Pages

Tuesday, January 14, 2014

ဗန်ကောက်မြို့ ကို ပိတ်ဆို့ ဖြတ်တောက်မှု ထိုင်း အတိုက်အခံ ဆန္ဒပြသမား များ စတင် ပြုလုပ်



ထိုင်း အစိုးရက ထုတ်ပြန် ကြေညာ ထားသည့် အတိုင်း ဖေဖော်ဝါရီ ၂ ရက်တွင် ရွေးကောက်ပွဲ များ ကျင်းပ နိုင်ခြင်း မရှိမီ လက်ရှိ အစိုးရ အား ဖြုတ်ချ နိုင်ရေး အတွက် အတိုက် အခံ ဆန္ဒပြ သမားများ က ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်း မှ စ၍ မြို့တော် ဗန်ကောက် ရှိ လမ်းမများ ကို ပိတ်ဆို့ မှု စတင် ပြုလုပ် ကြောင်း ဇန်နဝါရီ ၁၃ ရက် ဘီဘီစီ သတင်း တွင် ဖော်ပြ သည်။ အဓိက အရေးပါ သော လမ်းဆုံ လမ်းခွများ ကို အစိုးရ ဆန့်ကျင် ရေး ဆန္ဒပြ သမားများ က သိမ်းယူ ခဲ့ပြီး အတား အဆီး များ တည်ဆောက် ခဲ့ကြ သည်။ ၄င်း တို့၏ လိုလားချက် မှာ လက်ရှိ အစိုးရ ကို ဖယ်ရှား ပြီး ရွေးကောက် တင်မြှောက် ခံရခြင်း မရှိ သည့် ပြည်သူ့ ကောင်စီ တစ်ရပ် ဖြင့် အစားထိုး သွားရန် ဖြစ်သည်။

ထိုင်းအစိုးရ က ဗန်ကောက် မြို့၏ တည်ငြိမ်မှု ကို ထိန်းသိမ်း ရန် လုံခြုံရေး တပ်ဖွဲ့ဝင် ဦးရေ ၁၈၀၀၀ ခန့်ကို ဖြန့်ကြက် ထားသည်။ ထိုင်း ဝန်ကြီးချုပ် မစ္စ ယင်လပ် က အတိုက် အခံ ဆန္ဒပြ ခေါင်းဆောင် အား ရွေးကောက် ပွဲ ကျင်းပမည့် ရက် ရွှေ့ဆိုင်းရေး အတွက် တွေ့ဆုံ ဆွေးနွေး ရန် ကမ်းလှမ်း ထားသည်။ သက်ဆင် နှင့် မဟာမိတ် ပါတီများ ၏ လူကြိုက်များ သော မူဝါဒ မှာ ဒီမိုကရေစီ စနစ်ကို အပြစ် အနာ အဆာ များ ဖြစ်အောင် ဖန်တီး ထားခြင်း ဖြစ်သည် ဟု အတိုက် အခံများ က စွပ်စွဲ ထားပြီး လာမည့် ရွေးကောက်ပွဲ ကို အဓိက အတိုက် အခံ ပါတီ က သပိတ် မှောက် ထားသည်။

ဘီဘီစီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်