Pages

Tuesday, January 14, 2014

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မြန်မာ နိုင်ငံ ကင်းထောက် ဗဟို ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်း အစည်း အဝေး သို့ တက်ရောက် အမှာ စကား ပြောကြား


မြန်မာ နိုင်ငံ ကင်းထောက် ဗဟို ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်း အစည်းအဝေး ကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် (၉) နာရီ တွင် နေပြည်တော် ရှိ ပညာရေး ဝန်ကြီး ဌာန အစည်း အဝေး ခန်းမ ၌ ကျင်းပ ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာ စကား ပြောကြား သည်။ အခမ်း အနား သို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး များ၊ တိုင်းဒေသ ကြီး နှင့် ပြည်နယ် များမှ လူမှုရေး ဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

အခမ်းအနား သို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရောက်ရှိ လာရာ ကင်းထောက် လူငယ် ကျောင်းသား ကျောင်းသူလေး များ က ခရီး ဦး ကြိုဆို နှုတ်ဆက် ကြသည်။ ရှေးဦးစွာ ဒုတိယ သမ္မတ က အဖွင့် အမှာ စကား ပြောကြား သည်။ ယင်းနောက် ပညာရေး ဝန်ကြီး ဌာန ခေတ္တ ပြည် ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးမြင့် က မြန်မာ နိုင်ငံ ကင်းထောက် ဗဟို ကော်မတီ ဖွဲ့စည်းရေး ကိစ္စရပ် များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ အပေါ် ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်း တင်ပြ သည်။ ထို့နောက် မြန်မာ နိုင်ငံ ကင်းထောက် ယာယီ ကော်မတီ ဥက္ကဋ္ဌ ဦးတင်ညို က ဆောင်ရွက် လျက် ရှိသည့် ကင်းထောက် ကိစ္စရပ် များ အပေါ် အသေးစိတ် ရှင်းလင်း တင်ပြ သည်။ ယင်းနောက် ပညာရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ စန်းလွင် က မြန်မာ နိုင်ငံ ကင်းထောက် ဗဟို ကော်မတီ ဖွဲ့စည်းရေး ကိစ္စ ရပ်များ အပေါ် တင်ပြ သည်။

ဆက်လက် ၍ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ခေတ္တ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးမြင့်၊ ဒုတိယ ဝန်ကြီးများ နှင့် အစည်း အဝေး တက် ရောက် လာကြ သူများ က မြန်မာ နိုင်ငံ ကင်းထောက် ဗဟို ကော်မတီ ဖွဲ့စည်းရေး ဆိုင်ရာ များနှင့် စပ်လျဉ်း ၍ အထွေထွေ ကိစ္စရပ်များ အပေါ် ရှင်းလင်း ဆွေးနွေး ကြ သည်။

ထို့နောက် ဒုတိယ သမ္မတ က နိဂုံးချုပ် စကား ပြောကြား ကာ အစည်း အဝေး ကို အောင်မြင် စွာ ရုပ်သိမ်း လိုက် သည်။ အခမ်း အနား အပြီးတွင် ဒုတိယ သမ္မတ နှင့် အဖွဲ့ဝင်များ သည် ခေတ် အဆက်ဆက် ကင်းထောက် လူငယ် လှုပ်ရှားမှု ဆိုင်ရာ မှတ်တမ်း ဓာတ်ပုံ များ၊ Scout Tent ခင်းကျင်း ပြသထားမှု တို့ကို လှည့်လည် ကြည့်ရှု အားပေး ပြီး ကင်းထောက် လူငယ် မောင်မယ် များ အား ရင်းရင်း နှီးနှီး နှုတ်ဆက် အားပေး သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်