Pages

Tuesday, January 14, 2014

မြန်မာနိုင်ငံ ကုမ္ပဏီ များ အက် ဥပဒေ သစ် မေလ တွင် လွှတ်တော် တင်မည်

 
 
ခေတ်နှင့် လျော်ညီခြင်း မရှိသော မြန်မာ နိုင်ငံ ကုမ္ပဏီ များ အက် ဥပဒေ ကို အသစ် ပြင်ဆင်ရေး ဆွဲ နေပြီး မေလ တွင် လွှတ်တော် တင်မည် ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှု နှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား ရေးမှူး ချုပ် ဦးအောင်နိုင်ဦး က ပြောကြား သည်။ ယခု ဥပဒေ သစ်ကို အာရှ ဖွံ့ဖြိုးရေး ဘဏ် (Asia Development Bank-ADB) အကူ အညီ ဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာ လ မှ စတင် ၍ ပြင်ဆင် ရေးဆွဲ နေခြင်း ဖြစ်သည်။ “ဒီ ဥပဒေ က ၁၉၁၄ ခုနှစ် ကတည်း က ဥပဒေ ဆိုတော့ ဘယ်လို မှကို ခေတ်နဲ့ မလျော်ညီ တော့တာ။ အဲဒါကြောင့် အသစ် ပြင်ဆင် ရေးဆွဲ နေတာ။ လုံးဝ အသစ် နီးပါးကို ပြင်လိုက် တာ” ဟု ၄င်းက ဆိုသည်။ အဆိုပါ ဥပဒေ အတည်ပြု ပြီးပါက ကုမ္ပဏီ မှတ်ပုံတင် ခြင်းနှင့် ဆက်စပ် လုပ်ငန်းများ ကို နိုင်ငံတကာ အဆင့်မီ လွယ်ကူ ရှင်းလင်း စွာ ဆောင်ရွက် နိုင်ပြီး အသေးစား နှင့် အလတ် စား လုပ်ငန်းရှင် များ အတွက် ပိုမို အထောက် အကူ ဖြစ်စေ မည့် အချက် များ ထည့်သွင်း ရေးဆွဲ ထားကြောင်း ပုဂ္ဂလိ က ကဏ္ဍ ပြောင်းလဲ ဖွံ့ဖြိုး တိုးတက် ရေး ဆပ် ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံ သည် ကမ္ဘာ ပေါ်တွင် ရင်းနှီး မြှုပ်နှံရန် အခက်ခဲဆုံး နိုင်ငံများ စာရင်း တွင် ပါဝင် နေဆဲ ဖြစ်ရာ ပိုမို လွယ်ကူ သော ရင်းနှီး မြှုပ်နှံမှု ပတ်ဝန်းကျင် တစ်ခု ဖန်တီး ရန် လိုအပ် ကြောင်း ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အချို့က သုံးသပ် သည်။ ယင်း ဥပဒေ ပြင်ဆင်ဆဲ ကာလ တွင် ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲ ဖွံ့ဖြိုး တိုးတက်ရေး ဆပ် ကော်မတီ က ပြည်တွင်း ရှိ ကုမ္ပဏီ များ သက်တမ်း တိုးရာတွင် သက်တမ်း ငါးနှစ် အထိ တိုးခွင့် ပြုခြင်း၊ ကုမ္ပဏီ များ သက်တမ်း တိုးခြင်း နှင့် မှတ်ပုံတင် ခြင်း များ ပြုလုပ် ရာတွင် လုပ်ငန်း အမျိုးအစား အလိုက် သီးသန့် ခွဲခြား လျှောက် ထား ရမှုကို ပယ်ဖျက် ခြင်းများ ပြုလုပ် ပေးခဲ့ သည်။ ကုမ္ပဏီ များ မှတ်ပုံတင် ရာတွင် တင်ပြ ရသော မတည် ငွေရင်းနှင့် ကနဦး ထည့်ဝင် ရမည့် ငွေ ပမာဏ သတ်မှတ်ချက် ကိုလည်း ပယ်ဖျက် ခဲ့ပြီး မူရင်း မှတ်ပုံတင် ကတ်ပြား ကို ကုမ္ပဏီ မှတ်ပုံတင် စလျှောက် သည့် နေ့မှ စ၍ သုံးရက် အတွင်း စိစစ် ထုတ်ပေးခြင်း ကဲ့သို့ သော ဖြေလျှော့ မှုများ ကို ၂၀၁၃ ခုနှစ် အတွင်း တွင် ဆောင်ရွက် ပေးခဲ့သည်။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်