Pages

Tuesday, January 14, 2014

ဥပဒေ ကြမ်းများ နှင့် စပ်လျဉ်း ၍ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများ နှင့် အညီ ဆက်လက် ဆောင်ရွက် သွားမည်

ဇန်နဝါရီ ၁၃ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေး ပထမ နေ့ ကို အစီအစဉ် (၁၈) ခု ဖြင့် ဆောင်ရွက် ခဲ့ရာ အစည်း အဝေး တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း က နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။

မှတ်တမ်း တင်ခြင်း ကဏ္ဍ ၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင် သော မြန်မာ ချစ်ကြည်ရေး ကိုယ်စား လှယ် အဖွဲ့ ဖိလစ်ပိုင် သမ္မတ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီးသွား ရောက်ခဲ့သည့် မှတ်တမ်း၊ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်းဝေး မတိုင်မီ ကာလ အတွင်း ပြည်ထောင်စု လွှတ်တော် နာယက နှင့် လွှတ်တော် ကိုယ်စားလှယ် များ ၏ ပြည်ပ ခရီးစဉ် များ နှင့် ပြည်ထောင်စု လွှတ်တော် က အ တည် ပြု သည် ဟု မှတ်ယူ ရမည့် မြန်မာ နိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေ ကြမ်း တို့ကို လွှတ်တော် က မှတ်တမ်း တင် ဆောင်ရွက် သည်။

ဖတ်ကြား တင်သွင်းခြင်း ကဏ္ဍ ၌ ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာ နှစ် အမျိုးသား စီမံကိန်း ဥပဒေ ကြမ်း ကို အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော် က ဖတ်ကြား တင်သွင်း သည်။ ယင်း ဥပဒေ ကြမ်းနှင့် စပ်လျဉ်း ၍ ကဏ္ဍ အလိုက်  ပါဝင် သည့် စီမံကိန်း အကြောင်း အရာများ ကို သက်ဆိုင် ရာ ဌာန / အဖွဲ့အစည်း များ က ဇန်နဝါရီ ၁၄ ရက် မှ စ၍ လွှတ်တော် သို့ ရှင်းလင်း တင်ပြ သွားမည် ဖြစ်ကြောင်း သိရ သည်။

အလားတူ အခွန် အကောက် ဆိုင်ရာ ဥပဒေ ကြမ်းများ နှင့် စပ်လျဉ်း ၍ မြန်မာ နိုင်ငံ တံဆိပ်ခေါင်း အက် ဥပဒေ ကို ပြင်ဆင် သည့် ဥပဒေ ကြမ်း၊  ကုန်သွယ် လုပ်ငန်းခွန် ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ ကြမ်း၊ ဝင်ငွေခွန် ဥပဒေ ကို ပြင်ဆင် သည့် ဥပဒေ ကြမ်း နှင့် ရုံးခွန် အက် ဥပဒေ ကို ပြင်ဆင် သည့် ဥပဒေ ကြမ်း တို့ကို ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် က ဖတ်ကြား တင်သွင်း ပြီး လွှတ်တော် က ယင်း ဥပဒေ ကြမ်းများ နှင့် စပ်လျဉ်း၍  ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများ နှင့် အညီ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆုံးဖြတ် ခဲ့သည်။

ရှင်းလင်း တင်ပြခြင်း ကဏ္ဍ ၌ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင် အဖြစ် ခန့်အပ် တာဝန် ပေးအပ်ရန် ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ဥပဒေ ပညာဌာန မှ ပါမောက္ခ (ဌာနမှူး) (အငြိမ်းစား) ဒေါ်သီတာဦး ၏  အမည် စာရင်း ပေးပို့ ထားခြင်း နှင့် စပ်လျဉ်း သည့် သဝဏ် လွှာ ကို နိုင်ငံတော် သမ္မတ ထံမှ ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ပေးပို့ ထားကြောင်း လွှတ်တော် သို့ တင်ပြ သည်။

ထို့အတူ နိုင်ငံတော် သမ္မတ ထံမှ သဝဏ်လွှာ ဖြင့်  ပေးပို့ လာသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ နှင့် အိန္ဒိယ သမ္မတ နိုင်ငံ အစိုးရ တို့ အကြား နယ်စပ် ဒေသ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည် မှု စာချွန်လွှာ နှင့် စပ်လျဉ်း ၍ ကာကွယ်ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့် က ရှင်းလင်း တင်ပြပြီး ဥပဒေ ကြမ်း ပူးပေါင်း ကော်မတီ ၏ အစီရင် ခံစာ ကို ပူးပေါင်း ကော်မတီ က ဖတ်ကြား တင်ပြ ခဲ့သည်။

ထို့ပြင်  မြန်မာ နိုင်ငံ အနေဖြင့် အာဆီယံ အခြေခံ အဆောက် အအုံ ဆိုင်ရာ ရန်ပုံငွေ သို့ မတည် ငွေရင်း အဖြစ် အမေရိကန် ဒေါ်လာ တစ်သိန်း ထည့်ဝင် နိုင်ရေး နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် က ရှင်းလင်း တင်ပြ ပြီး လွှတ်တော် က သဘော တူ ကြောင်း ဆုံးဖြတ် ခဲ့သည်။

အစီရင်ခံစာ တင်သွင်းခြင်း ကဏ္ဍ၌ လွှတ်တော် နှစ်ရပ် သဘော ကွဲလွဲသော ပုံနှိပ် ခြင်းနှင့်  ထုတ်ဝေ ခြင်း လုပ်ငန်း ဥပဒေ ကြမ်းနှင့် စပ်လျဉ်း ၍  ဥပဒေ ကြမ်း ပူးပေါင်း ကော်မတီ ၏ လေ့လာ တွေ့ရှိချက် နှင့် သဘောထား မှတ်ချက် အစီရင် ခံစာ ကို ပူးပေါင်း ကော်မတီ က လွှတ်တော် သို့ ဖတ်ကြား တင်ပြ သည်။ ယင်း ဥပဒေကြမ်း နှင့် စပ်လျဉ်း ၍ လွှတ်တော် နှစ်ရပ် သဘော ကွဲလွဲ သည့် အချက် (၁၇) ချက် ကို လေ့လာ စိစစ်ချက် များ အရ ပုဒ်မ ၉ (က၊ ခ) နှင့်ပုဒ်မ ၂၆ တို့ကို ပြည်သူ့ လွှတ်တော် ၏ ပြင်ဆင် ချက်များ အတိုင်း အတည်ပြု သင့်ပြီး ကျန်ရှိ သော အချက် (၁၄) ချက် ကို အမျိုးသား လွှတ်တော် ၏ အတည် ပြု ချက် အတိုင်း အတည်ပြု ပြဋ္ဌာန်း သင့်ကြောင်း ဥပဒေ ကြမ်း ပူးပေါင်း ကော်မတီ က အစီရင်ခံ တင်ပြ ထား သည်။

အလားတူ နိုင်ငံတော် သမ္မတ ထံမှ သဘောထား မှတ်ချက် ဖြင့် ပြန်လည် ပေးပို့ လာသော ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ ကို ပြင်ဆင် သည့် ဥပဒေ ကြမ်း နှင့် စပ်လျဉ်း ၍ ဥပဒေ ကြမ်း ပူးပေါင်း ကော်မတီ ၏ လေ့လာ တွေ့ရှိချက် နှင့် သဘော ထား မှတ်ချက် အစီရင် ခံစာ ကို  ပူးပေါင်း ကော်မတီ က ရှင်းလင်း တင်ပြ သည်။ ထို့ အတူ နိုင်ငံတော် သမ္မတ ထံမှ သဘောထား မှတ်ချက် ဖြင့် ပြန်လည် ပေးပို့ လာသော မြန်မာ အထူး စီးပွား ရေးဇုန် ဥပဒေ ကြမ်း နှင့် စပ်လျဉ်း ၍ ဥပဒေ ကြမ်း ပူးပေါင်း ကော်မတီ ၏ လေ့လာ တွေ့ရှိချက် နှင့် သဘော ထား မှတ်ချက် အစီ ရင် ခံစာ ကို ပူးပေါင်း ကော်မတီ က ရှင်းလင်း တင်ပြ သည်။

အစည်း အဝေး ကို  ညနေပိုင်း တွင် ရပ်နား ခဲ့ပြီး အစည်း အဝေး ဒုတိယနေ့ ကို ဇန်နဝါရီ  ၁၄ ရက် တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သတင်း ရရှိ သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်