Pages

Tuesday, January 14, 2014

ဥပဒေပါ ပြဋ္ဌာန်း ချက် များနှင့် အညီ လိုက်နာ ဆောင်ရွက် သွားမည် ဆိုပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ အခွင့် အရေး များ နစ်နာ နိုင်မည် မဟုတ်

ဇန်နဝါရီ ၁၃ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်း အဝေး ပထမနေ့ ကို အစီအစဉ် (၁၅) ခု ဖြင့် ဆောင်ရွက် ခဲ့ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။

ထိုသို့ ပြောကြား ရာ တွင် နှစ်လ ကြာ လွှတ်တော် ရပ်နား ထားသော် လည်း  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များ အနေ ဖြင့် သက်ဆိုင်ရာ အဖွဲ့ အစည်း များနှင့် ပူးပေါင်းကာ  နယ်မြေ ဒေသ သို့ ကွင်းဆင်း ပြီး ဖွံ့ဖြိုးရေး ရန်ပုံငွေ ကို သတ်မှတ် ထားသည့် ဘဏ္ဍာနှစ် အတွင်း ၌ လုပ်ထုံး လုပ်နည်း များနှင့် အညီ ပြည်သူများ ၏ လိုအပ်ချက် များ ကို တစ်ဖက် တစ်လမ်း က  ဖြည့်ဆည်း ကာ ပြည်သူ များနှင့် အတူ အကောင် အထည် ဖော် ဆောင်ရွက် နေကြသည့် အတွက် ကိုယ်စားလှယ် များ၏ ကောင်းမြတ် သော လုပ်ဆောင် မှုများ ကိုလည်း ချီးကျူး ဂုဏ်ပြု ရမည် ဖြစ်ပါ ကြောင်း။

ထို့ပြင် အချို့ ကိုယ်စားလှယ် များ ကလည်း ပြည်သူ့ အကျိုး ကို မှန်ကန် စွာ သယ်ပိုး နိုင် ရန် ပြည် တွင်း ပြည် ပ လေ့လာရေး ခရီး များ၊နိုင်ငံ အချင်း ချင်း ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့်ရေး၊ လူ့ စွမ်း အား အရင်း အမြစ် များ ဖွံ့ဖြိုး တိုးတက်ရေး တို့ အတွက် တွေ့ဆုံ ဆွေးနွေး မှုများ တွင် ပါဝင် ဆောင်ရွက် နိုင်ခဲ့သည် များ ရှိပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် များ အနေဖြင့်  သက်ဆိုင်ရာ နယ်မြေ မှ ပြည်သူ လူထု အကျိုး ကို ထိထိ ရောက်ရောက် ဖော်ဆောင် ပေးနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော် ရုံး ၏  အရ အသုံး ခန့်မှန်းခြေ ငွေ စာရင်း တွင် ခွင့်ပြုပြီး ဖြစ်သော ဖွံ့ဖြိုးရေး ရန်ပုံငွေ များ ကို သတ်မှတ် ကာလ အတွင်း စနစ် တကျ အသုံးပြု နိုင်ရေး အတွက် ဖွံ့ဖြိုးရေး ရန်ပုံငွေ ထိန်းသိမ်း ခြင်း နှင့် သုံးစွဲခြင်း ဆိုင်ရာ လုပ်ထုံး လုပ်နည်း များကို  ထုတ်ပြန် ခဲ့ပြီး ဖြစ် သဖြင့်  ညွှန်ကြား ချက် နှင့် အညီ ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။

ယခု အခါ ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာ ရေး နှစ်  ရသုံးငွေ စာရင်း ဥပဒေ အပါ အဝင် အခြား အရေးကြီး ဥပဒေများ ကို အတည်ပြု ပြဋ္ဌာန်း ရမည် ဖြစ်သည့် အတွက် စိတ်ကောင်း စေတနာများ ထားရှိကာ နိုင်ငံ အကျိုး၊ ပြည်သူ့ အကျိုးကို ရှေးရှု ၍  အလေး ဂရုပြု ဆောင်ရွက် နိုင်ပါစေ ဟု ဆန္ဒပြု နှုတ်ခွန်း ဆက်သ ပါကြောင်း ဖြင့် ပြောကြား ခဲ့သည်။

ဆက်လက် ၍  ပထမ အကြိမ် ပြည်သူ့ လွှတ်တော် အဋ္ဌမ ပုံမှန် အစည်း အဝေး နှင့် နဝမ ပုံမှန် အစည်း အဝေး ကြား ကာလ အတွင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ နှင့် လွှတ်တော် ကိုယ်စားလှယ် များ ၏ ပြည်ပ ခရီးစဉ် များနှင့် စပ်လျဉ်း ၍  ဆောင်ရွက် ချက်များ အား လွှတ်တော်သို့ အသိပေး တင်ပြ၍ မှတ်တမ်းတင် ဆောင်ရွက် သည်။

ထို့နောက် နိုင်ငံတော် သမ္မတ ထံမှ ပေးပို့ သော ကွယ်လွန် သွားသည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး အဖွဲ့ဝင် ဦးမြင့်လွင် နေရာ တွင် ခန့်အပ် တာဝန်ပေး အပ်ရန် ပုဂ္ဂိုလ် တစ်ဦး၏ အမည် အား ရွေးချယ် ပေးပို့ပါရန် သဝဏ်လွှာ နှင့် ထီးချိုင့် မဲဆန္ဒနယ် မှ ဦးစိုးစိုး ၏ လူငယ် အချို့ ကော်ရှူ သုံးစွဲ ခြင်းနှင့် ပတ်သက်၍  မေးမြန်း ထားမှုနှင့် စပ်လျဉ်း သည့် သဝဏ်လွှာ တို့ကို လွှတ်တော် သို့ အသိပေး တင်ပြ သည်။

ပုဇွန်တောင် မဲဆန္ဒ နယ်မှ ဦးအောင်ဇင် ၏ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည် ခွင့် ဆိုင်ရာ နည်း ဥပဒေ အရ လျှောက် ထား ချက်များ အား အချိန်နှင့် တစ်ပြေးညီ ခွင့်ပြုမိန့် ချမှတ် ပေးနိုင်ခြင်း ရှိ / မရှိ သိရှိ လိုကြောင်း မေးခွန်း နှင့် စပ်လျဉ်း ၍ ပြည်ထဲရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က လျှောက်ထားသူ ၏ လျှောက်လွှာ ပါ ဖြည့်စွက် ရမည့် အချက် များ  ပြည့်စုံ သည့် တိုင်အောင် လျှောက် လွှာ တင်သည့် နေ့ရက် နောက်ကျခြင်း၊ လျှောက်ထားသော နေ့ရက်၊ စုဝေးသည့် နေရာ၊ လှည့်လည် သည့် နေရာများ သည် လုံခြုံရေး အခြေအနေ အရ ခွင့်ပြုနိုင် သည့် အချိန်နှင့် နေရာများ မဟုတ်ခြင်း၊ ထိုနေ့ရက် သည် အရေးကြီး ကိစ္စရပ် များ အတွက် ဆောင်ရွက် ရခြင်း၊ စီတန်း လှည့်လည်မှု ပြုသည့် အကြောင်း သည် လုံခြုံရေး အမြင် အရ တရား ဥပဒေ စိုးမိုးရေး နှင့် ရပ်ရွာ အေးချမ်း သာယာရေး ကို အနှောင့် အယှက်ပြု သည့် အနေအထား များ ရှိနေခြင်း တို့ကို တွေ့ရှိ ရလျှင် ခွင့်ပြုမိန့် ပေးနိုင်မည် မဟုတ်ပါ ကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ထံ ခုနစ်ရက် အတွင်း အယူခံ ဝင်နိုင် ပါကြောင်း၊ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ကလည်း အယူခံလွှာ လက်ခံ ရသည့် နေ့မှ ၁၄ ရက် အတွင်း တိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန အုပ်ချုပ် ရေးမှူး ၏ အတည်ပြု ချက်ကို ရယူကာ ငြင်းပယ်ခြင်း သို့မဟုတ် ခွင့်ပြုမိန့် ထုတ်ပေးခြင်း ကို ဆောင်ရွက် သွားမည် ဖြစ်ပါ ကြောင်း၊ ခွင့်ပြုမိန့် ထုတ်ပေးခြင်း မရှိခဲ့ ပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ အခွင့်အရေး များ မနစ်နာ စေရေး အတွက် လိုအပ်ချက် များ ကို ပြန်လည် ဖြည့်ဆည်းပြီး ထပ်မံ ၍ နောက် တစ်ကြိမ် ပြန်လည် တင်ပြရန် လျှောက်ထား နိုင်မည် ဖြစ်ပါကြောင်း။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခွင့် ဆိုင်ရာ ဥပဒေ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် အညီ နိုင်ငံသား တစ်ဦးချင်း အနေ ဖြင့် မိမိ၏ ယုံကြည် ချက်၊ ထင်မြင်ချက် များကို လွတ်လပ်စွာ ထုတ်ဖော် နိုင်ရန် အတွက် ငြိမ်းချမ်းစွာ လှည့်လည် ခြင်း နှင့် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ် ခြင်း စသည့် အခွင့်အရေး များ ကို သုံးစွဲ ဆောင်ရွက် နိုင်ရန် ပြဋ္ဌာန်း ထားခြင်း ဖြစ်ရာ ဥပဒေပါ ပြဋ္ဌာန်း ချက် များ နှင့် အညီ လိုက်နာ ဆောင်ရွက် သွား မည် ဆိုပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ အခွင့် အရေး များ နစ်နာ နိုင်မည် မဟုတ် ပါကြောင်း ဖြင့် ပြန်လည် ဖြေကြား ခဲ့ သည်။

ပုသိမ်ကြီး မဲဆန္ဒ နယ်မှ ဦးအောင်သန့် ၏ သီးနှံ များ ပျက်စီး စေသည့် ပိုးသတ်ဆေးများ ရောင်းဖြန့် နေခြင်း အား တည်ဆဲ ဥပဒေများ အရ အရေး ယူ နိုင်မှု အခြေအနေ နှင့် အရည် အသွေး မှန်ကန် သင့်လျော် သည့် ပိုးသတ် ဆေးများ ဖြန့်ဖြူး ရေး အတွက် ဆောင်ရွက် ပေးလျက် ရှိသည့် အစီအမံ များ ရှိ / မရှိ သိရှိ လိုကြောင်း မေးခွန်း နှင့် စပ်လျဉ်း ၍ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးအုန်း သန်း က အစွမ်း သတ္တိ နည်းပါး ၍ သီးနှံ များ  လောင်ကျွမ်း ပျက်စီး စေသော ပိုးသတ် ဆေးများ ရောင်းချ နေခြင်း အပေါ် စစ်ဆေး အရေးယူ နိုင်ရန် အတွက် ၁၉၉၂ ခုနှစ်  ဖေဖော်ဝါရီ ၂၅  ရက်မှ စ၍ ပိုးသတ် ဆေး မှတ်ပုံတင် အဖွဲ့ ဖွဲ့စည်း ခဲ့ပြီး စစ်ဆေး အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊  ခေတ် နှင့် လျော်ညီ သော စစ်ဆေး အရေး ယူမှု များ၊ ပြစ်မှု ပြစ်ဒဏ် များ ပြောင်းလဲ ကျင့်သုံး နိုင်ရေး အတွက် လက်ရှိ ကျင့်သုံး လျက် ရှိသော ပိုးသတ် ဆေး ဥပဒေ ကို ပြန်လည် ပြုပြင် ရေးဆွဲ ပြဋ္ဌာန်း နိုင်ရေး ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ အရည် အသွေး မှန်ကန်သော ပိုးသတ်ဆေး များ ကို တောင်သူ လယ်သမား များ နည်း စနစ် မှန်ကန် အကျိုး ရှိစွာ စနစ် တကျ အသုံးပြု နိုင်ရေး အတွက် အသိ ပညာပေး လုပ်ငန်း များ ဆောင်ရွက် ခြင်း၊ ပိုးသတ် ဆေး ဥပဒေ၊ ပိုးသတ် ဆေး ဥပဒေ ဆိုင်ရာ လုပ်ထုံး လုပ်နည်း များနှင့် အညီ လိုက်နာ ဆောင်ရွက် ကြစေရန် ပညာ ပေးခြင်း၊ စီမံ ဆောင်ရွက်ခြင်း တို့ကို   ပိုးသတ် ဆေး အန္တရာယ် ကင်းဝေး စေရေး အတွက် စဉ်ဆက် မပြတ် အထူး အလေးထား ဆောင်ရွက် လျက် ရှိပါကြောင်း ဖြင့် ပြန်လည် ဖြေကြား ခဲ့သည်။

အစည်းအဝေး တွင် တိုင်းရင်းသား လူမျိုး များ ၏ အခွင့် အရေး ကာကွယ် စောင့်ရှောက် သည့် ဥပဒေ ကြမ်းနှင့် ပတ်သက် ၍ ဥပဒေ ကြမ်း ကော်မတီ က အစီရင်ခံ စာ ဖတ်ကြား ရှင်းလင်း ခြင်း ကို ဆောင်ရွက် ခဲ့သည်။ ဤ ဥပဒေကြမ်း တွင် အခန်း (၉) ခန်း နှင့် ပုဒ်မ ပေါင်း ၃ဝ ပါရှိပြီး တိုင်းရင်းသား လူမျိုးများ အားလုံး တန်းတူ ညီမျှမှု အခွင့်အရေး ရရှိ စေရန် နှင့် လူမှု စီးပွားရေး ဖွံ့ဖြိုး တိုးတက် စေရန် ရည်ရွယ် ရေးဆွဲခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

အစည်း အဝေး ကို နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင် ရပ်နား ပြီး  အစည်း အဝေး ဒုတိယ နေ့ ကျင်းပမည့် ရက်ကို ထပ်မံ ကြေညာ မည် ဖြစ်ကြောင်း သတင်း ရရှိ သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်