Pages

Tuesday, January 14, 2014

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဂျပန် နိုင်ငံ အာဏာရ လစ်ဘရယ် ဒီမိုကရက် တစ် ပါတီ ဒုတိယ ဥက္ကဋ္ဌ နှင့် နိုင်ငံခြားရေး ၀န်ကြီး ဟောင်း ဦးဆောင် သည့် ကိုယ်စားလှယ် အဖွဲ့ အား လက်ခံ တွေ့ဆုံ



ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဂျပန် နိုင်ငံ အာဏာရ လစ်ဘရယ် ဒီမိုကရက် တစ် ပါတီ ဒုတိယ ဥက္ကဋ္ဌနှင့် နိုင်ငံခြား ရေး ၀န်ကြီး ဟောင်း H.E.Mr. Masahiko Komura ဦးဆောင် သည့် ကိုယ်စား လှယ် အဖွဲ့ အား ဇန်န၀ါရီလ ၁၃ ရက် နေ့ ညနေ ၃ နာရီ တွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ ၌ လက်ခံ တွေ့ဆုံ သည်။

ထိုသို့ တွေ့ဆုံ ရာတွင် ဒုတိယ သမ္မတနှင့် အတူ ဒုတိယ ၀န်ကြီး ဦးသန့်ကျော် နှင့် တာဝန် ရှိသူများ တက်ရောက် ကြပြီး ဧည့်သည် တော် ဂျပန် နိုင်ငံ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ဒုတိယ ဥက္ကဋ္ဌ နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း နှင့် အတူ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန် နိုင်ငံ သံ အမတ်ကြီး H.E.Mr. Mikio Numata နှင့် တာဝန် ရှိသူများ တက်ရောက် ကြသည်။

ယင်းသို့ တွေ့ဆုံ စဉ် မြန်မာ နိုင်ငံတွင် လူ့စွမ်းအား အရင်း အမြစ် ပိုမို ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် ဂျပန် နိုင်ငံက ကူညီ ဆောင်ရွက် နေမှု ဆိုင်ရာ များ၊ ရင်းနှီး မြှုပ်နှံမှု ကဏ္ဍများ တွင် ပြုလုပ် ဆောင်ရွက် ပြီး ဖြစ် သည့် သဘော တူညီမှု ဆိုင်ရာ များ၊ ဘဏ် လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ပူး ပေါင်း ဆောင်ရွက် သွားေ ရး ဆိုင်ရာ များ၊ မြန်မာ နိုင်ငံ အတွက် ဘက်စုံ၊ ကဏ္ဍ စုံတွင် ပိုမို ဖွံ့ဖြိုး တိုးတက် လာစေရေး ဆိုင် ရာ များ အပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြ သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်