Pages

Tuesday, January 14, 2014

အာဆီယံ ဂုဏ်ပြုတေး သီချင်း ပြိုင်ပွဲ အတွက် ဖိတ်ခေါ်



မြန်မာနိုင်ငံ သည် ၂ဝ၁၄ ခုနှစ် အတွင်း အာဆီယံ ဥက္ကဋ္ဌ တာဝန်ဖြင့် အာဆီယံ ထိပ်သီး အစည်းအဝေး နှင့် ဆက်စပ် အစည်း အဝေးများ ကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ရမည် ဖြစ်ရာ အဆိုပါ ထိပ်သီး အစည်းအဝေး ၏ ဆက်စပ် အခမ်း အနားများ တွင် ဖျော်ဖြေ တင်ဆက် ရန် အာဆီယံ ဂုဏ်ပြု တေး သီချင်း ရေးသား ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ် ထားသည်။ ထိုသို့ ရေးသား ရာတွင် အာဆီယံ ၏ ဦးတည်ချက် (one vision, one identify, one community)၊ ၂ဝ၁၄ ခုနှစ် မြန်မာ နိုင်ငံ တွင် လက်ခံ ကျင်းပ မည့် အာဆီယံ ဆောင်ပုဒ် (Moving Forward in Unity to a peaceful and prosperous Community) (ရှေ့သို့ တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်း ဝေစည် အာဆီယံ အသိုက် အဝန်း ဆီ) နှင့် အာဆီယံ အမှတ် တံဆိပ် ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် တို့ကို ဖော်ညွှန်း ပေါ်လွင် စေရမည်။

မြန်မာ နိုင်ငံမှ နွေးထွေး လှိုက်လှဲ ပျူငှာစွာ ကြိုဆို ပါမည့် အကြောင်း ဖော်ညွှန်း ပေါ်လွင် စေရမည်။ မြန်မာ ဘာသာ၊ အင်္ဂလိပ် ဘာသာ နှစ်ဘာသာ ဖြင့် ရေးသား စပ်ဆို ရမည်။ တစ်ဦးချင်း အဆို ပိုဒ်၊ သံပြိုင် အဆိုပိုဒ် ခွဲခြား ဖန်တီး နိုင်သော တေးသီချင်း ပုံစံ ဖြစ်ရမည်။ တေး သီချင်း ကြာမြင့် ချိန် သည် လေး မိနစ်မှ ခြောက် မိနစ် အတွင်း ရှိစေ ရမည်။ စာသား နှင့် သံစဉ် သည် မိမိ ကိုယ်တိုင် ဖန်တီး ရေးသား စပ်ဆို ထားခြင်း ဖြစ်ရ မည်။ ရွေးချယ် ခံရသည့် သီချင်း အတွက် ပညာရှင် ကြေး ကျပ်သိန်း ၂ဝ ချီးမြှင့် ပေးသွား မည် ဖြစ်ပြီး ရွေးချယ် ခံရသည့် သီချင်း နှင့် ပတ်သက် သည့် ကိစ္စ အဝဝ ကို ယဉ်ကျေးမှု ဝန်ကြီး ဌာနက တာဝန်ယူ စီမံ ဆောင်ရွက် သွားမည် ဖြစ်သည်။ သီချင်းပုံ သဏ္ဌာန် ကို ပေါ်လွင် စေသည့် အခွေ ကြမ်း Deomo CD နှင့် သီချင်း စာသားများ ကို ဖေဖော်ဝါရီ ၁၄ ရက် အရောက် အာဆီယံ ထိပ်သီး အစည်း အဝေး နှင့် ဆက်စပ် အစည်း အဝေး များ ကျင်းပ ရေး ကော်မတီ၊ ဧည့်ခံ ဖျော်ဖြေရေး ဆပ် ကော်မတီ ယဉ်ကျေးမှု ဝန်ကြီး ဌာန ရုံး အမှတ် (၃၅)၊ နေပြည်တော်၊ ဖုန်း - ဝ၆၇ - ၄ဝ၈၄၄၁၊ ဝ၆၇ - ၄ဝ၈၄၂၁၊ ဝ၉ - ၅၁၇၂၃၈၅၊ ဝ၉ - ၄၉၂ဝ၉၄၁၇ တို့သို့ လိပ်မူ ပေးပို့ နိုင်ကြောင်း သတင်း ရရှိ သည်။

ကြေးမုံ သတင်းစာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်