Pages

Tuesday, January 14, 2014

မြန်မာ နိုင်ငံရှိ လူငယ် များ ဦးဆောင် ပြီး အာဆီယံ လူငယ် တွေ့ဆုံပွဲ ကျင်းပ မည်



မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ် တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင် နေပြီ ဖြစ်သည့် အတွက် မြန်မာ နိုင်ငံ ရှိ လူငယ် များ ဦးဆောင်ပြီး အာဆီယံ လူငယ် တွေ့ဆုံပွဲ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲ ဖြစ်မြောက်ရေး ကော်မတီမှ ကွန်ရက် ချိတ်ဆက် ရေး တာဝန်ခံ မသဉ္ဇာရွှန်းလဲ က ၉-၁-၂၀၁၄ ရက်တွင် ပြောကြားသည်။ “၂၀၁၄ ခုနှစ် မှာ ကျွန်မတို့ နိုင်ငံ က အာဆီယံ ဥက္ကဋ္ဌ အလှည့်ကျ လာပြီ ဖြစ်တဲ့ အတွက် ကျွန်မ တို့မှာ လည်း တာဝန်ရှိ လာတယ်၊ ဒီပွဲ ကို မတ်လ လောက်မှာ လုပ်ဖြစ် မယ်၊ လုပ်တဲ့ အခါမှာ လည်း Asean Youth Forum၊ Asean People Forum တွေနဲ့ လည်း ချိတ်ဆက် ထားသလို Asean Summit မှာ လည်း ကျွန်မတို့ လူငယ် အသံတွေ၊ လူထု အသံဆိုပြီး ပေါင်းစပ် ပြီးတော့ အာဆီယံ အစိုးရ ခေါင်းဆောင် ပိုင်းတွေနဲ့ တွေ့ဆုံပြီး တင်ပြ သွားမှာ ဖြစ်ပါတယ်။ ဖိုရမ် မှာ အဓိက လုပ်တာ ကတော့ လူငယ် နဲ့ တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်ပြီး ဖြစ်စေ သက်ရောက် နေတဲ့ အကြောင်း အရာတွေ ကို အဓိက ဦးစား ပေးပြီး ဆွေးနွေး မယ်။ ကျွန်မ တို့က အာဆီယံ ဥက္ကဋ္ဌ တာဝန် ကို ရထားတဲ့ အတွက် ဘယ်လို အခွင့်အရေး ရမလဲ ဆိုရင် မြန်မာ နိုင်ငံရဲ့ အကြောင်း အရာတွေ ကို များများ တင်ပြခွင့် ရမယ်” ဟု ယင်းက ပြောကြား သည်။

အာဆီယံ လူငယ် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရေး အတွက် အဖွဲ့အစည်း ပေါင်း ၃၀ ကျော်၊ ပုဂ္ဂလိက လူငယ်ပေါင်း ၃၀ ကျော်ဖြင့် အာဆီယံ လူငယ် ဖိုရမ် ဖြစ်မြောက် ရေး ကော်မတီ ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လ ၁၃ ရက် တွင် ဖွဲ့စည်း ခဲ့ကြောင်း သိရ သည်။ အာဆီယံ လူငယ် တွေ့ဆုံ ဆွေးနွေး ပွဲ ကို ၂၀၀၉ ခုနှစ် မှ စတင် ကာ ထိုင်း နိုင်ငံ တွင် ကျင်းပ ခဲ့ပြီး အရပ်ဘက် အဖွဲ့ အစည်းမှ လူငယ် များ ကသာ ဦးစီး ဆောင်ရွက်ခြင်း ဖြစ်ပြီး မည်သည့် အင်န်ဂျီအို၊ အိုင်အင်န်ဂျီအို များ၏ အကူအညီ၊ အစိုးရ ၏ ထောက်ပံ့မှု မပါဘဲ လွတ်လွတ် လပ်လပ် ကျင်းပ ခဲ့ကြောင်း သိရ သည်။ မြန်မာ နိုင်ငံမှ ကျင်းပမည့် ဖိုရမ်တွင် လတ်တလော ဖြစ်ပွားနေသည့် လူငယ် များနှင့် ပတ်သက် သည့် ပညာရေး ပိုင်း ဆိုင်ရာ၊ လိင်ပိုင်း ဆိုင်ရာ၊ အလုပ် လက်မဲ့ ပြဿနာ များနှင့် ပတ်သက် သည့် အကြောင်း အရာများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ လူငယ် အကြောင်း အရာများ တွင်လည်း တစ် နိုင်ငံလုံး က လူငယ် အများကြီး ဆွေးနွေး ထားသည့် Youth Forum များမှ အသံ များကို ပေါင်းစပ် ပြီး အာဆီယံ လူငယ် တွေ့ဆုံပွဲ တွင် တင်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်မြန်မာ ဂျာနယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်