Pages

Tuesday, January 14, 2014

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၂)

(၆)
 
 
၁၉၈၈ ခုနှစ် အောက်တိုဘာ လဆန်း ပိုင်း ရဲ့ သာမန်နေ့ တစ်နေ့ မှာ တပ်မတော် (လေ) တိုက် လေယာဉ် တစ်စီး ဟာ ထိုင်း မြန်မာ နယ်စပ် တောတွင်း စခန်း တစ်ခု ပေါ်ကို တစ်ပတ် ပျံဝဲရင်း စာရွက် အတော် များများ ကို ပလူပျံ အောင် ကျဲချ သွား ပါတယ်။ စာရွက် ထဲမှာ ဖော်ပြ ထားတာ ကတော့ ထွက်ပြေး သွားတဲ့ ကျောင်းသား တွေ အိမ်ပြန် လာဖို့ နဲ့  အရေးယူ ခြင်း တစ်စုံ တစ်ရာ ပြုလုပ် မှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ပါ။ ကြိုဆိုရေး စခန်း ဖွင့်ထား တဲ့ နယ်စပ် မြို့ ၂၇ မြို့ ရဲ့ အမည်တွေ ကိုပါ ဖော်ပြ ထားပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ ထိ ဖွင့်လှစ် ထားမယ် ဆိုတဲ့ အကြောင်း၊ ထိုင်း နိုင်ငံ တပ်ခ်မြို့ မှာ ဖွင့်ထား တဲ့ စခန်း ကို ၀င်လာ မယ် ဆိုရင် တော့ တပ် မတော် (လေ) အထူး လေယာဉ် နဲ့ လာရောက် ခေါ်ယူ ပေးမှာ ဖြစ်ကြောင်း ဖော်ပြ ထားခဲ့ ပါတယ် …။
 

 
 ဒီ ကြေငြာချက် ကြောင့် နယ်စပ် ဒေသက ကျောင်းသား ကျောင်းသူ အမြောက် အများ ပြန်လာ ခဲ့ သလို တစ်ချို့ ကျ တော့ လဲ တော တွင်း လက်နက် ကိုင် ဘ၀ ကိုပဲ အပြီး ခံယူ ခဲ့ ပါတယ်။ ကျန် ခဲ့တဲ့ အင်အားစု တွေ ထဲက တစ်ချို့ ဟာ တောတွင်း မှာပဲ အသက် ဆုံးရှုံး ခဲ့ ရပြီး တစ်ချို့ ကျ တော့ လဲ တတိယ နိုင်ငံ တစ်ခုခု ကို ကူးပြောင်း ရောက်ရှိ သွားပါ တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တပ်မတော် အတွက် ကတော့ စစ်ရေး စွမ်းရည် ဖြစ်ဖြစ် မြောက် မြောက် မရှိလှ ပေမယ့် သူတို့ ကို နောင်နှစ်ပေါင်း များစွာ ထိ ဆန့် ကျင် အတိုက် အခံ လုပ်နေမယ့် အင်အားစု တစ်ခု ကို မယူချင် ပဲ လက်ခံ ယူလိုက် ရပါပြီ …..။

၈၈ ခုနှစ် ရဲ့ အပြီးသတ် ကာလတွေ ဟာ တပ်မတော် အတွက် များပြား လှတဲ့ ဘေးကျပ် နံကျပ် တာဝန် တွေနဲ့  လုံးချာ လိုက် နေခဲ့ ပါ တယ်။ နိုင်ငံ တော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ကို ဖွဲ့ စည်း ပြီး နိုင်ငံ အနှံ့ အပြားမှာ ကျန်ရှိ နေတဲ့ ဆူပူမှု အကြွင်း အ ကျန် တွေ ကို ဆက် လက် နှိမ်နှင်း နေရင်း ပဲ တစ်ဖက် ကလဲ ရွေးကောက် ပွဲ ကျင်းပ ပေးဖို့  ၂၃.၉.၈၈ နေ့ မှာ စတင် ပြီး နိုင်ငံရေး ပါတီများ ကို မှတ်ပုံတင် ခွင့်ပြု ခဲ့ တဲ့ အ တွက် နိုင်ငံရေး ပါတီ ပေါင်း ၂၃၈ ပါတီ မှတ်ပုံတင် ခဲ့ ပြီး ရွေးကောက်ပွဲ ကိုတော့ ၉၃ ပါတီ တိတိ ၀င်ပြိုင် ခဲ့ပါတယ်။ ဗကပ တို့ အသွင် ယူ ဖွဲ့ စည်း ထားတဲ့ ၃ ပါတီ ကိုတော့ နိုင်ငံရေး ပါတီ အဖြစ်က ဖျက်သိမ်း ပစ်ခဲ့ပြီး အနိုင်ရ ပါတီ ကို အာဏာ လွှဲပြောင်း ပေးမယ် ဆိုတဲ့ အ ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် က တိုင်းပြည် ကို ကတိ ပေး ခဲ့ ပါတယ် …..။
 
 
 
နိုင်ငံခြား အရန် ငွေ မရှိ သလောက် ဖြစ်နေ ပြီး အရာရာ ပြိုလဲ ကျနေတဲ့ စီးပွားရေး ကို အမွေ ဆက်ခံ လိုက်ရတဲ့ ပူပူ နွေးနွေး စစ် အစိုးရ ဟာ အစိုးရ ယန္တရား လည်ပတ် နိုင်ဖို့ အတွက် အရေး တကြီး လိုအပ် နေတဲ့  စက်သုံးဆီ နဲ့ အခြား ပစ္စည်းများ ၀ယ်ယူ ဖို့ ဂျပန် မှာ ရှိတဲ့ မြန်မာ သံရုံး ရဲ့ မြေကွက် ကို တစ်ခြမ်းဖဲ့ ရောင်းခဲ့ ရတဲ့ ထိ ဘေးကျပ် နံကျပ် ဖြစ်ခဲ့ ပါတယ်။ တစ်ဖက် မှာ လဲ တပ်မတော် ရဲ့ ဒုတိယ မျိုးဆက် ခေါင်းဆောင် များ အနေ နဲ့ အနှစ် လေးဆယ် လုံးလုံး ဘယ်သူ မှ ညှိနိုင်း ဖို့ မစွမ်းဆောင် နိုင်ပဲ ဘယ်သူ အစိုးရ ဖြစ်ဖြစ် သူတို့ ပဲ တစ်ချိန် လုံး တိုက်နေ ရတဲ့ ရန်သူ တွေကို သူတို့  အာဏာ ပြန်မလွှဲခင်အချိန် အတွင်း ရ သလောက် ဦးနှိမ် ချေမှုန်း ဖို့ ပြင်ဆင် ပါတော့ တယ် ….။

၁၉၈၉ ခုနှစ် ရဲ့ နှစ်ဦး မှာ တပ်မတော်ရဲ့ နာမည်ကျော် တိုက်ခိုက်ရေး တပ်မ နှစ်ခု ဟာ ကေအန်ယူ တို့ ရဲ့  အခိုင်အမာ စခန်း များ ဆီ ကို မြားပစ် သလို တရှိန် ထိုး ၀င်ရောက် လာခဲ့ ပါတယ်။ ၁၃.၁.၈၉ ရက်နေ့ မှာ စတင် ခဲ့တဲ့ ထိုးစစ် ဟာ ကေအန်ယူ ရင်း၂၁ ဌာနချုပ် ဖြစ်တဲ့ မဲထရီ နဲ့ ခလယ် ဒေး စခန်း တွေ ကို ၇ ရက် အတွင်း ကျဆုံး သွားစေ ခဲ့ ပြီး ၂၆.၃.၈၉ မှာ တော့ တပ်မ ၄၄ ရဲ့  အင်မတန် မာကြော လှတဲ့ တပ်ရင်း တစ်ချို့ ဟာ နာမည် ကျော် မော်ဖိုးကေ စခန်း ကို ၀င်ရောက် စီးနင်းနေ ပါပြီ။ မဲလ စခန်း ဟာလဲ ၁၈.၄.၈၉ ရက် နေ့ မှာ တပ်မ ၃၃ ရဲ့ လှံစွပ် ထိုး ၀င်ရောက် စီးနင်းမူ ကြောင့် ကျဆုံး ခဲ့ ပါတယ်။ ၁၆.၅.၈၉ ရက်နေ့ မှာ ၀ါးခ ဟောင်း စခန်းပါ ကျဆုံး သွားပြီး ဖလူး စခန်း ၊ ဝေါလေ နဲ့ သေဘော ဘိုး စခန်း များ ပါ ၁၉၉၀ ဇန်န၀ါရီ လ အတွင်း ဆက်တိုက် သိမ်းပိုက် ခံခဲ့ ရပါတယ်။ ဒီ ထိုးစစ် အတွင်းမှာ နယ်စပ် တစ်လျောက် က ကေအန်ယူ ရဲ့ အမာခံ စခန်း အားလုံး နီးပါး ကျဆုံး ခဲ့ပြီး ကေအန်ယူ အတွက်တော့ မာနယ် ပလော တိုက်ပွဲ မတိုင် ခင် ကြုံတွေ့ ခဲ့ရ သမျှ ဆုံးရှုံးမှု တွေထဲမှာ အဆိုးဝါး ဆုံး လဲ ဖြစ်ခဲ့ ပါတယ် ….။
 

 
စီစီဝမ် တာပန် နဲ့ မိုင်းယန်း တိုက်ပွဲ တို့ အပြီး မှာ ဗမာပြည် ကွန်မြူနစ် ပါတီ ဟာ ၁၉၈၉ခု မတ်လ ၁၂ရက်နေ့ မှာ သူ့ ရဲ့ သမိုင်း တစ် လျောက် အဆိုးရွား ဆုံး ကံကြမ္မာ တစ်ခု နဲ့ ရင်ဆိုင် ရပါ တယ်။ အဲဒါ ကတော့ ကိုးကန့် လူမျိုး များ ခေါင်းဆောင် တဲ့  လက်အောက် ခံ တပ်မဟာ တစ်ခု က ခွဲထွက်ပြီး ဗကပ မြောက်ပိုင်း ဗဟိုခွဲ (မုန်းကိုး) ကို သိမ်းပိုက် လိုက်ခြင်း ပါပဲ။ ဒီ သိမ်းပိုက်မှု ဟာ နောက် တစ်လ အကြာမှာ ထပ် ရင်ဆိုင် ရမယ့် ၀ လူမျိုး များ ဦးစီး တဲ့ အဖွဲ့ က ပုန်ကန် ပြီး ဗကပ ဗဟို ဌာနချုပ် (ပန်ဆန်း) ကို သိမ်းပိုက် မယ့် ဖြစ်ရပ် ရဲ့ ရှေ့ပြေး လည်း ဖြစ်ပါတယ်။  ပန်ဆန်း ကျဆုံး ပြီးတဲ့ နောက် ရှမ်း အရှေ့ ဒေသ က ဗကပ တပ်မဟာ (၇၆၈) နဲ့  ၈၁၅ စစ်ဒေသ က တပ် တွေ ပါ ထပ်မံ ခွဲထွက် တဲ့ အတွက် ဗကပ ဟာ အစိတ် စိတ် အမွှာမွှာ ပြိုကွဲ သွားခဲ့ ပါတယ်။

ဒီ ဖြစ်ရပ် တွေရဲ့ နောက်ကွယ် မှာ ဘယ်သူ ရှိတယ် ဆိုတာ ရှင်းရှင်း လင်းလင်း သိဖို့ ခက်ခဲ ခဲ့ ပေမယ့် ခွဲထွက် ပြီး တစ်ပတ် အကြာ လောက် မှာ စတင် ခဲ့တဲ့ တောတွင်း က လျှို့ ဝှက် ဆွေးနွေးပွဲ တွေမှာ တပ်မတော် ထောက်လှမ်းရေး က ဗိုလ်မှူးချုပ် ခင်ညွန့်  ဦးစီး တဲ့ အဖွဲ့ ဟာ ဗကပ က ခွဲထွက် လာတဲ့ စစ်ခေါင်းဆောင် အားလုံး နဲ့ စစ်ပြေငြိမ်း ရေး စာချုပ် ချုပ်ဆို ပြီး ဗကပ နဲ့ အနှစ် ၄၀ကျော် တိုက်ခဲ့ တဲ့ စစ်ပွဲ ကို အနိုင်ယူ ခဲ့ ပါတယ် ..။

(၇)
 
 
 
၁၉၈၉ ခု ဇူလိုင် ၂၀ ရက်နေ့  နံနက် မှာ ရန်ကုန် မြို့ မှာ ရှိတဲ့  အဓိက အတိုက် အခံ ပါတီ ခေါင်းဆောင် ရဲ့ နေအိမ် ခြံဝင်း ကို တပ်မတော် ထောက် လှမ်း ရေး က ဦးစီး တဲ့ လုံခြုံရေး တပ်ဖွဲ့ ဝင် များ က ၀င်ရောက် စီးနင်း ခဲ့ပါ တယ်။ ဒီ စီးနင်းမှု ဟာ ၁၉၈၈ စက်တင်ဘာ ၂၈ ရက် နေ့ စစ်ကိုင်း မြို့ မှာ ပြုလုပ် ခဲ့တဲ့ ဗကပ ယူဂျီ တစ်ချို့ ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက် နဲ့ ဆက်စပ် နေပြီး တလစပ် ဖြစ်လာ တဲ့ စစ် အစိုး ရ ဆန့်ကျင် ရေး ဆန္ဒ ပြပွဲများ ကလဲ ဒီ စီးနင်းမှု ကို အချိန် စောစော ဖြစ်ပေါ် စေ ခဲ့ ပါတယ် …။
 
 
အရေး အခင်း ပြီးကာ စ ကာလ ဗကပ ဗဟို ကော်မတီ ဟာ စစ်ကိုင်း မြို့ က ပေးပို့ လာတဲ့ နောက်ထပ် နိုင်ငံရေး အုံကြွမှု ဖြစ်ချိန် နဲ့  အချိန် ကိုက် မြို့ တွေပေါ် မှာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲ ဖို့ DPA (Democratic Patriotic Army) ဒီမိုကရေစီ မျိုးချစ် တပ် မတော် တည် ထောင် ရမယ်။ တပ်ဖွဲ့ဝင် တွေကို ယူဂျီတွေ က တစ်ဆင့် စုဆောင်း ပြီး ဗဟို မှာ သင်တန်း ပေးမယ်။ တစ်ချိန် တည်း မှာ မြေပေါ် နိုင်ငံရေး ပါတီ များ အတွင်းမှာ လဲ အမာခံ တွေကို စနစ် တကျ မြုပ်နှံ ထားပြီး အချိန်ကျ တာနဲ့ တစ်ပြိုင် တည်း ဟန်ချက် ညီ ဖောက်ခွဲ တိုက်ခိုက် ရမယ် ဆိုတဲ့ ၃၂၈ မုန်တိုင်း စစ်ဆင်ရေး နဲ့ ၁၁၁ စစ်ရေး စီမံကိန်း စီမံချက် များ ကို ချက်ချင်း ပဲ အတည်ပြု ပေးခဲ့ ပါတယ်။ အဲဒီ စီမံချက် အရ ၁၂.၂.၈၉ ရက်နေ့ မှာ မန္တလေး တက္ကသိုလ် က ယူဂျီ ဆရာ တစ်ဦး ခေါင်းဆောင် တဲ့ ကျောင်းသား လူငယ် ၄၆ ဦး ဟာ ဗကပ ဗဟို မှာ ဖောက်ခွဲရေး နဲ့ စစ်ပညာ သင်တန်း ကို စတင် တက်ရောက် ခဲ့ပြီး ၁၉၈၉ ဇွန်လ ၂၀ ရက် မှာ မိမိ တို့  နေရပ် ဒေသ အသီးသီး ကို ပြန်လည် ရောက်ရှိ စိမ့်ဝင်ခဲ့ ပါ တယ် ….။

 
၁၉၈၉ မတ်လ ရဲ့ နောက်ပိုင်း ရက် တွေမှာ ဒီမိုကရေစီ ကို ချေမှုန်းဖို့ တပ်မတော် က အာဏာ သိမ်း ခဲ့တယ် လို့ ယူဆ သူ ကျောင်းသား လူငယ် တွေနဲ့  ဆူပူမှု တွေ ဖြစ်ပွား အောင် လုပ်ပြီး တိုင်းပြည် ကို မတည် ငြိမ်အောင် လုပ်နေ တယ် လို့ ယူဆသူ တပ်မတော် အကြား ထိပ်တိုက် ရင်ဆိုင် မှု တွေ မကြာ ခဏ ဖြစ်ပွား ခဲ့ ပါတယ်။ အဲဒီ ထဲက ဘုန်းမော် နှစ်ပတ် လည် နေ့နဲ့ တံတားဖြူ နှစ်ပတ် လည် နေ့ အရေး အခင်း တွေကို တပ်မတော် က ဖြိုခွဲ ပြီးခဲ့ ချိန်မှာ တော့ ပါတီဝင် လူငယ် အတော် များများ ထိန်းသိမ်း ခံခဲ့ရတဲ့ အတွက် တပ် မတော် နဲ့ အဓိက အတိုက် အခံ ပါတီ ကြား ယုံကြည်မှု ဟာ အတော် ကို ဆိုးဆိုး ရွားရွား ပျက်ယွင်း ခဲ့ရ ပါပြီ ….။

တပ်မတော် အနေနဲ့ ဆူပူမှု တွေ မဖြစ်ပွား ဖို့  ရည်ရွယ် ပြီး ထုတ်ပြန် ခဲ့ တဲ့ အမိန့် ကြေငြာချက် တွေ ဟာ ဒီမိုကရေစီ မကျတဲ့ အတွက် လိုက်နာ စရာ မလိုဘူး ဆိုတဲ့ အယူအဆ တစ်ရပ် ဟာ ပြည်သူ လူထု ကြား အတော် ကို ရေပန်းစား လာခဲ့ ပြီး ၂၁.၆. ၈၉ ရက် နေ့ မှာ တော့ အဓိက အတိုက် အခံ ပါတီကြီး က ထုတ်ဝေ တဲ့ စာရွက် စာတမ်းတိုင်း မှာ အများ သဘော မတူ တဲ့ အမိန့် အာဏာ ဟူ သမျှ တာဝန် အရ ဖီဆန် ကြ ဆိုတဲ့  ဆောင်ပုဒ် ဟာ အမြဲ လိုလို နေရာ ယူလာ ခဲ့ပါပြီ။ ဒါဟာ လက်ခုပ်သံ တစ်ဖြောင်း ဖြောင်း ဆူညံ သွားစေ ခဲ့ပြီး ပါတီ အပေါ် လူထု ထောက်ခံမှု အမြောက် အများ ရရှိ ခဲ့ ပေမယ့် တိုင်းပြည် တစ်ခုလုံး မီးဟုန်းဟုန်း တောက်ခဲ့ တာ တစ်နှစ် ပဲ ရှိသေး ပြီး အခြေ အနေ ကို တည်ငြိမ် အောင် မနည်း ထိန်းသိမ်း နေရ တဲ့ အစိုးရ တစ်ရပ် အဖို့ တော့ အတော့် ကို စိတ်ပျက် ဖို့ ကောင်း တဲ့ အယူ အဆ တစ်ခု လည်း ဖြစ်ပါတယ်။

အဲဒီ နောက်ပိုင်း မှာ တော့ တပ်မတော် အနေ နဲ့  ဒီ အတိုက် အခံ ပါတီ ဟာ သူတို့ ကို ထိပ်တိုက် ရင်ဆိုင်ရေး (Confrontation) နည်းလမ်း တွေပဲ သုံးပြီး အမြဲ ဘေးကျပ် နံကျပ် ဖြစ်အောင် လုပ်နေ တယ် လို့ ယူဆ စပြု လာ ပါပြီ .....။

တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ ဟာ ၂၀.၇.၈၉ ရက်နေ့ စီးနင်းမှု အပြီးမှာ ခြံဝင်းတွင်း နေထိုင် သူ ၄၀ ကို ခေတ္တ ထိန်းသိမ်း ခဲ့ပြီး သိမ်းဆည်း ရမိ သမျှ စာရွက် စာတမ်း အမြောက် အများ ကိုလဲ သူတို့ မှာ နဂို ရရှိ ထားတဲ့ သတင်း အချက် အလက်တွေ နဲ့  တိုက်ဆိုင် စစ်ဆေး ခဲ့ပါတယ်။ အဲဒီထဲ ကမှ ကေအန်ယူ ဗဟို ဥက္ကဌ ဗိုလ်ချုပ်မြ က အတိုက် အခံ ခေါင်းဆောင် တွေ ထံ လိပ်မူ ရေးသား ထားတဲ့ စာနဲ့  ဗကပ ဗဟို ကော်မတီ ရဲ့ ကြေငြာ ချက် စာတမ်း အတော် များများ ကို တွေ့ ရှိရခြင်း ဟာ တပ်မတော် ကို တော့ အတော့် ကို ယမ်းပုံ မီးကျ ဖြစ်စေ ခဲ့ ပါတယ် .....။

ဒီမိုကရေစီ အရေး အတွက် စစ် အစိုးရနဲ့ ဆန့် ကျင်ဖက် ဘယ် အဖွဲ့ အစည်း နဲ့ မဆို မိတ်ဆွေ အဖြစ် ဆက်သွယ် ရမယ် ဆိုတဲ့ အယူ အဆ ဟာ အပြင် အရပ်သား တစ်ယောက် အနေ နဲ့ တော့ ဘာမှ သိပ် မထူးခြား လှပေ မယ့် စစ်သား တစ်ယောက် အတွက် တော့ ၁၉၄၈ က တည်း က တဂျိမ်းဂျိမ်း တိုက်ခဲ့ ရတဲ့ စစ်ပွဲ တွေမှာ သူတို့ စစ်သည် တွေ ရဲ့ အသက် အမြောက် အများ ကို ချွေယူ ခဲ့တဲ့ ရန်သူ တွေနဲ့  အ ဆက် အသွယ် လုပ်နေ တယ် ဆိုတဲ့ အဖြစ် ဟာ ခါးသီး ဖို့ ကောင်း လှတဲ့ ဧရာမ နာကျည်း စရာ ကိစ္စ ကြီး တစ်ခု ဖြစ်နေ ခဲ့ပါ တယ်။ ပြဿနာ ကို ပိုမို ဆိုးရွား စေခဲ့တာ ကတော့ ထိန်းသိမ်း ခဲ့သူ ၄၀ ထဲ က တစ်ဦး ဟာ တောတွင်း က ရောက်ရှိ နေပြီး နိုင်ငံခြား သံရုံး များ နဲ့ အဆက် အသွယ် ယူဖို့ စောင့်ဆိုင်း နေတဲ့ ABSDF က တာဝန် ခံ စိုးမြတ်သူ ဆိုသူ ဖြစ်နေ တာ ပါပဲ …..။

(၈)

၁၉၉၀ မေ၂၇ ရက် နေ့ ရန်ကုန် မြို့ ရဲ့ ညနေခင်း လေထု ဟာ ဆူညံ အော်ဟစ် စိတ်လှုပ်ရှား သံတွေ နဲ့ ပြည့်နှက် နေပါ တယ်။ ရွေး ကောက် ပွဲ မဲ အနိုင် အရှုံး ကို စောင့်ဆိုင်း နေတဲ့ လူအုပ်ကြီး ရဲ့ အသံ ကြားထဲမှာ မဲစာရင်း ကြေငြာ နေတဲ့ ရုပ်မြင် သံကြား က အသံ ဟာ တစ်ချက် တစ်ချက် မှ သဲ့သဲ့ ပဲ ထိုးဖောက် နိုင်ပါတယ်။ ဒီ မဲ အနိုင် အရှုံး စာရင်း ဟာ အနာဂတ် မြန်မာ့ သမိုင်း မှာ တပ်မတော် ကို တစ်ချိန် လုံး ဖိအား ပေးခံရ မယ့် ဆုံးဖြတ်ချက် တစ်ခုရဲ့ သန္ဓေ တည်ရာ အစ လည်း ဖြစ် သလို တိုင်းပြည် ကို ချွတ်ခြုံ ကျသွား စေမယ့် စီးပွားရေး ပိတ်ဆို့ မှု အများ အပြား ရဲ့ မြစ်ဖျားခံရာ လည်း ဖြစ်ပါ တယ် ….။

၁၉၈၈ နိုဝင်ဘာ ၂၅ ရက် နေ့ မှာ အတိုက် အခံ ပါတီကို တည်ထောင် သူ သုံးဦး ထဲက တစ်ဦး ဟာ ပါတီတွင်း ကွန်မြူနစ် ၀ါဒ စိမ့်ဝင် လွှမ်းမိုး နေမှုနဲ့ ပတ်သက် လို့ ပါတီ ဗဟို ကော်မတီ အစည်း အဝေးမှာ တင်ပြ ခဲ့ရာက ပါတီ တွင်း သဘော ထား ကွဲလွဲမှု တွေ အကြီး အကျယ် ဖြစ်ပွား ခဲ့ပါတယ်။ ဒီဖြစ်ရပ် ဟာ တင်ပြသူ အပါ အ၀င် ဗဟို ကော်မတီ ၀င် ၁၃ ဦး နူတ်ထွက် ခဲ့ရုံ သာ ထင်ရ ပေ မယ့် ဗမာပြည် ကွန်မြူနစ် ပါတီ ရဲ့ အနှစ် လေးဆယ် ရန်သူ တော်ကြီး တပ်မတော် အတွက် တော့ အင်မတန် အန္တရာယ် ကြီး တဲ့ ခြိမ်းခြောက် မှုကြီး တစ်ခု လို ရှုမြင် ခဲ့ပြီး အတိုက် အခံ ပါတီ အပေါ် သတိ ကြီးကြီး နဲ့ စောင့်ကြည့် တဲ့ အနေ အထား ကို ဖြစ်ပေါ် စေခဲ့ ပါတယ် …။

၁၉၈၈ နောက်ပိုင်း တပ်မတော် အပေါ် ယုံကြည်မှု ကင်းမဲ့ ခဲ့တဲ့ အတိုက် အခံ ပါတီကြီး ဟာ တပ်မတော် ကလဲ သူ့ အပေါ် အယုံ အကြည် မရှိတော့ စေမယ့် လှုပ်ရှား မှု အများ အပြား ကို ဆောင်ရွက် ခဲ့ ပါ တယ်။ သူတို့ ရဲ့ မြေအောက် အဖွဲ့ အစည်း တောတွင်း လက်နက် ကိုင် အဖွဲ့ အစည်း အများ အပြား နဲ့ ဆက်သွယ် ဆောင်ရွက်မှု တွေ ကို တပ်မတော် အနေနဲ့ က တော့ သူ တို့ ကို ပူးပေါင်း ဖြိုခွဲ ဖို့ ပြင်ဆင် နေတယ် လို့ ပဲ ရှုမြင် ခဲ့ပြီး ရွေး ကောက် ပွဲ မဲဆွယ် ကာလ အတွင်းမှာ ပါတီ ခေါင်းဆောင် တွေရဲ့ တပ်မတော် အပေါ် ပုတ်ခတ် ပြောဆို ခဲ့တဲ့ ဖြစ်ရပ် တွေ ဟာ ဒီ သံသယ ကို ပိုမို ခိုင်မာ လာစေ ခဲ့ ပါတယ် ….။

ပါတီ ထဲကို ဥဒဟို ၀င်ထွက် နေတဲ့ နိုင်ငံခြား တိုင်းပြည် တွေက သံတမန် တွေနဲ့  အဖွဲ့ အစည်း အတော် များများ ဟာ တံခါး ပိတ် ၀ါဒ ကို ၂၆ နှစ် ကျင့်သုံး လာပြီး နိုင်ငံခြား တိုင်းပြည် တွေနဲ့ လုံးဝ နီးပါး အဆက် အဆံ မရှိခဲ့ တဲ့ စစ်တပ် တစ်ခု အဖို့ တော့ ဒီဖြစ်ရပ် တွေရဲ့ နောက်ကွယ် မှာ ပြည်ပ စွက်ဖက်မှု ပါဝင နေပြီ လို့  အသေ အချာ ကောက်ချက် ချ စေခဲ့ ပါတယ် ..။

၁၉၉၀ ခုနှစ် ရဲ့ မငြိမ်မသက် ကာလ တစ်ချို့ မှာ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဟာ ပြည်တွင်း နိုင်ငံရေး သမား အချို့ နဲ့ ပြည်တွင်း ပြည်ပ သံတမာန် အများ အပြား ပါးစပ် အဟောင်း သား ဖြစ်သွား စေမယ့် ခြိမ်းခြောက်မှု တစ်ခု ကို ခပ်ပြောင် ပြောင် ပဲ ထုတ်ဖော် ပြောကြား ခဲ့ပါ တယ်။

သံတမာန် တွေရဲ့  နိုင်ငံရေး အတွေ့ အကြုံ အရ ရွေးကောက် ပွဲ ကို တာဝန်ယူ ကျင်းပ ပေးနေပြီး အထက် အောက် အမိန့် နာခံ မှု အလွန် အားကောင်း တဲ့ ဧရာမ လက်နက် ကိုင် အဖွဲ့ အစည်းကြီး ရဲ့ ခေါင်းဆောင်တွေ အပေါ် ပါတီ အာဏာ ရရှိ ခဲ့ ရင် အရေး ယူမှု တွေ ပြုလုပ် သွားမယ် ဆိုတဲ့ အပြော မျိုး ဟာ သမိုင်းမှာ အကြာ ဆုံး ပြည်တွင်း စစ်ဖြစ် နေပြီး စစ်ဖက် က နိုင်ငံရေး မှာ ပါဝင် ပတ်သက် မှု သိပ် မြင့်မား တဲ့ မြန်မာ နိုင်ငံ လို တိုင်းပြည် မျိုး အတွက် တော့ အင်မတန် မိုက်မဲ ပြီး အဆင် အခြင် ကင်းမဲ့ တဲ့ လုပ်ရပ် တစ်ခု လို့  ရှုမြင်ပုံ ရကြ ပါတယ် …။

ဒီ အဖြစ် အပျက်တွေ ရဲ့ အကျိုးဆက် ဟာ ၁၉၉၀ မေလ ၂၇ ရက် နေ့ ရွေးကောက် ပွဲ ရလဒ် တွေ ထွက်ပေါ် လာချိန် မှာ တော့ စပြီး အသက်ဝင် လှုပ်ရှား လာခဲ့ ပါပြီ …..။

(၉)

၁၉၉၀ ရွေးကောက် ပွဲ မဲ ရလဒ် ဟာ တပ်မတော် အစိုးရ အဖို့  ရွေးကောက်ပွဲ မတိုင်မီ လ အတန်ကြာ တည်းက တင်ပြ လာတဲ့ တပ်မ တော် ထောက်လှမ်း ရေး ရဲ့ လူထု ထောက်ခံမှု အခြေ အနေ အစီရင် ခံစာ တွေနဲ့  သိပ်ပြီး ကွဲလွဲမှု မရှိလွန်း သည့် တိုင် အံ့အား တော့ အတော် သင့် သွား စေခဲ့ ပါ တယ်။

အမတ် နေရာ ၄၄၇ ဦး ၀င်ပြိုင် တဲ့ အနက် ၃၉၂ ဦး အနိုင် ရခဲ့တာ သည် အမတ် နေရာ ၄၈၅ နေရာ သာ ရှိတဲ့ လွှတ်တော် အတွက် ပါတီ တစ်ခု တည်း ရဲ့ အဆုံး အဖြတ် မူဝါဒ နဲ့ သာ ရှေ့ ကို ဆက်လက် ခုတ်မောင်း တော့ မယ့် သဘော လည်း ဖြစ် သလို အတိုက် အခံ ပါတီ အနေနဲ့ လည်း တပ်မတော် ရဲ့ တစ်ခု တည်းသော ဆုတ်ခွာ ရာ လမ်းကို ဖြတ်တောက် ပိတ်ဆို့ စေလိုက် မိပြီ ဖြစ်ပါ တယ် …။

ရွေးကောက်ပွဲ ပြီး နိုင်ငံရေး အခြေ အနေ အရပ်ရပ် ဟာ အာဏာ လွှဲပြောင်း မယူမီ ကာလ က တပ်မတော် ကြီး မျှော်လင့် ထားတဲ့  အခြေ အနေ တွေနဲ့ တော့ အတော့် ကို ကွာဟ နေပါ တယ်။

သူ့ ရဲ့ နိုင်ငံ ကို တည်ငြိမ် အောင် ထိန်းသိမ်း တဲ့ အစီအစဉ် မှာ ပြည်သူ လူထု ကြား ထောက်ခံမှု ဟာ သူ ထင်တာ ထက် ပိုပြီး ကျဆင်း သွားတဲ့ အချက် နဲ့  ရွေးကောက်ပွဲ နိုင် အဓိက အတိုက် အခံ ပါတီကြီး က သူ့ ရန်သူ မြေအောက် အဖွဲ့ အစည်း အတော် များများ နဲ့ အ ဆက် အသွယ် ပြုလုပ်ခဲ့ ပြီး သူ့ ကို ရန်သူ လို ပြင်းပြင်း ထန်ထန် တုန့် ပြန် လာတာ တွေ ဟာ လွတ်လပ် တရား မျှတ တဲ့  ရွေးကောက် ပွဲ အပြီး စစ်တန်းလျား ကို အေးအေး ဆေးဆေး ပြန်သွား ဖို့  သူ ဆွဲ ထားတဲ့ စီမံချက် ထဲမှာ လုံးဝ မပါဝင် ခဲ့တဲ့ အချက် တွေ ဖြစ်ပါ တယ်။ သူ့ အတွက် ကတော့ သတ်ကွင်း ထဲကို အလိုလို ၀င်ရောက် နေလျှက် မိသား ဖြစ်သွား ခဲ့ပါပြီ …။

ဒါပေမယ့် လည်း စတင် ဖွဲ့ စည်းခဲ့ တဲ့ အချိန် ကတည်း က ဟိုး ရေခဲဖုံး တောင်တန်း တွေရဲ့ အခြေ ကနေ ကမ်းရိုးတန်း စိမ့်စမ်း ရွံ့ ညွှန် တွေ ကြား ရိုးမ တောနက် တွေ ပါ မကျန် မြန်မာ ပြည် အနှံ့ အနှစ် လေးဆယ် လုံးလုံး ထောင်း လမောင်း ကြေ အောင် တိုက်ပွဲဝင် လာ ခဲ့ တဲ့ စစ်တပ် တစ်ခု အတွက် တော့ ဒီ အခြေအနေ ဟာ ခက်ခဲ ပေမယ့် လည်း လက်နက် ချရ တော့ မယ် လို့တော့ လုံးဝ အဓိပ္ပာယ် မရပါ ဘူး။ ကျဉ်းထဲ ကျပ်ထဲ ဆိုတဲ့ စကားလုံး ဟာ သူ့ ရဲ့ အဘိဓာန် မှာ တစ်နေ့ ကို သုံးလေးခါ လောက် အမြဲ သုံးစွဲ နေရ တဲ့ စကားလုံး လည်း ဖြစ်ပါ တယ်။

လက်ရှိ အခြေအနေ ဟာ သူ့ အနေ နဲ့ အကျ အဆုံး ကြီးကြီး မားမား မရှိဘဲ နောက်ဆုတ် လို့ မရတော့ သလို ဒီနေရာ မှာ အမြဲ တပ်စွဲ ထားဖို့ မဖြစ် နိုင်ဘူး ဆိုတာလည်း သူ ကောင်းကောင်း စစ်ရေး သုံးသပ် အကဲဖြတ် ခဲ့ ပြီးပြီ ဖြစ် ပါတယ်။

တပ်မတော် အနေ နဲ့ မဟာ ဗျူဟာ အစီအစဉ် ကြီင်္း တစ်ခု ကို အရေးတကြီး ဆွဲဖို့ လိုအပ်  နေပြီ ဖြစ်ပြီး ဒီ အစီအစဉ် ကြီး ထဲမှာ သူ့ ကိုယ် သူ အင်အား တောင့်တင်း အောင် တည်ဆောက် တဲ့ စီမံချက် နဲ့ လက်ရှိ အခြေ အနေ က ဆုတ်ခွာ တဲ့ အခါ မှာ ရန်သူ အနေ နဲ့ နောက် က ထပ်ချပ် လိုက်  စစ်မဆင် နိုင်အောင် အဆင့်ဆင့် ဟန့် စစ်ဆင် ပြီးမှ ဆုတ်ခွာ မယ့် စီမံချက် တွေ ဟာ မပါ မဖြစ် ပါဝင် ရမယ့် အချက် တွေ ဆိုတာ သူ ကောင်းကောင်း သဘောပေါက် နှင့် ပြီးပါ ပြီ ...။

အခုက တော့ သူတို့ အနေနဲ့ ဒီ မဟာ ဗျူဟာ အစီအစဉ် ကြီး ကို မလွဲ မသွေ အကောင် အထည် ဖော်ရ ပါတော့ မယ် …။ ဒါဟာ ရွေး ကောက် ပွဲ အနိုင်ရ ပါတီ အတွက် ခါးသီး တဲ့ အရှုံး ခေါင်းလောင်း ထိုးသံ ဖြစ်သလို ကမ္ဘာ မှာ အကြာ ဆုံး စစ် အုပ်ချုပ်ရေး တစ်ခု ရဲ့ စာ မျက်နှာ နံပါတ် တစ် လည်း ဖြစ်ပါ တယ် ….။

မြန်မာ ပြည် စစ် မျက်နှာ အသီးသီး က တောတွင်း လက်နက် ကိုင်တွေ နဲ့  အပစ်အခတ် ရပ်စဲရေး ညှိနိုင်း ဖို့ ထွက်ခွာ တော့ မယ့် တပ်မတော် ထောက်လှမ်း ရေး တပ်ဖွဲ့ တွေ ရဲ့ ခရီး အစ ဖြစ် သလို ငြိမ်းချမ်းရေး ကို လက်မခံ မယ့် အဖွဲ့ အစည်း တစ်ချို့ ရဲ့ နောက်ဆုံး ရွှေရောင် တောက် ချိန် လည်း ဖြစ်ပါ တယ် ..။

အနှစ် ၂၀ အုပ်ချုပ်ရေး အာဏာ ကို ဆက်ယူ လိုက်လို့ ဘေးထွက် ဆိုးကျိုး အမျိုးမျိုး နဲ့  အာဏာရှင် တပ်မတော် လို့  အထင် လွဲ နာမည် ပျက် ခံရ တော့ မယ့် သီချင်း တစ်ပိုဒ် ရဲ့ ခြေဆင်း ဖြစ်သလို နောင် အနာဂတ် အနေ အထား အခင်းအကျင်း အမျိုးမျိုး အတွက် စနစ် တကျ ပြင်ဆင် ဖွဲ့ စည်း လေ့ကျင့် ပြီး ခေတ်မီ စစ် လက်နက် တွေ တပ်ဆင် လာတော့ မယ့် ယန္တရား တပ်မတော် တစ်ခု ရဲ့ အရုဏ်ဦး လဲ ဖြစ်ပါ တယ် ...။

(၁၀)

၂၀၀၂ ခုနှစ် ဒီဇင်ဘာ လ ရဲ့ သာမန် နေ့ လည် ခင်း တစ်ခု မှာ ရန်ကုန် မြို့ ရေဝေး သုသာန် ထဲကို E 2000 ရုံး ကား အပြာ နှစ်စီး ဟာ တိတ်တိတ် ဆိတ်ဆိတ် ၀င်ရောက် လာပါတယ်။ လည်ဂတုံး အကျီ င်္အဖြူ နဲ့ တိုက်ပုံ ၀တ် လူရွယ် အချို့ ဟာ အချိန် အနည်းငယ် အတွင်း မှာပဲ သုသာန် ရဲ့ နေရာ အနှံ့ အပြား မှာ ကျင့်သား ရစွာ နေရာ ယူ ပြီးသွားပြီး ပါပြီ။

ဒါဟာ မကြာမီ ရောက်ရှိ လာမယ့် ကားလေး ငါးစီး သာ ပါဝင်တဲ့ အသက် ၉၁ နှစ် ရွယ် ပုဂ္ဂိုလ် တစ်ဦးရဲ့ နာရေး ကို စောင့်မျှော် နေတာ ဖြစ် သလို ပြိုလဲ ကျဆုံး သွားတဲ့ ခေတ် တစ်ခေတ် ရဲ့ နောက်ဆုံး လက်ကျန် ကို နူတ်ဆက် နေတာ လည်း ဖြစ်နိုင် ပါတယ်။ သတင်းစာ တစ်ခု နှစ်ခု မှာ အပိုင်း တိုလေး အနေနဲ့ သာ ဖော်ပြခြင်း ခံရ မယ့် နိုင်ငံတော် သမ္မတ ဟောင်း တစ်ဦး ရဲ့ ဈာပန အခမ်း အနား လည်း ဖြစ် သလို စစ် အစိုးရ ရဲ့ နောက်ကွယ် က တစ်ချိန်လုံး ချုပ်ကိုင် နေသူ လို့  စွပ်စွဲ နေတဲ့ ပါးစပ် အတော် များများ ကို အာစေး ထည့်လိုက် သလို ဖြစ်သွား စေတဲ့ အခမ်းအနား လည်း ဖြစ်ပါ တယ်။

သူတို့ အမြဲ တွေးနေ ကျ စစ် အုပ်စု ခေါင်းဆောင် သေဆုံး သွားရင် ဆိုတဲ့  မျှော်လင့်ချက် ဟာ လုံးဝ ပါးလျ ပျောက်ဆုံး ခဲ့ ပါပြီ။ ပုဂ္ဂိုလ် ကြီး ဟာ ၉၁ - ၉၂ ခုနှစ် ရဲ့ နောက်ပိုင်း ကတည်း က မြန်မာ့ နိုင်ငံရေး ဇာတ်ခုံ ပေါ်က အပြီးဆင်း သွားခဲ့ ပုံ ရပါ တယ် …..။

၁၉၉၀ ဇူလိုင် ၂၈ မှာ ရွေးကောက် ပွဲ အနိုင်ရ ပါတီ ဟာ ရန်ကုန် မှာ ရှိတဲ့ ဂန္ဒီ ဟော မှာ တောင်းဆိုချက် တစ်ခု ကို တောင်းဆို ခဲ့ပါ တယ်။ အဲဒါ ကတော့ သူတို့ ကို အာဏာ လွှဲပေး ဖို့ ဖြစ်ပြီး ပြီးခဲ့ တဲ့ ကာလ က တပ်မတော် ရဲ့ ဆောင်ရွက် ချက် တစ်ချို့ အပေါ် အရေး ယူမှု ရှိနိုင် တယ် ဆိုတာ ကိုပါ အရိပ် အမြွှက် ထည့်သွင်း ကြေငြာ ခဲ့ပါတယ်။ ဒီ ဖြစ်ရပ် ဟာ တပ်မတော် အတွက် တော့ ပြတ်ပြတ် သား သား ဆုံးဖြတ်ချက် တစ်ခု ကို သေသေ ချာချာ ချဖြစ် သွားစေ ခဲ့တဲ့ ဖြစ်ရပ် လည်း ဖြစ် ပါတယ် ..။

သူတို့ အနေနဲ့ သူတို့ ရဲ့ ရန်သူ တော် အဖွဲ့ အစည်း တွေ စိမ့်ဝင် နေတဲ့ ရန်သူ တွေ နဲ့ အဆက် အသွယ် အမြောက် အမြား ပြုလုပ် နေတဲ့ အဖွဲ့ အစည်း ကို အာဏာ ကို လွှဲပေး တော့မယ် မဟုတ် ပါဘူး။ ဒါဟာ ကြောင်းကျိုး မညီညွတ် ပေ မယ့် လည်း တပ်မတော် ကို တူးတူး ခါးခါး မုန်းနေ တဲ့ ကာလ မှာ ဒီလို အဖွဲ့ အစည်း လက်ထဲ အာဏာ ကို လွှဲပေးခဲ့ ရင် တပ်မတော် အနေနဲ့ ကိုယ့် သေတွင်း ကိုယ်တူး သလို ဖြစ်မယ် ဆိုတာ တော့ သူတို့ ကောင်း ကောင်း ရိပ်စား မိပုံ ရပါ တယ်။

သူတို့ ရဲ့ ရန်သူ တောတွင်း အဖွဲ့ အစည်း တွေ ဟာ တပ်မတော် ရဲ့ ခေါင်းဆောင် ပိုင်းတွေ ကို ရှင်းထုတ် ပြစ်ရုံ သာမက တပ်မတော် အင်အား ကို ချိနဲ့ သွားစေ မယ့် နိုင်ငံရေး ဆုံးဖြတ်ချက် အမျိုးမျိုး ထွက်ပေါ် လာအောင် နောက်ကွယ် က ကြိုးကိုင် ထိန်းချုပ် တော့မယ် ဆိုတာ တပ်မတော် ရဲ့ တတိယ မျိုးဆက် ခေါင်းဆောင် ငယ်တွေ အထိ ရှင်းရှင်း လင်းလင်း သိမြင် ပုံရ ပါတယ်။ အဲဒီ သမိုင်းဝင် ဆုံးဖြတ် ချက် ရဲ့ နောက်ပိုင်း မှာ တော့ တပ်မတော် ရဲ့ မဟာ ဗျုဟာ စီမံချက် ကြီး ဟာ စတင် အသက်ဝင် လည်ပတ် ပါပြီ ...။

ဒီ အစီအစဉ် မှာ ဘာတွေ ပါဝင်တယ် ဆိုတာ ဘယ်သူမှ အတိ အကျ မသိနိုင် ပေမယ့် ခေတ်မီ တပ်မတော် တည်ဆောက် ရေး၊ နိုင်ငံ ရေး သမား တွေ အနေနဲ့ တပ်မတော် ကို ဖြိုခွဲ မယ့် ဥပဒေ ဆုံးဖြတ် ချက်တွေ ပြုလုပ် လို့ မရ အောင် အနာဂတ် နိုင်ငံရေး မှာ အချိန် အတိုင်း အတာ တစ်ခု အထိ တပ်မတော် က ဆက်လက် ပါဝင် နေရေး၊ အနာဂတ် ကာလ တပ်မတော် ဟာ အရေး အခင်း ကာလ လို အခြေ အနေ မျိုး ထပ်ဖြစ် ခဲ့ ရင် တောင် ဘယ်သူ မှ ထပ်မံ မခြိမ်းခြောက် နိုင်တော့ တဲ့ လုံခြုံ စိတ်ချ ရတဲ့ အနေ အထား မျိုး ရှိရေး နဲ့  စစ်တန်း လျား ပြန်ချိန် မှာ တပ်မတော် ကို မလိုလား သူတွေ အနေနဲ့ အုပ်ချုပ်ရေး အာဏာ မရှိတော့ တဲ့ တပ်မတော် ကို နောက် ကနေ ထပ်ချပ် မကွာ လိုက်စစ် ဆင် လို့ မရ အောင် ဟန့် စစ် အတား အဆီး သဘော အဖြစ် အသွင် ကူးပြောင်းရေး ကာလ တစ်ခု သတ်မှတ် ကာ ခွာစစ် စီမံ ချက် အတိုင်း အဆင့် ဆင့် ဆုတ်ခွာ ခြင်း စတဲ့ ရှုပ်ထွေး လွန်း လှတဲ့ စီမံချက် ကြီးတွေ အများ အပြား ပါဝင်ပုံ ရပါ တယ် ...။

မဟာ ဗျုဟာ ကြီး တစ်ခုလုံး ဟာ ဆယ် စုနှစ် နဲ့ ချီပြီး ကြာမြင့် နိုင်ပေမယ့် လည်း ဒုတိယ ကမ္ဘာစစ် စစ်ကြို ကာလ တည်းက မငြိမ်း ချမ်း ခဲ့တဲ့ ၊ လွတ်လပ်ရေး ရပြီး ကတည်း က အနှစ် လေးဆယ် ကျော် ပြည်တွင်း စစ် ကို လက်ရှိ ချိန် ထိ ဆင်နွှဲ နေရ ပြီး ရန်ကုန် မြို့ ကွက်ကွက် လေး သာ ကျန်တဲ့ ထိ ခြိမ်းခြောက် ခံခဲ့ ရတဲ့  ကမ္ဘာပေါ် မှာ တောတွင်း လက်နက် ကိုင် အဖွဲ့ အစည်း အရေ အတွက် အများဆုံး ရှိနေတဲ့ တိုင်းပြည် က တပ်မတော် တစ်ခု အတွက်တော့ သိပ် ထူးဆန်း လှတယ် မဟုတ် လှ ပါဘူး .....။

ငြိမ်းချမ်းရေး မရရှိပဲ တိုင်းပြည် မတိုးတက် နိုင်ဘူး ဆိုတာ ရယ်၊ ငြိမ်းချမ်းရေး ရဖို့ အတွက် ခိုင်မာ ပြီး အင်အား ကောင်း တဲ့ တပ်မ တော် တစ်ခု ရှိဖို့ လိုတယ် ဆိုတဲ့ အချက် တွေဟာ ပြည်တွင်း စစ်ကြီး က တပ်မတော် ကို သေသေ ချာချာ သင်ကြား ပေး လိုက် တဲ့ သင်ခန်းစာ တွေ ဖြစ်ပုံ ရပါ တယ်။ မြန်မာ့ သမိုင်း ရဲ့ တစ်ဆစ်ချိုး အချိုး အကွေ့ တစ်ခု တော့ အသစ် စရ ပြန်ပါပြီ  ...။

ခေတ်မီ တပ်မတော် တည်ဆောက် ဖို့  စီမံချက် ရဲ့ အစိတ် အပိုင်းတွေ အဖြစ် လက်နက်ကိုင် တောတွင်း အဖွဲ့ အတော် များများ ဟာ အပစ် အခတ် ရပ်စဲရေး ကမ်းလှမ်း ခံရတော့ မှာ ဖြစ်ပြီး လက်မခံ တဲ့ အဖွဲ့ အစည်း တွေ ဟာ မကြာခင် ကာလ မှာ အသစ် တိုးချဲ့ ဖွဲ့ စည်း တော့မယ့် တိုက်ခိုက်ရေး တပ်မ အများ အပြားရဲ့ ပြင်းထန် တဲ့ ထိုးစစ် တွေ အရ ပြိုကွဲ လု နီးပါး ချေမှုန်း ခံရတော့ မှာ ဖြစ်ပါ တယ် ……။

ဆက်ရန်

ရဲမိုး

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်