နေ့ မှာစ ခဲ့တဲ့  ယိုးဒယား မြန်မာ နယ်စပ် တင်းမာမှု အရေး ပေါက်ကွဲ သွားတာ လည်း ဖြစ်ပါတယ် ....။


အို 7 တောင်ကုန်း ဟာ တာချီလိတ် မြို့ ပုန်းထွန်ရပ် ရဲ့ အရှေ့ တောင်ဘက် ယိုးဒယား နိုင်ငံ မယ်ဆိုင် မြို့ နဲ့  ကိုက် ၂၅၀၀ အကွာ လောက် မှာ တည်ရှိ တဲ့ တောင်ကုန်း ဖြစ်ပြီး ၁၉၉၅ မှာ MTA အဖွဲ့ တွေ က တောင်ကုန်း ပေါ် ကနေ လက်နက် ကြီး နဲ့ တာချီလိတ် မြို့ ကို လှမ်းပစ် ပြီး ကတည်း က တပ်မတော် က တပ်စု တစ်စု ဟာ တောင်ကုန်း ပေါ်မှာ အမြဲတန်း တပ်စွဲ နေခဲ့ ပါတယ် ….။ အဲဒီ တပ်စု ရဲ့ ငြိမ်းချမ်း မှုဟာ တော့ ဖေဖော်ဝါရီ လ ၇ ရက် နေ့ မှာ ပျောက်ဆုံး သွားခဲ့ ရပါပြီ ……။

ခလရ ၃၅၉ က တပ်စုမှူး ဒုအရာခံ ဗိုလ် ကျော်ဌေး ဟာ ကွပ်ကဲမှု စစ်ကြောင်း ထံ ဆက်သွယ်ရေး စက်နဲ့  အခြေ အနေ အားလုံး သတင်း ပို့ နေပါ တယ်။ ယိုးဒယား နယ်ခြား စောင့် တပ်ဖွဲ့ဝင် ၂၀ လောက် ဟာ စခန်း နဲ့ ကိုက်၂၀၀ အကွာ မှာ နေရာ ယူ ထားပြီး ယိုးဒယား စစ်တပ် က ဗိုလ်ကြီး ယိုးထင် ခေါင်းဆောင် တဲ့  အင်အား ၄၀ လောက် က သူတို့ ကို စခန်း က ဆင်းသွား ဖို့ အမိန့် ပေး တဲ့ အကြောင်း ပါ ..။


တပ်စု မှူး က ငြင်းဆန် ခဲ့ ပြီး တစ်နာရီ လောက် အကြာ မှာ တော့ ယိုးဒယား တပ် ဖွဲ့ ဝင် ၁၀၀ လောက် ဟာ v 150 သံချပ်ကာ ယာဉ် ၂စီး၊ M60 တင့်ကား လေးစီး၊ ၁၂၀ မမ အမြောက် တင် သံချပ်ကာ ၂ စီး တို့ နဲ့ ဆိုက်ရောက် လာခဲ့ ပြီး တစ်ချိန် တည်း မှာပဲ တပ်မတော် ဘက် ကလည်း ခလရ ၃၅၉ က တပ်ခွဲ ၂ ဟာ ရင်ဆိုင် တပ်ဖြန့် နေရာ ယူ နေ ပါပြီ။

 
ဖေဖော်ဝါရီ လ ၈ ရက်နေ့ မှာတော့ ယိုးဒယား တပ်ဖွဲ့ ဝင် သုံးရာ ခန့် ဟာ အတွဲလိုက် ဒုံး ပစ်စင် MLRS စနစ်တင် သံချပ်ကာ ကား ၃ စီး တင့်ကား များ နဲ့ အတူ ထပ်မံ အင်အား ဖြည့်တင်း ခဲ့ပြီး တပ်မတော် ဘက် ကလည်း ခလရ ၃၅၉ က စစ်ကြောင်း၂ တစ် ကြောင်း လုံး ၀င်ရောက် နေရာ ယူခဲ့ ပါတယ် …..။

နှစ်ဖက် အပြိုင် တင်းမာ နေတဲ့ အခြေ အနေ ဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မှာတော့ နှစ်ဖက် ပစ်ခတ်မှု တွေနဲ့ အတူ ပေါက်ကွဲ သွားခဲ့ ပါပြီ။ နှစ်စဉ် ပြုလုပ် နေကျ Cobra Gold စစ်ရေး လေ့ကျင့်မှု ဟာ ဒီနှစ် ချင်းရိုင်း ဒေသမှာ ပြုလုပ် ခဲ့ တာ ဖြစ်လို့  နယ်စပ် တစ်ဝိုက် အသင့် ရှိနေတဲ့ ယိုးဒယား သံချပ်ကာ တပ်များ ဟာ တိုက်ပွဲ ဖြစ်ပွားရာ ဒေသ ကို အမြန်ဆုံး မောင်းနှင် လာနေ သလို တြိဂံ ဒေသ တိုင်း ထဲက တပ်မတော် ခြေလျင် တပ်ရင်း တွေ ဟာလဲ စစ်ကူ ချီတက် လာနေပြီ ဖြစ်ပါ တယ်။

တိုက်ပွဲ အဟုန် ကို မြင့်တက် သွားစေ တာ ကတော့ ဖေဖေ၀ါရီ ၂၁ ရက်နေ့ မှာ လွယ်တော်ခန်း စခန်း။ ဧပြီ ၂၂ ရက်နေ့ မှာ ပါချီး စခန်း၊ ၂၃ ရက် နေ့ မှာ နယ်စပ် ဘီပီ 1 စခန်း တို့ ကို ယိုးဒယား နိုင်ငံ အခြေစိုက် SURA ရွက်ဆစ် အဖွဲ့ နဲ့  ယိုးဒယား စစ်တပ် ပူးပေါင်း ပြီး ၀င်ရောက် တိုက်ခိုက် လိုက် တာပါပဲ ...။ သာလွန် အင်အား သုံးပြီး တပ်စု အဆင့် စခန်းလေး များ ကို ၀င်ရောက် တိုက်ခိုက် တဲ့ အတွက် စခန်းများ ကျဆုံး သွားချိန် မှာတော့ နှစ် နိုင်ငံ အမြောက် တပ်တွေ ဟာ နယ်စပ် ဖြတ်ကျော် ပြီး အပြင်း အထန် ပစ်ခတ် နေကြ ပါပြီ။


ဖော်ဖေ၀ါရီ လ ၁၁ ရက်နေ့ ယိုးဒယား ရဟတ်ယာဉ် တစ်စီး ပစ်ချ ခံလိုက်ရ တဲ့ နောက် မှာ ယိုးဒယား ဖက်က F5 E အမျိုး အစား , F 16 အမျိုး အစား ဂျက်တိုက် လေယာဉ် တွေကို စတင် အသုံးပြု လာပြီး တပ်မတော် ဘက် ကတော့ G 4 အမျိုး အစား Ground Attack တိုက် လေယာဉ် တွေကို သုံးစွဲ ခဲ့ ပါတယ်။ ဝေဟင် တိုက်ပွဲ တွေ မဖြစ်ပွား ခဲ့ ပေမယ်လည်း နှစ်ဖက်လုံး က လေကြောင်း တိုက်ခိုက်မှု တွေကို ပြင်းပြင်း ထန်ထန် ပြုလုပ် ခဲ့ ကြပြီး ယိုးဒယား လေတပ် ကတော့ လေကြောင်း တိုက်ခိုက်မှု အကြိမ် ၇၀ ခန့် ပြုလုပ် ခဲ့ ကြောင်း သတင်း ထုတ်ပြန် ခဲ့ ပါတယ် ……။

တိုက်ပွဲ ကာလ နောက်ပိုင်း တွေမှာ တာချီလိတ် နဲ့ မယ်ဆိုင် မြို့ များ အတွင်းကို နှစ်ဖက် အမြောက် များ အပြန် အလှန် ပစ်ခတ် ခဲ့ ကြပြီး အရပ်သား သေဆုံးမှု ဖြစ်စဉ် တွေပါ ဖြစ်ပေါ် ခဲ့ ပါတယ်။ ဖေဖော်ဝါရီ ၂၄ မှာ တော့ O7 ကုန်း ကို ၀ိုင်း တိုက်ခိုက် နေတဲ့ ယိုးဒယား တပ်တွေ ကို တန်ပြန် ထိုးစစ် ဆင်နွှဲ ခဲ့ကာ မောင်းထုတ် နိုင်ခဲ့ ပေ မယ့် ကျထိန ၊ ပါချီး ၊လွယ်တော်ခန်း ၊လွယ်မဆုတ် ၊ လွယ်ခန်းရှိုး စတဲ့ စခန်း အတော် များများ ကတော့ ဇွန်လ ထဲမှ ပဲ ပြန်လည် သိမ်း ပိုက် နိုင်ပါ တော့ တယ် ….။

ဒါဟာ တပ်မတော် အဖို့ တော့ သူအမြဲ သတိထား စောင့်ကြည့် ရမယ့် အိမ်နီးချင်း တစ်ယောက် ရှိနေတယ် ဆိုတာ သတိပေး လိုက် သလို ဖြစ်သွား ခဲ့ပြီး နောက် တစ်နှစ် မှာပဲ ယိုးဒယား လေတပ် ရဲ့ F 16 တိုက် လေယာဉ် များ ကို ယှဉ်ပြိုင် နိုင်ဖို့  MIG 29 ခေတ်မီ တိုက် လေယာဉ် နှစ်အုပ် ကို ရုရှား နိုင်ငံ က ၀ယ်ယူ ခဲ့ ပါတယ် …။ တကယ် လဲ သူထင် သလိုပဲ နယ်စပ် ပြဿနာ ဟာ မပြီးသေး ပါဘူး။ နောက်ထပ် ၁၀လ အကြာ မှာ ပန်မိုင်ဆွန် ဒေသ ခြေကုပ် စခန်းများ အားလုံး ကို ယိုးဒယား စစ်တပ် ရဲ့ ပစ်ကူ နဲ့  SURA အဖွဲ့ က ထိုးစစ်ဆင် တော့မှာ ဖြစ်သလို အခု တိုက်ပွဲစဉ် တွေ ထက် ကျယ်ပြန့် တဲ့ တိုက်ပွဲ တွေ ကိုလဲ အချိန် အတော်ကြာ ဆင်နွှဲ ရတော့မှာ ဖြစ်ပါတယ် …..။


 
(၁၆)

၂၀၀၂ ခုနှစ် မေလ ၄ ရက်နေ့ မှာ ကျိုင်းတုံ အခြေ စိုက် အမှတ် ၃ တပ်မတော် ထောက်လှမ်း ရေး တပ်ရင်း တပ်ရင်းမှူး ဟာ အမှတ် ၂၂ တပ်မတော် ထောက်လှမ်း ရေး တပ် (ကျိုင်းတုံ) နဲ့ အမှတ် ၂၄ တပ်မတော် ထောက်လှမ်းရေး တပ် (တာချီလိတ်) တို့ က ချက်ချင်း ပေး ပို့ လိုက် တဲ့ ထိပ်တန်း လျှို့ ဝှက် ကြေးနန်းစာ ၂စောင် ကို အလျင် အမြန် ဖတ်ရှု နေပါ တယ် ..။

ဒီ ကြေးနန်း မှာ ဖော်ပြ ထားတဲ့ သတင်း တွေ ဟာ မကြာမီ နာရီပိုင်း အတွင်းမှာပဲ ရန်ကုန်မြို့ မှာ ရှိတဲ့ တပ်မတော် ထောက်လှမ်း ရေး ဌာနချုပ် ရုံး ပြည်တွင်း ထောက်လှမ်း ရေး ဌာန တိုက်ပွဲ ထောက်လှမ်း ရေး ဌာနခွဲ နဲ့ ပြည်ပ ထောက်လှမ်း ရေး ဌာန နိုင်ငံခြား ထောက်လှမ်း ရေး ဌာနခွဲ တို့ ကို အထူး ဆက်သား နဲ့ ပေးပို့ ခြင်း ခံရတော့ မှာ လည်း ဖြစ်ပါ တယ် ….။

၂၀၀၂ ခုနှစ် ဧပြီ လကုန်ပိုင်း မှာ ယိုးဒယား နိုင်ငံ ဟာမြန်မာ နိုင်ငံ နဲ့ နယ်နိမိတ် ထိစပ် နေတဲ့  အမှတ် ၃ တပ်တော် မှာ SURASI 143 လို့ အမည် ပေးထား တဲ့  စစ်ရေး လေ့ကျင့်မှု တစ်ရပ် ကို  ပြုလုပ် သွားမယ် လို့ ရုတ်တရက် ကြေငြာ ခဲ့ ပါတယ် …။ အဲဒီ စစ်ရေး လေ့ကျင့်မှု ဟာ  ယိုးဒယား ဘတ်ငွေ သန်း ၂၀၀ကျော် ကုန်ကျပြီး စစ်သည် အင်အား ၂၀၀၀၀ ကျော်နဲ့ သံချပ်ကာ ကား တင့်ကား အမြောက် အများ ပါဝင် မှာလဲ ဖြစ်ပါ တယ် ….။

လေ့ကျင့် မှု ပြုလုပ် မယ့် နယ်မြေ ဟာ မြန်မာ နယ်နိမိတ် နဲ့  အလွန် အမင်း နီးကပ် နေတဲ့ အပြင် ယိုးဒယား တပ် စခန်း ၂၆ ခု နဲ့  တပ်မ တော် က ရှေ့တန်း စခန်းတွေ ချင်း ထိပ်တိုက် ရင်ဆိုင် ထားတဲ့ ဒေသ လည်း ဖြစ်တာ ကြောင့် မြန်မာ နိုင်ငံခြား ရေး ၀န်ကြီး ဌာန ဟာ ချက် ချင်း ပဲ ဒီစစ်ရေး လေ့ကျင့်မှု ကို အပြင်း အထန် ကန့် ကွက် ခဲ့ ပေမယ့် ယိုးဒယား အစိုးရ ကတော့ တစ်စုံ တစ်ရာ အကြောင်းပြန် ကြားခြင်း မပြု ခဲ့ပါဘူး …..။


ရန်ကုန် မြို့ ၈ မိုင်မှာ ရှိတဲ့ တပ်မတော် ထောက်လှမ်းရေး ဌာနချုပ် ရုံး တိုက်ပွဲ ထောက်လှမ်းရေး ဌာန ခွဲ အဖို့ ကတော့ ဒီ ရက်ပိုင်း နယ်မြေခံ ထောက်လှမ်းရေး တပ် အချို့ က တင်ပြ လာတဲ့ သတင်း တွေဟာ အတော့် ကို ရှုပ်ထွေး စိုးရိမ် ဖွယ် အခြေ အနေ မှာ ရှိနေ ပါတယ် ယိုးဒ ယား နိုင်ငံ မယ်ဟောင်ဆောင် မြို့ က ထိပ်တန်း လျှို့ ဝှက် အဆင့် ရှိ သတင်းပေး တစ်ဦး ပေးပို့ လာ တဲ့ သတင်း အရ SURA တပ်မှူး များ အစည်း အဝေး ကို ဇန်န၀ါရီ လ ပထမ ပတ် အတွင်း က မယ်ဟောင်ဆောင် မြို့ မှာ ပြုလုပ် ခဲ့ ပြီး စစ်ဆင်ရေး များ တိုးမြှင့် လုပ်ဆောင်ရန် နှင့် အောင် မြင် ပါက လက်နက် မျိုးစုံ အလက် ၂၀၀၀ နှင့် ခဲယမ်း သန်း၂၀ ခန့်  ယိုးဒယား ထံမှ ရနိုင်ဖွယ် ရှိတယ် ဆိုတဲ့ အချက် နဲ့  ယိုး ဒယား တပ်မ တော် အရာရှိကြီး တစ်ဦး မှ မယ်ဆိုင်မြို့ ရှိ ဆွေမျိုး များ ထံ ဖုန်းဆက် ပြီး မယ်ဆိုင်မှ အမြန်ဆုံး ထွက်သွား ဖို့ ပြောတဲ့ အတွက် မိသားစု လိုက် အဆော တလျင် ထွက်ခွာ သွားတယ် ဆိုတဲ့ သတင်းတွေ ဟာ သူတို့ အတွက် အတော် ကို စိတ်အနှောင့် အယှက် ဖြစ်စေ ခဲ့ ပါတယ် ….။

၂၀၀၂ ခုနှစ် မေလ ၄ ရက် နေ့ ၁၄း၃၀ ချိန် မှာတော့ အမှတ် ၃၂၈ ယိုးဒယား သံချပ်ကာ တပ် က တင့်ကား ၁၀ စီး ဘီးတပ် အမြောက် ၄ လက်  အင်အား ၅၀၀ ခန့် ပါဝင် တဲ့ စစ်ယာဉ် အစီး ၅၀ ခန့် ဟာ မယ်ဖားလုံ ခရိုင်ရှိ နယ်စပ် စခန်း တွေမှာ တပ်ဖြန့် ချလာ ပြီး  ၂၀း၀၀ ချိန်မှာ တော့ စစ်သည် အင်အား ၅၀၀ ခန့် ဟာ ချိန်းတပ် အမြောက် တင် သံချပ်ကာ အစီး ၂၀ ဆယ်ဘီးယာဉ် ဖြင့် တင်လာ တဲ့ ၁၅၅ မမ ဟောင်ဝစ် ဇာ အမြောက် ၂လက် ဂျစ်ကား ၃ စီး နဲ့ အတူ မဟိန်တက် ၀န်းကျင် မှာ ၀င်ရောက် နေရာ ယူခဲ့ ပါ တယ် ...။ မေလ ၁၀ ရက်နေ့ မှာတော့ ရွက်ဆစ် ဦးစီး SURA အင်အား ၁၀၀ ခန့် ဟာ မိုးကာ အုပ် ထားတဲ့ လက်နက် ကြီး ၃ လက် နဲ့ အတူ လွယ်တိုင်းလျံ မှ မိုင်းန သို့ ရောက်ရှိ လာပြီး မေ ၁၈ ရက် နေ့ မှာ ချိန်းတောင်းမြို့ နယ် နားဝိုင် တစ်ဝိုက် မှာ သံချပ်ကာ ယာဉ် ရွေ့ ပြောင်းမှု များ အများ အပြား ရှိခဲ့ ပါတယ် ...။ မေ ၁၉ ရက် နေ့ မှာ တော့ ယိုးဒယား တပ်ဖြန့် ချထားမှု ဟာ သံချပ်ကာ ယာဉ် ၁၇၀ တင့်ကား ၉၆ စီး စစ်သည် ၂၆၀၀၀ ကျော် နဲ့ SURA အင်အား ၇၀၀ ကျော် တို့ ကို နယ်စပ် တစ်လျောက် တပ်ဖြန့်  နေရာ ယူပြီး ဖြစ်နေ ပါပြီ ….။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အနေ နဲ့ တော့ တပ်မတော် ထောက်လှမ်း ရေး က ပေးပို့ လာ တဲ့  ဒီ တပ် ရွေ့ ပြောင်း နေရာ ချထား မှု သတင်း တွေဟာ စစ်ရေး လေ့ကျင့်မှု သက်သက် လား အခြား ရည်ရွယ်ချက် တစ်စုံ တစ်ရာ ကြောင့်လား ဆိုတာ ဝေခွဲ ရ ခက်ခဲ ပေ မယ့်  ချက်ချင်း ဆိုသလို ပဲ နယ်စပ် ဒေသ ခံစစ် စခန်း များ အားလုံး ကို အသင့် ပြင်စေ ခဲ့ ပြီး အမှတ် ၆၅ ခြေလျင် တပ်ရင်း ကို နား တောင်းမူ အမှတ် ၂၂၆ ခြေလျင် တပ်ရင်းကို တာချီလိတ် နဲ့ အမှတ် ၃၀၄ ခြေမြန် တပ်ရင်း ကို ပန်မိုင်ဆွန် ဒေသ တို့ ကို အသီးသီး ချီတက် စေခဲ့ ကာ အမှတ် ၃၃ ခြေမြန် တပ်မ ကို စတင် တပ်လှန့် ခဲ့ ပါတယ် ..။ ဒါပေမယ့် အခု အချိန် ထိတော့ ဒီ လှုပ်ရှားမှု တွေရဲ့ ရည်မှန်းချက် ဟာ မှန်းဆ ရ ခက်ခဲ တဲ့ အခြေ အနေ မှာပဲ ရှိနေ ပါသေး တယ် ...။

၂၀၀၂ ခုနှစ် မေလ ၂၀ရက်နေ့ နံနက် ၉ နာရီ မှာ ရန်ကုန် မြို့ အမှတ် ၂၀ အင်းယား လမ်း တပ်မ တော် ဧည့်ဂေဟာ ထဲကို ဒုတိယ တပ်မတော် ထောက်လှမ်း ရေးမှူးချုပ် ဗိုလ်ချုပ် ကျော်ဝင်း နဲ့ ပြည်တွင်း ထောက်လှမ်းရေး ဌာန ဒုတိယ ဌာန ကြီးမှူး ဗိုလ်မှူး ကြီး စန်းပွင့် တို့ ဟာ မျက်နှာ ထား ခပ်တင်းတင်း နဲ့ ဝင်ရောက် လာပါ တယ် …...။ ခန်းမ ထဲမှာတော့ ပြည်တွင်း ပြည်ပ သတင်းစာ ဆရာ တွေနဲ့ ပြည့်နှက် နေပြီး မကြာခင် မှာပဲ ဗိုလ်ချုပ် ကျော်ဝင်း ဟာ ဒီ ကနေ့ မနက် ၄ နာရီ ၁၅ မိနစ် မှာ နယ်စပ် တစ်လျောက် မှာ ရှိနေ တဲ့ တပ်မတော် ရှေ့တန်း စခန်း အများ အပြား ကို SURA နဲ့  ယိုးဒယား စစ်တပ် ပူးပေါင်း ပြီး ၀င်ရောက် စီးနင်း တိုက်ခိုက် နေပြီ ဖြစ်ကြောင်း နဲ့ လူ လက်နက် အင်အား မမျှ ပေမယ့် တပ်မတော် စခန်းငယ် တွေဟာ အခု လက်ရှိ အချိန် အထိ အပြင်း အထန် ကာကွယ် ခုခံ နေ ကြောင်း သတင်း ထုတ်ပြန် ခဲ့ပါ တယ် …။


ဒါပေမယ့် လဲ အခြေ အနေ ဟာ တစ်ဖက် က အသာစီး ရနေခဲ့ ပါပြီ ….။ ၂၁.၅.၂၀၀၂ ရက်နေ့  နံနက် ၃ နာရီ ၃၀ ချိန်မှာ  နယ်စပ် ခံစစ် ဘီပီ - ၅ စခန်း အပါ အ၀င် ပန်မိုင်ဆွန် ၊ ပန်ကန့် ကော်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထ စခန်းများ အားလုံး နီးပါး ကျဆုံး သွား ခဲ့ပြီး အဲ ဒေသ က ရွာ တွေ အားလုံး လဲ မီးရှို့ ဖျက်ဆီး ခံခဲ့ ရ ပါတယ် …..။ ဒေသခံ တွေ လည်း အများ အပြား ထိခိုက် သေဆုံး ခဲ့ ရပြီး ပညာရေး နဲ့ ကျန်းမာရေး ၀န်ထမ်း ဆရာမ အချို့ ကိုလဲ SURA က သုံ့ ပန်း အဖြစ်  ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ ရပါတယ် ….။ ဒါဟာ ၂၀၀၁ ခုနှစ်က နာကျည်း ချက် ဒဏ်ရာ အကင်း မသေ သေး တဲ့ တပ်မတော် အစိုးရ အပေါ် သွားပြီး စနက်တံ မီးရှို့ လိုက် သလို ဖြစ်သွား စေနိုင် တဲ့ အချက် လဲ ဖြစ်ပါ တယ် ….။ အခြေ အနေ ကတော့ တပ်မတော် အစိုးရဟာ တစ်ခုခု ကို စိတ်ပိုင်း ဖြတ် လိုက်ပြီး ဖြစ်ပုံ ရပါပြီ ……။





 
နောက်ထပ် နာရီ အနည်းငယ် အတွင်း မှာတော့ အမှတ် ၃၃ ခြေမြန် တပ်မ လက်အောက် ခံ တိုက်ခိုက်ရေး တပ်ရင်း တွေ ဟာ တိုက်ပွဲ ဖြစ်ပွား ရာ နယ်မြေ အတွင်း ကို ဒေါသ တကြီး နဲ့  တဟုန်ထိုး ချီတက် လျက် ရှိသလို တြိဂံ ဒေသ တိုင်း စစ်ဌာန ချုပ် လက်အောက်ခံ တပ်ရင်း တွေ ဟာ လည်း အမြန်ဆုံး စစ်ကူ လိုက်လာ နေပါပြီ ….။ ရန်ကုန် အမှတ်၃ အမြန် လမ်းမကြီး တစ်လျောက် မှာတော့ တပ်ရွေ့ ပြောင်းမှု အများ အပြား ကို တွေ့ မြင် ရပြီး အမြောက် တပ်မ တစ်ခု ဟာ  ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တင် စစ်ယာဉ် အများ အပြား နဲ့ တလကြမ်း ချီတက် သွားတာ ကိုလဲ မြင်တွေ့ လိုက် ရမှာ ဖြစ်ပါ တယ် ….။
 

တပ်မတော် (ရေ) ရဲ့ ဒုံးပျံတင် ကော်ဗက် စစ်ရေယာဉ် ၃စီး အပါအ၀င် စစ်သင်္ဘော ၈ စီး ဟာလဲ  မြန်မာ့ ရေပိုင်နက် နယ်နိမိတ် ဆီကို မိုင် ကုန် တင် ခုတ်မောင်း နေသလို နမ့်စန် လေတပ် စခန်း က တိုက်ခိုက်ရေး လေယာဉ် အုပ်များ အားလုံး လဲ တိုက်ပွဲဝင် ရန် အသင့် အနေ အထား တပ်လှန့် အမိန့် ဝင် လာပါ တယ် ….။ ယိုးဒယား နိုင်ငံ အနေနဲ့ တော့ အခြေ အနေ ဟာ ယခင် အကြိမ် ပေါင်း များစွာ လိုပဲ နယ်စပ် ဒေသ ကန့် သတ် စစ်ပွဲ အဆင့် ကို ရည်မှန်း ရန်စ လို့ မရနိုင် လောက်တော့ ပါဘူး ...။

၂၁.၅.၂၀၀၂ ရက်နေ့ မှာ ပဲ ယိုးဒယား တီဗွီ ချာနယ် 7 ဟာ တပ်မတော် စခန်း တွေ နဲ့ ဒေသ တွင်း ၀ တပ်ဖွဲ့ စခန်း တွေ ကို SURA က ၀င်ရောက် သိမ်းပိုက် ရာမှာ မူးယစ် ဆေးဝါး အများ အပြား ဖမ်းမိ ခဲ့ တယ် လို့ ကြေငြာ ကာ စစ်ပွဲ ကို ပုံဖော် ခဲ့ ပြီး ဒီ ဖြစ်စဉ် မှာ ယိုးဒယား စစ်တပ် က လုံးဝ ပါဝင် ခဲ့ ခြင်း မရှိကြောင်း အမှတ် ၃ တပ်တော်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ၀ပ်တနာ ချိုင်း က ငြင်းဆို ခဲ့ ပါတယ် ….။ တစ် ချိန် တည်း မှာပဲ ယိုးဒယား တပ်မတော် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ က မြန်မာ နိုင်ငံ အနေနဲ့ ယိုးဒယား ကို ထိပါး လာရင် အင်အား သုံးပြီး ဖြေရှင်း မယ် လို့ တိတိ လင်းလင်း ထုတ်ပြော ခဲ့ ပါတယ် …..။

နောက်ရက် တွေမှာ တော့ နှစ် နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး တွေဟာ သံအမတ် နှစ်ဦး လုံး ကို ခေါ်ယူပြီး ပြင်းပြင်း ထန်ထန် ကန့် ကွက် သတိ ပေးခဲ့ ကြ သလို ဗန်ကောက် ပို့ စ် နေရှင်း စတဲ့ ယိုးဒယား သတင်းစာ တွေနဲ့ မြန်မာ့ အလင်း ကြေးမုံ သတင်းစာ တို့ ရဲ့ မီဒီယာ တိုက်ပွဲကြီး လည်း စတင် ပါပြီ …။ လတ်တလော ထုတ်ဝေ နေတဲ့ ယိုးဒယား သတင်းစာ များမှာ မြန်မာ မုန်းတီးရေး ဆောင်းပါး များနဲ့ ပြည့်နှက် နေသလို မြန်မာ့ သတင်းစာ များက ဖော်ပြ နေတဲ့  ဒေါက်တာ မတင်ဝင်း ရဲ့ " ဗြနရာဇ် လူမဖြစ်ပါ " ဆိုတဲ့ အခန်း ဆက် ဆောင်းပါး တွေ ဟာ ဘုရင် ကို အထွတ် အမြတ် ထား လှတဲ့ ယိုးဒယား တို့ ကိုတော့ အတော့် ကို ယမ်းပုံ မီးကျ ဖြစ်စေ ခဲ့ ပါတယ် …။ မကြာခင် ပဲ ယိုးဒယား ရဲတပ်ဖွဲ့ ဟာ ဒေါက်တာ မတင်ဝင်း ၊ မြန်မာ့ အလင်း နဲ့ ကြေးမုံ သတင်းစာ အယ်ဒီတာ တွေကို Black List စာရင်း သွင်း ကာ ပြည်ဝင်ခွင့် ပိတ်ခဲ့ ပြီး မြန်မာ နိုင်ငံ ကလဲ ဘန်ကောက် ပို့ စ် နဲ့ နေရှင်း သတင်းစာ အယ်ဒီတာ များ အပါ အ၀င် ယိုးဒယား ဆောင်းပါး ရှင် ၁၇ ဦး ကို ပြန်လည် ပြီး Black List သွင်း ကာ ပြည်ဝင် ခွင့် ပိတ်ခဲ့ ပါ တယ် ..။

၂၀၀၂ ခုနှစ် ဇွန်လ ၁ ရက်နေ့ မှာ တပ်မတော် အစိုးရ ဟာ ပြည်တွင်း ပြည်ပ သတင်း စာ ဆရာ များနဲ့  သံရုံး အသီးသီး မှ သံတမန် များ  စစ် သံမှူး များ အားလုံး ကို ဖိတ်ခေါ်ပြီး သမိုင်း တစ်လျောက် သဘောထား တင်း မာ လွန်း တဲ့ ထုတ်ပြန်ချက် တစ်ခု ကို တိတိ လင်းလင်း ထုတ်ပြန် ခဲ့ပါ တယ် …..။ ဒီ ထုတ်ပြန် ချက် ကတော့ တပ်မတော် အနေနဲ့ ကျဆုံး သွားတဲ့ ပန်မိုင်ဆွန် ဒေသ စခန်း အားလုံး တို့ ကို ပြန် လည် တိုက်ခိုက်တော့ မှာ ဖြစ်ပြီး အကယ် လို့ ယိုးဒယား တပ် တွေ အနေနဲ့  မိမိတို့ ကို ပစ်ခတ် လာမယ် ဆိုရင် ချက်ချင်း ပြန်လည် တုံ့ ပြန် ပစ်ခတ် တိုက်ခိုက် ဖို့  တပ်တွေ ကို အမိန့် ပေး လိုက်ပြီ ဖြစ်တဲ့ အကြောင်း ပါ …...။

ဒီ ထုတ်ပြန် ချက် ဟာ ယိုးဒယား အပေါ် တိတိ လင်းလင်း စိန်ခေါ် လိုက်တာ ဖြစ်သလို လိုအပ်ရင် စစ်ဖြစ် ဖို့ အသင့် ရှိတယ် ဆိုတဲ့  သ ဘော လဲ သက်ရောက် တဲ့ အတွက် သံတမန် များ ရဲ့ အာမေဋိတ် သံဟာ ခန်းမထဲ မှာ တော့ အတော်ပဲ ကျယ်လောင် သွားခဲ့ ပါတယ် ….။ ယိုးဒယား စစ်သံမှူး အနေနဲ့ တော့ သတင်းထောက် များ ၀ိုင်းဝန်း မေးမြန်းမှု တွေကို မျက်နှာ မကောင်းစွာ နဲ့ ပဲ ပြောစရာ မရှိ ကြောင်း ပြောကြား ခဲ့ ပြီး သံရုံး ကို အလျင် အမြန် ထွက်ခွာ သွားပါ တယ် ….။ သူဟာ ဒီ ရာဇသံ ကို သူ့ နိုင်ငံ အစိုးရ ဆီ အမြန်ဆုံး သတင်း ပို့ ရမှာ ဖြစ်သလို မြန်မာ လူထု ရဲ့ ဒီ ပြဿနာ အပေါ် သဘောထား ကိုလဲ ထောက်လှမ်း ရေး အစီရင် ခံစာ အများ အပြား ရရှိပြီး ဖြစ်တဲ့ အတွက် မျက်နှာ မကောင်း တာလဲ ဖြစ်နိုင် ပါတယ် ….။

ပြီးခဲ့ တဲ့  ၃ ၄ ရက် ကစလို့  ရန်ကုန် မှာ ရှိတဲ့ ယိုးဒယား သံရုံး ကို လုံခြုံရေး တိုးမြှင့် ပေးထား ရပြီး နိုင်ငံ အနှံအပြား က ယိုးဒယား ပစ္စည်း များရဲ့ ရောင်းအား ဟာလဲ ဒလဟော ထိုးကျ လို့ နေ နေ ပါပြီ ….။ မြန်မာ ပြည် အနှံ့ က အလံတွေ လွှင့်ထူ ထားလို့ ရဲရဲတောက် နေတဲ့ အိမ် တွေရဲ့ မျက်နှာ စာ ကို တိုင်းမ် မဂ္ဂဇင်း က မျက်နှာဖုံး သတင်း အဖြစ် ဖော်ပြ ခဲ့သလို ရွှေရောင် ပစ်မှတ် ရုပ်မြင် သံကြား ဇာတ်လမ်းတွဲ ရဲ့ ဇာတ်ဝင် ခန်း ထဲက " ကျွန်တော့် ကို အချိန် ၃ ရက် သာ ပေးပါ ဘန်ကောက် မြို့ ပေါ် လမ်းလျောက် ပြပါမယ် ဗိုလ်မှူး " ဆိုတဲ့  စကား ဟာ တစ်ပြည် လုံး အနှံ့ က လူငယ် တွေ တဖွဖွ ရေရွတ် လို့ နေ နေပါပြီ ...။ ဒါဟာ ယိုးဒယား အဖို့ တော့ သူတို့ မျှော်လင့် မထားတဲ့ တုန့် ပြန် မှု ဖြစ်ပြီး ဒီ နောက်ပိုင်း မှာတော့ ယိုးဒယား အနေနဲ့  ဒီလို အပြု အမှု မျိုးဟာ နောက်ထပ် လုပ်ရင် မြန်မာ နဲ့ စစ်ဖြစ် ပွား တဲ့ ထိ ဖြစ်နိုင် တယ် ဆိုတဲ့ အနေ အထား ကို သဘောပေါက် သွားပုံ လဲ ရပါတယ် ...။

၂၀၀၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ မှာပဲ တပ်မတော် ရဲ့ တန်ပြန် ထိုးစစ် ဟာ အပြင်း အထန် စတင် လာပါတယ် ..။ ရန်သူ များ နဲ့ ရင်ဆိုင် ထိန်းချုပ် ထားတဲ့ တပ်တွေ အပြင်  နည်းဗျူဟာ ၅ ခု တပ်ရင်း ၁၃ ရင်း ဟာ လက်နက်ကြီး ပစ်ကူ အမြောက် အများ နဲ့ စခန်းတွေ ကို ၀င်ရောက် လုံး ထွေး ကုန် သလို နှစ် နိုင်ငံ အမြောက် တပ်တွေ ကတော့ နယ်စပ် ဖြတ်ကျော် ပြီး မီးကုန် ယမ်းကုန် ပစ်ခတ် နေပါပြီ …။ ဒီ တိုက်ပွဲစဉ် တွေမှာ တော့ SURA နဲ့ ယိုးဒယား စစ်သည် တွေ အဖို့ အတော် သွေးပျက် ဖွယ် အခြေအနေ တစ်ခု ကိုလဲ စကြုံ လာရ ပါပြီ ….။ အဲဒါ ကတော့ တလစပ် ပစ်ခတ် နေတဲ့ ကြား က မိုက်မိုက် ကန်းကန်း လှံစွပ် တက်ထိုး တဲ့  မြန်မာ စစ်သည် တွေ နဲ့ အတူ ခေါင်းကြော မာလှ တဲ့  အသေခံ ၀ တပ်ဖွဲ့ ၀င် တွေပါ ပါဝင် လာခြင်း ပါ …...။


တာချီလိတ် နဲ့ မယ်ဆိုင် မြို့ တွင်း ကို လည်း အမြောက် ကျည်များ မကြာ ခဏ ကျရောက် နေသလို မယ်ဆိုင် မြို့ တွင်း နေရာ ယူထား တဲ့ ယိုးဒယား တင့်ကား တစ်စီး ဟာ မြန်မာ အမြောက် တပ်က ပစ်ခတ် လိုက်တဲ့  ဗုံးသီး တစ်လုံး ကို ၃၅ ပေါင် လေးတဲ့  ၁၂၀ မီလီမီတာ MA6 စိန်ပြောင်းကြီး တိုက်ရိုက် ထိမှန် သွားတဲ့ အတွက် စက္ကူစုတ် တစ်ခု လို ရှုံ့ တွ မီးလောင် သွားပြီး ယာဉ် ပေါ်ပါ စစ်သည် အားလုံး သေဆုံး သွား ပါ တယ် …။ ဒီ ထိမှန် ပေါက်ကွဲ မှုဟာ ယိုးဒယား စစ်တပ် ကို အတော် တုန်လှုပ် ခြောက်ခြား သွားစေ ခဲ့ပြီး ပဲ့ ထိန်းစနစ် တပ် ဒုံး လက်နက် တစ်မျိုး နဲ့ ပစ်ခတ် ခံရတယ် လို့  ယူဆ တဲ့ အတွက် ယိုးဒယား တင့်ကား အားလုံး ကို နောက်ဘက် ကိုက် ၄၀၀ လောက်ထိ ဆုတ်ခွာ သွား စေခဲ့ ပါတယ် …..။ မကြာမီ ရက်ပိုင်း အတွင်း မှာတော့ SURA နဲ့ ယိုးဒယား တပ်ဖွဲ့ ဝင် တွေ ဟာ စတင် ဆုတ်ခွာ လို့ နေရ ပါပြီ …...။

၂၀၀၂ ခုနှစ် ဇွန်လ လယ် ရဲ့ သာမန် ည တစ်ည မှာ ည တိုက်ပွဲဝင် ၀တ်စုံ အပြည့်နဲ့ အမှတ် ၁၇၁ စစ်ဒေသ က ၀ တပ်ဖွဲ့ ဝင် ၃၀၀ ခန့် ဟာ
တဂျိမ်းဂျိမ်း ပစ်ခတ် နေတဲ့ ယိုးဒယား အမြောက် စခန်းတွေ ရဲ့ ရှေ့ကာ တပ် စခန်းများ ဆီကို နယ်စပ် ဖြတ်ကျော် ပြီး တိတ်တိတ် ဆိတ်ဆိတ် ပဲ စိမ့်ဝင် ချီတက် သွားပါတယ် ….။ အဲဒီ ည မှာပဲ နယ်စပ်မျဉ်း က ၂ ကီလိုမီတာ အကွာ မှာ ရှိတဲ့ ယိုးဒယား ကာကင်း အတော် များများ ချေမှုန်း ခံရပြီး ယိုးဒယား နယ်ခြား စောင့် တပ် စခန်း အတော် များများ ဟာ တိုက်ခိုက် ဖျက်ဆီး မီးရှိ့ ခံခဲ့ ရပါတယ် ….။ ဒါဟာ ယိုးဒယား အမြောက် များနဲ့ မြန်မာ ခြေလျင် တပ်ဖွဲ့ များ အကြား ကြားခံ တပ် အင်အား အတော် နည်းသွား တဲ့ သဘော ဖြစ်ပြီး ယိုးဒယား အမြောက် စခန်းများ ဟာ အကြီး အကျယ် ခြိမ်းခြောက် ခံနေရပြီ ဆိုတဲ့ အဓိပ္ပါယ် လဲ ဖြစ်ပါ တယ် ….။

ဒါပေမယ့် လဲ စစ်ပွဲ ဟာ အဖြေပေါ် နေခဲ့ ပါပြီ နောက် ၂ ရက် အကြာ မှာတော့ မြန်မာပြည် ကို အင်အား သုံးမယ် ဆိုတဲ့ ယိုးဒယား စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ကြီး ဆူရာယုဒ် ချူလာနော့ ဟာ ရာထူး မှ အနားပေး ခံရပြီး နယ်စပ်မျဉ်း က ယိုးဒယား တပ်ဖွဲ့ ဝင် အမြောက်အမြား ဟာ ပြန်လည် ဆုတ်ခွာ ရပါတော့ တယ် ...။ ဒါအပြင် အသစ် တက်လာ တဲ့ ယိုးဒယား စစ် ဦးစီးချုပ် ဟာ SURA အပေါ် ထောက်ပံ့ ပေးနေမှု ကို ရပ်စဲ လိုက်တဲ့ အတွက် ယိုးဒယား နယ်မြေ ထဲမှာ အခြေစိုက် နေ ရတဲ့ SURA အဖို့ တော့ အနာဂတ် ကာလ တွေမှာ အခက် အခဲ အတော် တွေ့ ရတော့မှာ လည်း ဖြစ် ပါတယ် ..။ တပ်မတော် အနေနဲ့ ကတော့ ဒီ တိုက်ပွဲစဉ် တွေ အပြီးမှာ ပြန်လည် သိမ်းပိုက် ခဲ့တဲ့ နယ်စပ် ခံစစ် စခန်း များ ကို  စစ်ကြောင်း အဆင့် ထိုင်တဲ့ မဆုတ် တန်း ခံစစ် စခန်း တွေ အဖြစ် ပြောင်းလဲ သတ်မှတ် ခဲ့ ပြီး ဒီနေ့ အထိ အခိုင် အမာ ခံစစ် ပြင်ထားတော့ တာကို တွေ့ ရ တော့ မှာ လဲ ဖြစ်ပါ တယ် ....။

(၁၇)

၂၀၀၃ ခုနှစ် မေလ ၃၁ ရက်နေ့  နံနက် ၄း၃၀ ခန့် မှာ ပဲခူး မြို့ အ၀င် နေရာ က လုံခြုံရေး တာဝန်ကျ ရဲ တပ်ကြပ် တစ်ဦး ဟာ စိတ်ရှုပ် နားမလည် ခြင်း များစွာ နဲ့ ခေါင်းကို မသိမသာ ရမ်း လိုက်မိ ပါတယ် ..။

ဒီနေ့ တစ်ည လုံး သူ ကြုံတွေ့ နေ ရတဲ့ အမှတ် ၃ တပ်မတော် ထောက်လှမ်းရေး တပ်က တပ်ဖွဲ့ ဝင် တွေရဲ့ လုံခြုံရေး ဆောင်ရွက် နေမှု ဟာ သူ့ ရဲ့ ရဲမှုထမ်း သက် တစ်လျောက် တော့ တစ်ခါမှ မကြုံဘူး သလို အင်မတန် မှ လဲ အူကြောင်ကြောင် နိုင်လှ ပါတယ် …။ အရင် လုံခြုံရေး ဆောင်ရွက် တိုင်း သူ တွေ့ နေကျ ထောက်လှမ်းရေး သတင်း ပေး တစ်ယောက် မှ မတွေ့ ရ သလို ထောက်လှမ်းရေး တပ်မှူး ကိုယ်တိုင် လမ်းကြောင်း လုံခြုံရေး လုပ်နေ တဲ့ အဖြစ် မျိုး ဟာလဲ သူ့ တစ်သက် မှာ အင်မတန် ကြုံတောင့် ကြုံခဲ လည်း ဖြစ်ပါ တယ် …။ အရေးကြီး ခရီးစဉ် တွေဟာ ရဲ တပ်ဖွဲ့ တပ် နဲ့ ထောက်လှမ်း ရေး တို့  ပူးပေါင်း တာဝန်ယူ နေကျ မှန်း သူသိ ထား ပေမယ့် ဒီ လုံခြုံရေး အစီအစဉ် မှာ ကျန်တဲ့ သူတွေ တစ်ကောင် တစ်မြီး မှ သိပုံ မရ သလို ဆက်သွယ် ရေး စက်တွေ က အသံ အားလုံး ကလဲ ထူးထူး ဆန်းဆန်း တိတ်ဆိတ် လို့နေပါ တယ် …….။

သူနဲ့ ခင်မင် နေပြီး ကွမ်း ဒလစပ် စားလေ့ ရှိတဲ့ တပ်ကြပ်ကြီး တစ်ဦး ဆီ မယောင် မလည်နဲ့ ချဉ်းကပ် သွားပြီး ဆရာကြီး ကွမ်းလေး ကျွေးပါ ဦး လို့  သွားပြော မိတဲ့ ရလာဒ် ကတော့ မျက်နှာ ထား တင်းတင်း နဲ့ " မပါဘူး " လို့  တုံ့ ပြန် ခံလိုက် ရတာ ပါပဲ …..။ ဒီနေ့ အဖို့  သူ့ အတွက် အကောင်းဆုံး ကတော့ နောက်ထပ် ၁၅ မိနစ် အကြာမှာ တစ်နာရီ ကို ကီလိုမီတာ တစ်ရာ နီးပါးနဲ့  တလကြမ်း မောင်းသွား တဲ့ ကား အနက် ကြီး ၆ စီး မဖြတ်သန်း ခင် ထိ ထောက်လှမ်းရေး တပ်မှူး ကိုယ်တိုင် ပဲ ဖုန်းဆက် ပြီး တိုတို ပြတ်ပြတ်နဲ့  " ခပေါင်း ၃ ဖြတ် ပြီ " လို့ တစ်ခွန်း ထဲ ပြောပြီး ဖုန်းချ မသွားခင် ထိတော့ သူ့ ကင်းတဲ လေး ထဲမှာ နေနေ တာပဲ သူ့ အတွက် အကောင်းဆုံး ဖြစ်ပါလိမ့် မယ် ……။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက် ရဲ့  ညနေ မှောင်ရီ ပျိုးပြ မှာ အဓိက အတိုက် အခံ ပါတီ ခေါင်းဆောင် ရဲ့ ယာဉ်တန်း ဟာ စစ်ကိုင်း တိုင်း ရွှေဘို ခရိုင် ဒီပဲယင်း မြို့ နယ် ထဲမှာ အစိုးရ ကျောထောက် နောက်ခံ ပြုတယ် လို့ စွပ်စွဲ ခံရတဲ့ လူ အုပ်စု တစ်ခု နဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ပွား ခဲ့ ပါ တယ် …။

ဒီဖြစ်စဉ် နဲ့ ပတ်သက် လို့  ပြည်တွင်း ပြည်ပ စွပ်စွဲ ချက် တွေ အမြောက် အများ ပေါ်ထွက် ခဲ့ ပေမယ့် တပ်မတော် အစိုးရ ကတော့ အတိုက် အခံ ခေါင်းဆောင် ကို ထောက်ခံ တဲ့ လူအုပ်စု နဲ့ ကန့် ကွက် တဲ့  လူအုပ်စု နှစ်ခု ခိုက်ရန် ဖြစ်ပွား ခဲ့တယ် ဆိုတဲ့ သဘော မျိုး ပဲ ခပ် တိုတို ကြေငြာ ခဲ့ပါတယ် ….။ပြည်ပ နဲ့  အတိုက် အခံ ဘက်က ဒီပဲယင်း အစီရင်ခံစာ လို့ အမည် ရတဲ့  မှတ်တမ်း တွေ အများအပြား ထုတ်ဝေ ခဲ့ ပေမယ့် လည်း ဒီအစီရင်ခံ စာ အများစု ဟာ ဖြစ်စဉ် ကိုပဲ ပုံဖော် ပေးနိုင် ခဲ့ပြီး အဓိက အရေးကြီး တဲ့ အချက် အတော် များများ ကိုတော့ ဖော် ထုတ် နိုင်စွမ်း မရှိခဲ့ ပါဘူး ….။

ဒီ ဖြစ်စဉ်ကြီး ရဲ့ အံသြစရာ အကောင်းဆုံး အချက် ကတော့ အဓိက ကာယကံရှင် ဖြစ်တဲ့  အတိုက်အခံ ခေါင်းဆောင် ဟာ ဒီနေ့ ထက်ထိ လုံးဝ ရေငုံ နုတ်ပိတ် တစ်ခွန်း မှ ထုတ်ဖော် ပြောကြား ခြင်း မရှိတာ ပါပဲ …..။ ဒါဟာ ပါးနပ် တဲ့ နိုင်ငံရေး အမြင် ရှိသူများ အတွက်တော့ ဒီ နောက်ကွယ် မှာ မြုပ်ကွက် တွေ အများ အပြား ရှိနေ သလို တပ်မတော် အစိုးရ နဲ့ အတိုက် အခံ ခေါင်းဆောင် ကြား ညှိနိုင်းဆွေးမှု တွေ အများ အပြား ရှိနေပြီ ဆိုတဲ့ အချက် နဲ့  ဒီ ဆွေးနွေးမှု တွေရဲ့ သက်တမ်း ဟာ အခုမှ မဟုတ် နိုင်ဘူး ဆိုတာ ကိုလဲ အတော် အတန် ရိပ်စား သွားမိစေ ခဲ့ ပါတယ် ….။ ဒါဟာ နှစ်ဖက်လုံး က သဘောထား ပျော့ပြောင်း လာတာ လဲ ဖြစ်နိုင် သလို သဘော တူညီမှု တစ်ခုခု ရရှိထား ပြီ ဆိုတဲ့ အနေ အထား မျိုးလဲ ဖြစ်နိုင် ပါတယ် …..။

ဒီ အရေးအခင်း ရဲ့ လူသိ အနည်းဆုံး အချက် အလက် တစ်ခုကတော့ အစိုးရ ဌာန တစ်ခု ဟာ ယာဉ်တန်း ကို တိုက်ခိုက် ခဲ့ သူ အမြောက် အများ ကို နောက်ဆက် တွဲ ဖမ်းဆီး အရေး ယူမှု တွေ အများ အပြား ပြုလုပ်ခဲ့ တယ် ဆိုတဲ့ အချက် ပါပဲ ….။

ဆက်ရန်

ရဲမိုး

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်