Pages

Tuesday, January 14, 2014

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၅)

(၁၈)

၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက် ရဲ့ နံနက်ခင်း ဟာ ရန်ကုန် မြို့ ၉ မိုင်ခွဲ မှာ ရှိတဲ့ တပ်မေ တာ် ထော က် လှမ်းရေး တပ် က တပ်ရေး ဗိုလ်ကြီး အတွက် တော့  သာမန် ရက် တွေ အတိုင်းပဲ သိပ် ထူးခြား လှ တယ် မဟုတ် ပါဘူး …..။ နံနက် တန်းစီ အလေးပြု သစ္စာဆို ပြီးတာ နဲ့ ရှုပ်ထွေး များမြောင် လှတဲ့ တပ်ရေး ဗိုလ်ကြီး တစ်ဦး ရဲ့ တာဝန် ဝတ္တရား တွေက စတင်လို့ နေ ပါပြီ ….။
 


 ရန်ကုန် တိုင်း စစ်ဌာန ချုပ် မှာ တိုင်းမှူး ဦးစီး ပြုလုပ် မယ့် တိုင်း စည်း / ကော် အစည်း အဝေး တက်ဖို့ အ တွက် တပ်မှူး ကို လိုအပ် တဲ့ စာရွက် စာတမ်းတွေ အသင့် ပြုလုပ် ပြင်ဆင် ပေးပြီး တဲ့ နောက်မှာ ကားပေါ် တက် ထွက်ခွာ သွားတဲ့  တပ်မှူး ဗိုလ်မှူးကြီး ကို သတိဆွဲ အလေးပြု ရင်း ရုံးရှေ့ မှာ ပဲ သူ ကျန်နေ ရစ် ခဲ့ ပါ တယ် ..။ သူ ကြိုတင် မသိနိုင် တဲ့ အချက် တစ်ခု ကတော့ သူ့ တပ်မှူး ကို နောင် ဆယ် စုနှစ် တစ်ခု နီးပါး ထပ်မံ မြင်တွေ့ ရတော့ မယ် မဟုတ် ဘူး ဆိုတာ ပါပဲ ….။
 
အဲဒီ နေ့ နံနက် ၉ နာရီ လောက်မှာ ပထမ ဆုံး လက်ခံ ရရှိတဲ့ တယ်လီ ဖုန်း သတင်း ပေးပို့ ချက် ဟာ တပ်ရေး ဗိုလ်ကြီး ကို စတင် မျက် မှောင် ကြုတ် သွားစေ ခဲ့ ပါတယ် ….။ သတင်း ပေးပို့ သူ ကတော့ စစ်ရုံးချုပ် အတွင်း စည်း လုံခြုံရေး တာဝန်ခံ ထောက်လှမ်းရေး အရာရှိ တစ်ဦး ဖြစ်ပြီး စစ်ရုံး မှာ ခါတိုင်း ထက် လုံခြုံရေး အများ အပြား ချထား ပြီး စောင့်ကြပ် နေသူတွေ ကိုယ်တိုင် ဘာကြောင့် မှန်း မသိ ဘူး ဆိုတဲ့ သတင်း ပါ ….။ မနှေး မနှောင်း ထပ်ဝင် လာတဲ့ တယ်လီဖုန်း ကတော့ သူ ခြေလျင်တပ် မှာ တာဝန် ထမ်းဆောင် ခဲ့စဉ်က သူ့ တပ်ခွဲ မှူး ဟောင်း ဖြစ်ပြီး လက်ရှိ ရဲတပ်ရင်း တစ်ခု ရဲ့ တပ်ရင်းမှူး ဖြစ်နေ သူပါ ….။ " ညီလေး ဘာထူး လဲ ကိုယ်တို့  ရဲ တပ်ရင်း ၃ ရင်း ကို အသင့် လုပ်ခိုင်း ထား လို့ " သူလဲ မသိသေး ကြောင်း ပြန်ပြော ရင်း ဖုန်းခွက် ကို အသာ ပြန်ချ လိုက် ပါတယ်…..။

ထောက်လှမ်း ရေး အရာရှိ အတော် များများ ဟာ တိုက်ဆိုင်မှု တွေကို သဘော ကျလေ့ မရှိ သလို သူလည်း ပဲ ဒီ တိုက်ဆိုင်မှု တွေ ကို သဘော မကျ ပါဘူး …..။ သူ့ အနေ နဲ့  နေရာ အတော်များများ ကို ဖုန်းဆက် ပြီး ချိန်မှာ တော့ ရန်ကုန် မြို့ ပေါ် တပ်ရင်း အတော် များများ နဲ့ ရဲမွန် က တိုက်ခိုက် ရေး တပ်မ နှစ်ခု ပြီးတော့ ရဲ တပ်ရင်း တွေကို တပ်လှန့် ထား ကြောင်း နဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ က ဒီ အစီ အစဉ် ကို လုံးဝ မသိရှိ ကြောင်း သေချာ သွားပါပြီ ….။

ဒါဟာ တန်ပြန် ထောက်လှမ်း ရေး လုပ်ငန်း တွေ ကို အဓိက ထား ဆောင်ရွက် လေ့ ရှိတဲ့ ဗိုလ်မှူးကြီး အဆင့် အုပ်ချုပ် တဲ့ တပ် မတော် ထောက်လှမ်းရေး တပ်ကြီး သုံးတပ် ထဲက ပါးရည် နပ်ရည် ရှိလှ တဲ့ တပ်ရေး ဗိုလ်ကြီး တစ်ဦး အတွက် တော့ ချက်ချင်း ပဲ မျက်နှာ ကွက် ကနဲ ပျက်သွား စေတဲ့ အချက် လည်း ဖြစ် ပါတယ် …။ တစ်ချိန် တည်း မှာပဲ တပ်မတော် ထောက်လှမ်း ရေး ဌာနချုပ် ရုံး နဲ့  ရန် ကုန် မြို့ ပေါ် ထောက် လှမ်းရေး တပ် အတော် များများ ဟာလဲ သာမန် မဟုတ်တဲ့ လှုပ်ရှား မှု တွေ အကြောင်း သ တင်း ပေးပို့ ချက် တွေ ကို စတင် လက်ခံ ရရှိ နေကြပြီ ဖြစ်ပါတယ် ....။

၁၉၈၈ ခုနှစ် တပ်မတော် က အာဏာ လွှဲပြောင်း မယူသေးခင် ကာလ အထိ တော့ တပ်မေ တာ် ထောက်လှမ်းရေး က အဓိက တာဝန် ယူ ခဲ့တဲ့  ထောက်လှမ်းရေး အခန်း ကဏ္ဍ ဟာ တိုက်ပွဲ ထောက်လှမ်းရေး အပိုင်း ပဲ ဖြစ်လေ့ ရှိပြီး ရန်သူ လက်နက်ကိုင် အဖွဲ့ တွေ ရဲ့ ဖွဲ့ စည်းပုံ အင်အား တည် နေရာ လှုပ်ရှား မှု တွေ ကို အဓိကထား ထောက်လှမ်း လေ့ ရှိကာ သောင်းကျန်း သူ အဖွဲ့ များ အတွင်း သတင်းပေး များ မွေးမြူခြင်း မိမိ တပ်ဖွဲ့ ဝင် များ စေလွှတ် မြုပ်နှံ ထားခြင်း တွေ ကိုသာ ဆောင်ရွက် လေ့ ရှိခဲ့ ပါတယ် ..။ တန်ပြန် ထောက်လှမ်းရေး နဲ့  နိုင်ငံရေး ကိစ္စ များကို တော့ အမျိုးသား ထောက်လှမ်း ရေး အဖွဲ့ က သာ ဦးစီး ဆောင်ရွက် လေ့ ရှိပြီး ၀န်ကြီးချုပ် နဲ့ ပြည်ထဲရေး ၀န်ကြီး ဟာ အဖွဲ့ ဥက္ကဌ နဲ့ အတွင်း ရေးမှူး ဖြစ်ကာ တပ်မတော် ထောက်လှမ်းရေး ကတော့ အဖွဲ့ ရဲ့ အစိတ် အပိုင်း တစ်ခု အနေနဲ့ သာ ပါဝင်လေ့ ရှိပါတယ် ..။ တပ်မတော် အစိုးရ တက်လာ ပြီး တဲ့ နောက်မှာ တော့ အင်မတန် သိမ်မွေ့ တဲ့  အရပ်ဖက် ထောက်လှမ်းရေး အဖွဲ့ အစည်း များ ကို ကိုင်တွယ် ထိန်းချုပ် ဖို့ အ တွက် တပ်မတော် ထောက်လှမ်းရေး ဟာ တန်ပြန် ထောက်လှမ်း ရေး နဲ့ နိုင်ငံ ရေး ကိစ္စ များ မှာပါ စတင် ဦးဆောင် လာရ ပါတော့ တယ် ..။ ဒါဟာ အနာဂတ် မှာ တပ်မတော် ထောက်လှမ်းရေး ရဲ့ ပါဝါ အလွန် အမင်း မြင့်မား လာပြီး တပ်မတော် ကိုယ်တိုင် က ပြန်လည် ထိန်းချုပ် အရှိန်သတ် ယူစေ ရတော့ တဲ့ အကြောင်း ရဲ့ အဓိက အချက် လည်း ဖြစ်ပါတယ် …။

ဖွဲ့ စည်းပုံ အရ တပ်ဖွဲ့ ဝင် အင်အား နည်းပါး လှတဲ့ တပ်မတော် ထောက်လှမ်း ရေး အဖွဲ့ အစည်း ဟာ သူ့ ရဲ့ လုပ်ငန်း သဘော သဘာဝ အရ အရမ်း ကြီး စစ်သား ဆန်လှ တယ် တော့ မဟုတ် လှပါဘူး ..။ များသော အားဖြင့် အရပ်သား တွေနဲ့ သာ ထိတွေ့ ဆက်ဆံ နေရ တတ်ပြီး ထောက် လှမ်းေ ရး အော်ပရေးရှင်း အတော် များများ ဟာလည်း မြို့ ပေါ်တွေ မှာ သာ ဆောင်ရွက် ရတာ ဖြစ် တဲ့ အတွက်  ခြေ လျင်တပ် က အနေ ဆင်းရဲ အစား ဆင်းရဲ စစ်သည် တွေရဲ့ အမြင် မှာတော့ ထောက် လှမ်းေ ရး တပ်ဖွဲ့ ဝင် တွေကို သိပ် အမြင် ကြည်လင် လေ့ မရှိတာ ဟာ လဲ သဘာဝ ကျစွာ လက်ခံ ရမယ့် အ ချက် တစ်ခုပဲ ဖြစ်ပါ တယ် ..။

၁၉၉၀ ပြည့် လွန်နှစ် ကာလ တွေ မှာ တောထဲ ကနေ မြို့ ပေါ် ကို ၀ုန်းကနဲ ရောက်ရှိ လာတဲ့ ငြိမ်းချမ်းရေး လက်နက် ကိုင် အဖွဲ့ အစည်း တွေ ဟာ မြို့ ပြရဲ့ ဥပဒေ လူနေမှု စနစ် တွေနဲ့ ချက်ချင်း အသား မကျပဲ ပြဿနာ မကြာ ခဏ ဖြစ်ပေါ်လေ့ ရှိပါ တယ် ….။ ဒီ အချိန် မှာ ထောက် လှမ်း ရေး တပ်ဖွဲ့ ၀င်တွေ ကို သူတို့ ထောက်လှမ်းရေး ညွှန်ကြား ရေးမှူး ရဲ့ " မင်းတို့ သူတို့ ကို ဥပဒေ ဘောင် ထဲမှာ နေတတ် လာအောင် အသား ကျ အောင် အချိန် တစ်ခု ပေးထား ဖို့ လိုလိမ့် မယ် ဒီကြား ကာလမှာ ဖြစ်တဲ့ ပြဿနာ တွေမှာ မင်းတို့ က အတတ်နိုင် ဆုံး ကြား ကနေ စေ့စပ် ညှိနိုင်း ဆောင်ရွက် ပေးဖို့ လိုမယ် "  ဆိုတဲ့ လမ်းညွှန်ချက် ဟာ တိုက်ပွဲ တွေ တဂျိမ်းဂျိမ်း ဖြစ်ပွား နေတဲ့ ပြည်နယ် များက လူထု အ တွက် တော့ သူတို့ ပြည်နယ် ကြီး ငြိမ်းချမ်းသွား တာနဲ့ စာရင် ဘာမှ မပြောပ လောက်ဘူး လို့ ယူဆ ကြပေ မယ့် ရန်ကုန် မန်းလေး တို့လို မြို့ ကြီး ပြကြီး များက သာမန် ပြည်သူတွေ အတွက် တော့ ဘယ်လို မှ နားလည် နိုင်စရာ အကြောင်း မရှိ ခဲ့ ပါဘူး ….။

ပြဿနာ အတော် များများ ကို လက်နက် နဲ့ ဖြေရှင်းလေ့ ရှိတဲ့ တောတွင်းက ရောက်လာ ခါစ သူတွေ ဟာ ပြဿနာ တက်တိုင်း ထောက် လှမ်း ရေး တပ်ဖွဲ့ ဝင်များ ရဲ့ ဝင်ရောက် ဖြေရှင်း ပေးမှု ကြောင့် အဆင်ပြေ ချောမွေ့ သွား တတ် ပေမယ့် လူထုနဲ့  အခြား အစိုးရ အဖွဲ့ အစည်း အတော် များများ ရဲ့ အမြင် မကြည်လင် မှု ကိုတော့ ထောက်လှမ်း ရေး တပ်ဖွဲ့ ဝင် တွေ ကပဲ တနင့်တပိုး ရရှိ ရလေ့ ရှိပါတယ် …။ အလား တူ ပဲ ထောက်လှမ်းရေး တပ် က မွေးမြူ ထားတဲ့  သတင်းပေး အတော် များများ ဟာလဲ စည်းလွတ် ၀ါးလွတ် တာဝန် ထမ်းဆောင် တတ် လေ့ရှိပြီး ဒီ လူတွေကို ကျောထောက် နောက်ခံ ပြုထားတဲ့ အဖွဲ့ အစည်း ဟာလဲ ဒီလုပ်ရပ် တွေရဲ့ အကျိုးဆက် ကို တော့ မလွဲမသွေ ခံစား ရမှာ အမှန်ပဲ ဖြစ်ပါ တယ် …..။

ဒါပေမယ့် အဓိက ပြဿနာ ကတော့ ထောက်လှမ်းရေး ရဲ့ ဖွဲ့ စည်းပုံ အင်အား လို့ ပဲ ဆိုနိုင် ပါတယ် ….။ နယ်မြေခံ ထောက်လှမ်းရေး တပ် အများစု ရဲ့ တာဝန် ဟာ နယ်မြေ တွင်း သတင်း ရယူ တာ ဖြစ် သလို သူတို့ တာဝန် ယူရတဲ့ နယ်မြေ ဟာလဲ ဗိုလ်မှူး အဆင့်ရှိ တပ်မှူး တစ်ဦး နဲ့  ဗိုလ်ကြီး အဆင့် နှစ်ဦး သုံးဦး အခြား အဆင့် အင်အား သုံးဆယ် လောက်သာ ရှိတဲ့ တပ်တစ်ခု အဖို့ တော့ ကြီးမား ကျယ်ပြန့် လွန်းလှ ပါတယ် ..။ ဒါကြောင့် လဲ တပ်ဖွဲ့ မှူး အဆင့် တစ်ချို့ မှာ တောင် ဒု အရာခံ ဗိုလ် အဆင့် လောက်တွေ ပါဝင် လာပြီး တပ် ဌာနချုပ် နဲ့ ဝေးကွာ လွန်းတဲ့ ထောက်လှမ်း ရေး တပ်ဆွယ် အသီးသီး က တာဝန်ခံ တွေဟာ တပ်ကြပ်ကြီး နဲ့ တပ်ကြပ် အဆင့်တွေ လောက်သာ ဖြစ်နေ တတ်ကာ သူတို့ တာဝန် ယူရတဲ့ ဒေသ ကတော့ ခရိုင် တစ်ခု နှစ်ခု လောက် ထိ ဖြစ်နေတတ် ပါတယ် ...။

ဒါဟာ မသမာမှု နဲ့  ခြစားမှု များကို အကြီး အကျယ် ဖိတ်ခေါ် ခဲ့ သလို အခြား တပ်ဖွဲ့ များ က တပ်မတော် အရာရှိ များရဲ့ မျက်စိစပါး မွှေး စူးမှု ကိုလဲ အကြီး အကျယ် ခံရ စေ ခဲ့ပါတယ် ..။ တကယ်တော့ ဒီ ပြဿနာ တွေဟာ ထာက်လှမ်းရေး အဖွဲ့ အစည်း ကြီး တစ်ခုလုံး ရဲ့ အစိတ် အပိုင်း လေး တစ်ခုမှာ သာ ဖြစ်ပေါ် နေပေ မယ့် ပြည်သူ လူထု နဲ့  အခြား တပ်ဖွဲ့ များ ရဲ့ အကြည်ညို ပျက်မှု ကိုတော့ အဖွဲ့ အစည်း ကြီး တစ်ခု လုံး ကပဲ အကြီး အကျယ် ခံစား ခဲ့ ရတယ် လို့ ဆိုနိုင် ပါတယ် ....။

တကယ်တော့ တပ်မတော် ထောက်လှမ်းရေး ဟာ သူ့ ရဲ့ အခြား လုပ်ငန်း တွေ ဖြစ်တဲ့ ခရီးစဉ် အနီးကပ် လုံခြုံရေး တွေ ရန်ကုန် မြို့ ပေါ်က သံရုံး ၁၃၀ ကျော် ရဲ့ လှုပ်ရှားမှု တွေ နိုင်ငံ ရပ်ခြား နဲ့ နယ်စပ် ဒေသတွေ က ထောက်လှမ်း ရေး အော်ပရေးရှင်း တွေ ပြည်ပ က သတင်းပေး များ ကို ကွပ်ကဲ ထိန်းချုပ် နေသူတွေ အစိုးရ အမှုထမ်း အသီးသီး ရဲ့ အမှုထမ်း လုံခြုံရေး နောက်ကြောင်း စစ်ဆေး နေသူ တွေ အဆင့် မြင့် နည်း ပညာ သုံး ထောက်လှမ်း ရေး ပစ္စည်းများ ကို ကိုင်တွယ် အသုံးပြု နေသူ တွေ အဖွဲ့ အစည်း အသီး သီး အတွင်း မှာ အသွင်ယူ မြုပ်နှံ ထားတဲ့ တပ်ဖွဲ့ ဝင် တွေ စတဲ့ မြောက်များ လှစွာသော ထောက်လှမ်း ရေး လုပ်ငန်းစဉ် တွေနဲ့ စာရင် တော့ ဒီ နယ်မြေခံ ထောက်လှမ်း ရေး တပ် များရဲ့ လုပ်ဆောင် ချက် ဟာ ပြောပလောက် လှတယ် တော့ မဟုတ် လှ ပါဘူး …..။ ဒါပေ မယ့် လဲ ဆယ်စုနှစ် နှစ်ခု နီးပါး အကြာ မှာ တော့ ဒီ ပြဿနာ ဟာ အတော့်ကို ခိုင်ခိုင် မာမာ အမြစ်တွယ် လာပြီ ဖြစ်သလို အထက် အဆင့် တပ်မတော် အရာရှိ ကြီး တစ်ချို့ အထိ ပါ နွယ်တက် ရစ်ပတ် လို့ လာနေ ပါပြီ …....။

ပြဿနာ ကို ရိပ်စားမိ နေပြီ ဖြစ်တဲ့ တပ်မတော် ထောက်လှမ်း ရေး ညွှန်ကြားရေးမှူး ရုံး ဟာ တပ်မတော် ထောက်လှမ်း ရေး ရဲ့ ဖွဲ့ စည်းပုံ ကို တိုးချဲ့ဖို့ အတွက် ၂၀၀၁ ခုနှစ် မှာ တပ်မတော် ထောက်လှမ်းရေး ဌာနချုပ် ရုံး အဖြစ် ကို ပြောင်းလဲ ဖွဲ့ စည်း ခဲ့ပြီး အင်အား အမြောက် အများ တိုးချဲ့ ကာ တပ်မတော် ထောက်လှမ်းရေး တပ်ရင်း များ နဲ့ တပ်ဆွယ်မှူး အဆင့် အထိ ကို အရာရှိ အဆင့် ကပဲ ကိုင်တွယ် ဖို့ စတင် ပြင်ဆင် ခဲ့ ပါတယ် ..။ ဒါပေမယ့် ဒီ စီမံချက် ဟာ ဘယ်တော့မှ အပြီးသတ် ခွင့်ရ တော့ မယ် မဟုတ် ပါဘူး အချိန် ကတော့ အတော်ပဲ လင့်လို့ နေ ခဲ့ ပါပြီ ..။

" ဘာဖြစ်လဲ ငါတို့ တိုင်းပြည် အတွက် လုပ်ခဲ့ တာ ပဲကွာ " ဆိုတဲ့ လေယာဉ် ပေါ်က ပြန်ပြော လိုက်တဲ့ စကားသံ ဟာ တပ်မတော် သမိုင်း က လျှမ်းလျှမ်း တောက် တပ်ဖွဲ့တစ်ခု အတွက် သူတို့ ခေါင်းဆောင် ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက် တစ်ခု ဖြစ် သလို  အဖွဲ့ အ စည်း တစ်ခု ရဲ့ နောက်ဆုံး စာမျက်နှာ လဲ ဖြစ်ပါ တယ် …။ ဒီ ဆုံးဖြတ် ချက် ဟာ အနာဂတ် တပ်မတော် သမိုင်း မှာ လက်အောက်ခံ တပ်ဖွဲ့ တစ်ခု ရဲ့ အမိန့် နာခံမှု ကို အထင် အရှား ပြခဲ့ သလို တပ်မတော် အနေ နဲ့ လဲ အရှက် တကွဲ အကျိုးနည်း ဖြစ်ရ မယ့် ဖြစ် ရပ်ကြီး က လုံးလုံး လျား လျား ရှောင်လွှဲ နိုင်ခဲ့ ပါတယ် …..။

အဲဒီ နောက်မှာ တော့ အဲဒီ နေ့ရဲ့ ညနေ ၄ နာရီ လောက် အချိန် မှာ ရန်ကုန် မြို့ ပေါ်က ခြေလျင် တပ်ရင်း ၃ ရင်း ဟာ တပ်မတော် ထောက် လှမ်း ရေး ဌာနချုပ် ရုံး ထဲကို ၀င်ရောက် နေရာ ယူနေပြီ ဖြစ်သလို မြန်မာပြည် အနှံ့ အပြား က တပ်မတော် ထောက်လှမ်း ရေး တပ်များ မှာ လဲ သက်ဆိုင် ရာ တိုင်း စစ် ဌာနချုပ် အသီးသီး က ၀င်ရောက် ကွပ်ကဲ လို့ နေနေ ပါပြီ …..။

" ဗိုလ်မှူး ကျွန်တော့် ကို သေနတ်လေး အပ်ပေးပါ ခင်ဗျ "  စားပွဲ ရှေ့မှာ သတိမတ် နေအောင် ဆွဲ အလေး ပြုရင်း ပြောလိုက် တဲ့ ဗိုလ်ကြီး ရဲ့ မျက်နှာ ဟာ သိပ်ကောင်း လှတယ် လို့ တော့ မဟုတ် လှ ပါဘူး တကယ်တော့ သူတို့ ဟာ ရန်ကုန် မြို့ တွင်း လုံခြုံရေး တာဝန် ထမ်း ဆောင် ရင်း နေရာ အသီးသီး မှာ မကြာခဏ တွေ့ ဆုံ မျက်မှန်း တန်းမိ နေကြ သူတွေ ပါ ….။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်သား တစ်ယောက် အနေ နဲ့ တော့ သူ ရရှိ တဲ့ အမိန့် အတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပြီး နောက် စားပွဲ တစ်ခုမှာ တော့ ညက မှ ဘီယာ အတူ ထိုင်သောက် ခဲ့ သူ  သူ့ နဲ့ တစ်ပတ် စဉ် တည်း သူငယ်ချင်း ကိုလဲ သူ ရင်ဆိုင် ရအုန်း မှာ ဖြစ်ပါ တယ် ….။ ဒါပေမယ့် လည်း တစ်ဖက် က သူတွေ ဟာလဲ စစ်သား များ သာ ဖြစ်နေ တဲ့ အတွက် သူ့ တာဝန် ကို နားလည် သဘောပေါက် လို့ နေနှင့် ပါပြီ ….။ ဒီ ဖြစ်စဉ်ကြီး တစ်ခု လုံး အေးအေး ချမ်းချမ်း ပဲ ပြီးဆုံး သွားတဲ့ အတွက် ညအချိန် မှာ ရန်ကုန် မြို့ တွင်း ၀င်ရောက် လာ တဲ့ ခြေမြန် တပ်မ နှစ်မ ဟာ နောက် သုံးရက် လောက် အကြာ မှာပဲ  ပြန်လည် ထွက်ခွာ သွားတော့ မှာလဲ ဖြစ်ပါ တယ် ….။

တပ်မတော် ထောက်လှမ်း ရေး အဖွဲ့ အစည်း ကို ဖျက်သိမ်း လိုက်တဲ့ အတွက် နိုင်ငံ အနှံ့ အပြား မှာ ရင်ဆိုင် နေရ တဲ့  ထောက် လှမ်း ရေး ပါဝါ အလွန် အမင်း မြင့်တက် လာပြီး အုပ်ချုပ်ရေး ယန္တရား ကို အနှောင့် အယှက် ပေးလာတဲ့ ပြဿနာ ကြီး ကို ပြေလည် သွားစေ သလို တစ်ဖက် ကလဲ ဘေးထွက် ဆိုးကျိုး အမြောက် အများ ကို ရင်ဆိုင် ခဲ့ ရပါ တယ် ….။

နယ်မြေ ဒေသ အသီးသီး က ဒေသ ဆိုင်ရာ အုပ်ချုပ် သူတွေ အနေ နဲ့ သူတို့ နဲ့ ပါဝါ ဟန်ချက် ညှိထား တဲ့ အဖွဲ့ အစည်း တစ်ခု မရှိတော့ သလို အစိုးရ အဖွဲ့ ဆီ တိုက်ရိုက် တင်ပြ နေတဲ့ တစ်ခု တည်းသော အစီရင် ခံစာ လမ်းကြောင်း ပျောက်ကွယ် သွားပြီ မို့  အထိန်း အကွပ် မဲ့ လုပ်ကိုင် ဆောင်ရွက်မှု တွေ အများ အပြား ပေါ်ပေါက် လာကာ မသမာမှု နဲ့ ခြစား မှု အမြောက် အများ ကို လဲ ဖြစ်ပေါ် စေခဲ့ ပါတယ် …။ နှစ်ရှည်လ များ တည်ဆောက် လာတဲ့  ထောက်လှမ်းရေး ကွန်ယက်ကြီး တစ်ခုလုံး ပြိုကျ သွား တဲ့  အတွက် အရေးကြီး သတင်း ပေး အမြောက် အများ ကို ဆုံးရှုံး ခဲ့ ရပြီး လုံခြုံရေး ကျိုးပေါက်မှု များ ကိုလဲ အများ အပြား ဖြစ်ေ ပါ် စေခဲ့ ပါ တယ် …..။ ဒါဟာ နောက် လ အနည်းငယ် အတွင်း စတင် ရင်ဆိုင် ရတော့ မယ့် JUCTION 8 အပါ အ၀င် နေရာ အနှံ့  အပြား က ဗုံးဖောက်ခွဲ တိုက်ခိုက် ခံရမှု တွေ ရဲ့ အဓိက အကြောင်း တစ်ချက် လို့ လဲ ဆိုနိုင်မှာ ဖြစ်ပါ တယ် …။

(၁၉)

၂၀၀၄ ခုနှစ် ရဲ့ နွေဦး ကာလ တစ်ခု မှာ ကာကွယ်ရေး ၀န်ကြီး ဌာန စစ်ထောက် ချုပ် ရုံး ဟာ တပ်မတော် တပ်ရင်း တပ်ဖွဲ့ များ အား လုံး တိတိ ကျကျ လိုက်နာ ရမယ့် အမိန့် တစ်ရပ် ကို ထုတ်ပြန် ခဲ့ပါတယ် ...။ ဒီအမိန့် ဟာ တပ်ရင်း တပ်ဖွဲ့ အသီးသီး က တပ်ရင်းမှူး တပ်မှူး များ အား လုံး ကို ဦးနှောက် အတော်ခြောက် သွားစေ ခဲ့ပြီး တပ်ရေး တပ်ထောက် အရာရှိ များ အတွက် တော့ ၆ လခန့် နေ့ မအိပ် ညမအိပ် စာရင်း ဇယားများ နဲ့ ခေါင်းမဖော် တန်း အကြီး အကျယ် အလုပ်ရှုပ် သွားစေ မယ့် အမိန့် တစ်ခု လည်း ဖြစ်ပါတယ် ..။

အဲဒါကတော့ တပ်ရင်း တပ်ဖွဲ့ များ အားလုံး တပ် အစီအစဉ် နဲ့ မည်သည့် လုပ်ငန်း ကိုမှ လုပ်ကိုင်ခွင့် မပြုတော့ ကြောင်း နဲ့ လက်ရှိ လုပ်ကိုင် နေတဲ့ လုပ်ငန်း များ အားလုံး ကို စာရင်း ဇယားများ နဲ့ တကွ စစ်ထောက်ချုပ် ရုံး ကို လွှဲပြောင်း အပ်နှံ ပေးဖို့ ပဲ ဖြစ်ပါ တယ် ….။

ကာကွယ် ရေး ၀န်ကြီး ဌာန ဟာ  တကယ် တော့ တိုင်းပြည် ရဲ့ ဘက်ဂျက် ကို ရာခိုင်နူန်း အများ ဆုံး ရရှိ နေတဲ့ ဌာန ဖြစ်ပေမယ့် သူ့ အသုံး စားရိတ် ဟာလဲ ကြီးမား လွန်း လှပါ တယ် ...။ ခေတ်မီ စစ် လက်နက် တွေရဲ့ တန်ဖိုး ဟာ အတော် မြင့်မား လှပြီး တစ်ဖက် ကလဲ အိမ်နီး ချင်း နိုင်ငံတွေ ရဲ့ တပ်မတော် တွေနဲ့ အမီလိုက် ရမယ့် အနေ အထား ကိုလဲ ရှောင်လွဲ လို့ မရနိုင် ပါဘူး ….။

၁၉၉၄ ခှုနှစ် နောက်ပိုင်း အသစ် ထပ်မံ တိုးချဲ့ ဖွင့်လှစ် လိုက်တဲ့ များပြား လှတဲ့ တပ်မ တွေဟာ အရင် ဘယ်တုန်း ကမှ မစိုးမိုး ခဲ့တဲ့ နယ်စပ် ဒေသတွေ ထိ ဖြန့် ကျက် အခြေပြု လာခဲ့ ပြီး ရှမ်း ပြည်မြောက်ပိုင်း တစ်ခု ထဲမှာ ကို တပ်မ အတော် များများ တိုးချဲ့ ဖွင့်လှစ် ခဲ့ ပြီး ဖြစ်လို့   နယ်မြေ စိုးမိုးမှု အတော် ကောင်းလာ ပေမယ့် လည်း များပြား လှတဲ့ စစ်စားရိတ် ရဲ့ ဖိစည်းမှူ ဒဏ်ကို တော့ တိုင်းပြည် လဲ အတော် ခံခဲ့ ရ ပါတယ် ..။

ဒါပေမယ့် လည်း ဒါဟာ တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစု တွေ အများအပြား ရှိနေပြီး အပြီးသတ် လက်နက် စွန့် ဖို့ ဘယ်လိုမှ ညှိနိုင်း လို့ မရသေး တဲ့ တိုင်းပြည် တစ်ခု အတွက်တော့  ဒီ တပ် တိုးချဲ့ မှုတွေ ဟာ ဘယ်လိုမှ ရှောင်လွှဲ လို့  ရနိုင်မယ် မဟုတ် ပါဘူး ...။ လူမျိုးစု လက်နက် ကိုင်တွေ အများ အပြား ရှိနေမှု အပေါ် အမြတ် ထုတ် နေတဲ့  အိမ်နီးချင်း နိုင်ငံတွေ ဟာလည်း ဒီ စစ်အင် အား တိုးချဲ့ မှု ရဲ့ တစ်စိတ် တစ်ဒေသ အကြောင်း လဲ ဖြစ်နိုင် ပါတယ် …။

တကယ်တော့ လည်း စစ် အင်အား ငါးသိန်း နီးပါး ရှိတဲ့ တပ်မတော် တစ်ခု အတွက် သူ ရရှိ လာတဲ့ ဘတ်ဂျက်ဟာ သူရဲ့ များပြား လှ တဲ့ တိုက်ခိုက်ရေး ယာဉ် တွေ ပုံမှန် လည်ပတ် နိုင်ဖို့  အပို ပစ္စည်း ၀ယ်ယူ ရမှု နဲ့ စက်သုံး ဆီ တန်ချိန် ပေါင်း များစွာ အပြင် လစာ ရိက္ခာ တစ်ခု တည်း တင် ကိုက လွယ်ကူတဲ့  ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး ….။

စစ်သည် တွေရဲ့ စစ်ဝတ် နဲ့  အသုံး အဆောင် ချပ်ဝတ် တန်ဆာ တွေဟာ သူ့ သက်တမ်း အလိုက် အမြဲ လှဲလှယ် ပေးနေရ တဲ့ အမျိုး အ စား တွေ ဖြစ်တဲ့ အတွက် သိပ်ကောင်း လွန်းပြီး ထုတ်လုပ်မှု စားရိတ် မြင့်မား တဲ့ အသုံး အဆောင်တွေ ကိုလဲ ထုတ်ပေး နိုင်စွမ်း မရှိ ခဲ့ ပါဘူး ….။

တပ်မတော် က ထုတ်ပေး တဲ့ တောစီး ဖိနပ် တစ်ရံ ဟာ သက်တမ်း ၁၂ လ သတ်မှတ် ထားပေ မယ့် လဲ တကယ် ကြမ်းတမ်း တဲ့ စစ်ဆင် ရေး တွေမှာ ၃ လ လောက် ဆိုရင်ပဲ ပေါက်ပြဲ ကုန်ပြီး စစ်သည် တွေဟာ ရရာ ကင်းဗတ်စ နဲ့  ပဲ ဖာထေး စီးရ ပါတော့ တယ် ...။ စီးပွားရေး ပိတ်ဆို့ မှု အများ အပြား ကြောင့် ချွတ်ခြုံ ကျ နည်းသထက် နည်းလာတဲ့  ဘက်ဂျက် ဟာ နောက်ပိုင်း မှာတော့ ရာသီဥတု အရမ်း ဆိုးရွား ပြင်းထန် လွန်း တဲ့  ဒေသ က တပ်တွေ က လွဲလို့  ကုန်ကျ စားရိတ် မြင့်မား ပြီး အသားဗူး တစ်ချို့ ပါဝင် တဲ့ တိုက်ခိုက် ရေး ရိက္ခာ ကိုလဲ အမြဲတန်း ထုတ်ပေး နိုင်စွမ်း မရှိတော့ ပါဘူး …..။

နောက်ထပ် ပြဿနာ ကြီးကြီး မားမား ကတော့ တပ်ရင်း ဌာနချုပ် တွေမှာ ရင်ဆိုင် ရတဲ့ အခက်အခဲ ပဲ ဖြစ်ပါ တယ် ...။ တပ် တစ် တပ် ရဲ့ အသုံး စားရိတ် တွေ ဟာ ချွေချွေ တာတာ သုံးမယ် ဆိုရင် တောင်မှ စာရွက် စာတမ်း ရုံးသုံး ပစ္စည်း များ စားရိတ် စစ်သည် သင်တန်း တက် ထောက်ပံ့ ကြေး လို ထောက်ပံ့ မှု တွေ ဟာ ရှောင်လွှဲ လို့ မရနိုင် ပါဘူး ...။ တပ်ရင်း အများစု ကတော့ စစ်သည်  တစ်ဦး သင်တန်း တက် ဖို့ အတွက် ကျပ် တစ်သောင်း လောက် ကိုတောင် အနိုင်နိုင် ထောက်ပံ့ နေရတဲ့ အပြင် သင်တန်း တက် ၁၀ ယောက်လောက် ရှိ တဲ့ လ က တော့ အဲဒီ တပ်က တပ်ရေး ဗိုလ်ကြီး ချွေးပြန် ရတဲ့ လမျိုး လဲ ဖြစ်ပါ တယ် ...။

စစ်သည် တွေရဲ့ မိသားစု ၀င် အတွက် ထုတ်ပေး တဲ့ ဆန်ဟာ လောက်ငရုံ လောက်သာ ရှိ ပြီး အခြား အထွေထွေ အသုံး စားရိတ်ေ တွ ဟာ လည်း တပ် မိသားစု တွေ ရင်ဆိုင် ရတဲ့ အခက်အခဲ များစွာ ထဲက တစ်ခု လည်း ဖြစ်ပါ တယ် ..။ ဒီ ပြဿနာ ဟာ အလုပ် အကိုင် ပေါများ တဲ့ မြို့ ကြီး ပြကြီး များက တပ် အနည်းငယ် နဲ့  နယ်စပ် ဒေသက တပ် အချို့  အတွက် တော့ ပြင်ပ အလုပ် လုပ် ရင်း ဖြေရှင်း လို့ ရနိုင် ပေမယ့် တပ်ရင်း အများစု တည်ရှိရာ နယ်စွန် နယ်ဖျား ဒေသ တွေမှာ တော့ ဒီလို ဖြေရှင်း လို့ မရနိုင် တဲ့  အပြင် တစ်ချို့ ဒေသ များ ဟာ လုံခြုံရေး အခြေ အနေ ဆိုးလွန်း တဲ့ အတွက် တပ်ပြင် ကို တောင် စိတ်ထင် တိုင်း ထွက်လို့ ရမယ် မဟုတ် ပါဘူး ..။


ဒီ အခြေအနေ တွေ ကို တပ် အများစု ကတော့ ဦးပိုင် က နှစ်စဉ် ထုတ်ပေး တဲ့ အမြတ် ငွေ အပြင် တပ်ပိုင် စီးပွား ရေး လုပ်ငန်း များ ဖြစ်တဲ့ စစ်သည် ရဲမေတွေ ရဲ့ အင်အား နဲ့  လယ်စိုက် အုတ်ဖုတ် ကျောက် ထုတ် စတဲ့  လုပ်ငန်း တွေက ရတဲ့ ဝင်ငွေ တွေနဲ့  တပ်ရဲ့ သက်သာ ချောင် ချိရေး လုပ်ငန်း တွေ ကို ဆောင်ရွက် ရလေ့ ရှိပါတယ် ..။ ဦးပိုင် က ထုတ်ပေး တဲ့ အမြတ်ငွေ တစ်နှစ် ကို ၁၅ သိန်း ဟာ သိန်း ၅၀ အမြင့်ဆုံး ထည့်ခွင့် ရတဲ့ ခြေလျင် တပ်ရင်း တစ်ခု အတွက်တော့ များလှ တယ် မဟုတ်လှ ပေမယ့် အသက်ရူ ချောင်နေ စေတာ တော့ လဲ အမှန် ပဲ ဖြစ်ပါ တယ် ..။

ဒါအပြင် အငြိမ်း စား စုဆောင်းငွေ အဖြစ် ရဲဘော် ကနေ အရာရှိ ကြီး အဆင့် ထိ သတ်မှတ် နှုန်းထား အတိုင်း ဦးပိုင် မှာ ရှယ်ယာ ထည့်ဝင် ခွင့် ပေးထား ပြီး တပ်မတော် က အငြိမ်းစား ယူချိန် မှာ စုဆောင်း ထားတဲ့ အမြတ်ငွေ တွေ အပြင် အကျိုး အမြတ် ကို လစဉ် ထုတ်ယူ ခွင့်ပြု ထား ပေမယ့် လွဲပြောင်း ရောင်းချ ခွင့်တော့ ပေး မထား ပါဘူး ..။ ဒါဟာ အမှန် တကယ် ကောင်းမွန် တဲ့  အစီအစဉ် ဖြစ်ပေ မယ့် အငြိမ်းစား ယူချိန် မှ စတင် ထုတ်ယူ ခွင့်ပြုတာ ဖြစ်သလို အကြောင်း အမျိုးမျိုး ကြောင့် စစ်မှုထမ်း သက် မပြည့်ပဲ တပ်က အငြိမ်းစား ယူရ တဲ့ အချိန် မှာ ထည့်ဝင် ထားငွေ နည်းပါး လွန်းသေး တဲ့ သူတွေ အတွက် တော့ သိပ်ပြီး ထိရောက် လှတယ် လို့  ခေါ်နိုင် မယ် မဟုတ် ပြန် ပါဘူး ...။

ဒါပေမယ့် လဲ တပ်အများစု ဟာ တပ် စတင် ဖွင့်လှစ်ချိန် ကတည်း က စစ်ထောက်ချုပ် ရုံး ရဲ့ ခွင့်ပြုချက် နဲ့  ဦးပိုင် က ထုတ်ချေး ပေး တဲ့ မတည် ငွေ နဲ့ သာ မှီခို အစပြု ရပြီး ဒီငွေ ကိုပဲ ဦးပိုင် မှာ ထည့်သွင်း ကာ ရလာ တဲ့ အမြတ် ငွေနဲ့ တပ်ရဲ့ လုပ်ငန်း ဆောင် တာ တွေ ကို လည်ပတ် ဆောင်ရွက် ရတာလဲ ဖြစ်ပါ တယ် …..။ တပ်ရင်း တပ်ဖွဲ့ မှူး အသီးသီး ဟာ သက်ဆိုင် ရာ လေးလ ပတ် ဦး ရေး ထောက် အစည်း အဝေး တွေ မှာ ဦးပိုင် ကို တပ်ရင်း က သတ်မှတ်ချက် အတိုင်း  ပြည့်မီအောင် ထည့်ဝင် ထားနိုင် စွမ်း ရှိ မရှိ အမြဲ တင်ပြ နေရပြီး  သက်ဆိုင်ရာ တိုင်း စစ် ဌာနချုပ် တွေ ကလည်း ကက ကြည်း လေးလ ပတ် အစည်း အဝေး မှာ ဒီ အချက် တွေကို အမြဲ တင်ပြ နေရတာ ဖြစ်ပါတယ် ….။ ဒါဟာ သူ့ တပ် က ထည့်ဝင်ငွေ ဆိုးဆိုး ၀ါးဝါး ပျက်ကွက် လျော့နည်း တဲ့ တပ်မှူး တွေ အဖို့ တော့ တစ်ဆင့်မြင့် ရာထူး အတွက် စဉ်းစား မယ် မဟုတ် ဘူး ဆိုတဲ့ သဘော လဲ ဖြစ်ပါ တယ် …။

၂၀၀၄ ခုနှစ် ကက ထောက် ရဲ့  အမိန့် ထုတ်ပြန် ပြီး တဲ့ နောက်မှာ တပ်ရင်း တပ်ဖွဲ့ တွေဟာ တပ် အစီအစဉ် နဲ့ ပြုလုပ် နေတဲ့  လုပ် ငန်း အားလုံး ကို ရပ်ဆိုင်း လိုက်ရ တဲ့ အတွက် ဦးပိုင် က ထုတ်ပေး နေတဲ့ အမြတ်ငွေ ကို ပိုမို မှီခို လာရပြီး လတ်တလော အဆင် မပြေမှု တွေ ရင်ဆိုင် လာရ ပေမယ့် လည်း စစ်ရုံးချုပ် အနေနဲ့ ကတော့ တပ်တစ် တပ်ချင်း အလိုက် အခြေ အနေ အရ ကိုယ်စီ စီးပွားရေး လုပ်နေ ရတာ ကို ရေရှည် ခွင့်ပြုလိမ့် မယ် တော့ မဟုတ် ပါဘူး ..။ တပ်မတော် အနေနဲ့ လဲ မကြာခင် မှာ စစ်တန်း လျား ပြန်ဖို့ ပြင်ဆင် နေပြီ ဖြစ် တဲ့ အတွက် ဒီလို ကိစ္စ မျိုးတွေ ဟာ အခု လောက် တည်းက ကြိုကြို တင်တင် စီစဉ် ရှင်းလင်း မှ ဖြစ် မယ် ဆိုတာလဲ သဘောပေါက် ပြီး ဖြစ်နေ လောက် ပြီ ဖြစ်ပါ တယ် …။

ဆက်ရန်

ရဲမိုး


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်