Pages

Tuesday, January 14, 2014

ဟံသာဝတီ အဝိုင်း ကို ဖျက်၍ မီးပွိုင့် တပ်ရန် စစ်တမ်း ကောက်

ရန်ကုန် မြို့တော်၏ ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး လမ်းဆုံ တစ်ခု ဖြစ်သော ပြည်လမ်း ဟံသာဝတီ အဝိုင်း နေရာ ကို ဖျက်သိမ်း ၍ မီးပွိုင့် ထားရှိ နိုင်ရန် ဇန်နဝါရီ လ ပထမ ပတ် အတွင်းက စတင် ၍ ယာဉ်သွား လာမှု စစ်တမ်းများ ကို သုံးလ ကြာ ကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်း နှင့် တံတား) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြား သည်။ အဆိုပါ အဝိုင်း နေရာ မှာ လှည်းတန်း ခုံးကျော် တံတား ဖွင့်လှစ် ချိန်မှ စတင်ကာ ယာဉ်ကြော ပိတ်ဆို့မှု များပြား လာသော ကြောင့် ဟံသာဝတီ အဝိုင်း နေရာတွင် မီးပွိုင့် စနစ် အစားထိုး နိုင်ရန်၊ မီးပွိုင့် စနစ် ထားပါက ယာဉ်သွား လာမှုနှင့် ကိုက်ညီသော အချိန် သတ်မှတ် ထားရှိရန် အတွက် စစ်တမ်း ကောက်ခံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ဟံသာဝတီ အဝိုင်း နေရာတွင် မီးပွိုင့် ပြောင်းလဲ တပ်ဆင်မည် ဆိုပါက ယာဉ်ကြော ပိတ်ဆို့မှု လျော့ကျ နိုင်သော်လည်း မီးပွိုင့် အချိန် မှန်ကန် အောင် ဆောင်ရွက် ရန် လိုအပ်ကြောင်း၊ ယင်း ကဲ့သို့ မလုပ်ဆောင် နိုင်ပါက ပုံမှန် အတိုင်း ယာဉ်ကြော ပိတ်ဆို့မှု ထပ်မံ ဖြစ်ပွားမည် ဖြစ်ကြောင်း အငှား ယာဉ်မောင်း လုပ်သက် ၁၀ နှစ်ကျော် ရှိသူ ဦးမြင့်နိုင် က ပြောဆို သည်။ ဟံသာဝတီ အဝိုင်း တွင် စစ်တမ်း ကောက်ယူမှု ကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့် တံတား) က ထံမှ ဆောင်ရွက် လျက် ရှိပြီး စစ်တမ်း ကောက်ယူ မှု ပြီးစီး ပါက အချက် အလက် အပြည့် အစုံ ကို ထုတ်ပြန် ပေးမည် ဖြစ်ကြောင်း အဆိုပါ ဌာန ထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ကို လျှော့ချ နိုင်ရန် လှည်းတန်း ခုံးကျော် တံတား၊ ရွှေဂုံတိုင် ဂုံးကျော် တံတား၊ ဘုရင့်နောင် ဂုံးကျော် တံတား ခုံးကျော် တံတား သုံးစင်း ကို ၂၀၁၃ ခုနှစ် အတွင်း ဖွင့်လှစ် ခဲ့သော်လည်း ရန်ကုန် မြို့တော် တွင် ယာဉ်ကြော ပိတ်ဆို့မှု များ ဆက်လက် ဖြစ်ပေါ်လျက် ရှိသည်။ “အဝိုင်း မရှိတဲ့ နေရာတွေ မှာ လည်း ပိတ်နေ တာ ပါပဲ။ ယာဉ်ကြော ပိတ်တိုင်း အဝိုင်း နဲ့ မဆိုင် ပါဘူး။ အဝိုင်း က မီးပွိုင့် နဲ့ သဘော တရား အတူတူ ပဲလေ” ဟု အင်းစိန် - ဆူးလေ ပြေးဆွဲ နေသော မထသ အမှတ် (၄၈) အထူး ယာဉ်လိုင်း ပိုင်ရှင် တစ်ဦး က ပြောကြား ခဲ့သည်။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်