Pages

Tuesday, January 14, 2014

ကွယ်လွန်သူ အစ္စရေး ဝန်ကြီးချုပ် ဟောင်း အတွက် နိုင်ငံတော် ဝတ်ပြု ဆုတောင်းပွဲ ကျင်းပ



ကွယ်လွန်သူ ဝန်ကြီးချုပ် ဟောင်း အာရီယယ် ရှာရွန် အတွက် နိုင်ငံတော် ဝတ်ပြု ဆုတောင်းပွဲ အခမ်း အနား ကို အစ္စရေး နိုင်ငံ မြို့တော် ဂျေရု ဆလင် ၌ ကျင်းပလျက် ရှိကြောင်း ဒေသ ဆိုင်ရာ သတင်း ဌာနများက ဇန်နဝါရီ ၁၃ ရက် တွင် သတင်း ထုတ်ပြန် သည်။ ကြီးမြတ် သော စစ် ခေါင်းဆောင် နှင့် နိုင်ငံ့ အကြီးအကဲ တစ်ဦး အဖြစ် အစ္စရေး ပြည်သူများ ၏ လေးစားမှု ကို ခံယူ ရရှိသူ ရှာရွန် သည် ရှစ်နှစ် ကြာမျှ သတိ လစ် မေ့မျော နေခဲ့ပြီး နောက် အသက် ၈၅ နှစ် အရွယ် တွင် ကွယ်လွန် ခဲ့သည်။

ရှာရွန် ကို ၂၀၀၀ ပြည့်နှစ် က ကွယ်လွန် ခဲ့သော ၄င်း၏ ဇနီး လီလီ ၏ အုတ်ဂူ နံဘေး တွင် ဂူသွင်း မြှုပ်နှံမည် ဖြစ်သည် ထိုစဉ် အတွင်း ရှာရွန် ၏ ဈာပန အခမ်းအနား အတွက် အစ္စရေး နိုင်ငံ က လုံခြုံရေး တင်းကျပ် ထားသည်။ ရှာရွန် ကွယ်လွန်မှု နှင့် ပတ်သက်၍ အနောက် ဘက်ကမ်း ဂျီနင်မြို့ ၌ ပါလက်စတိုင်း တို့ အောင်ပွဲခံ လျက် ရှိကြောင်း၊ ရှာရွန် သည် စစ်ရာဇဝတ် မှု ကျူးလွန်သူ အဖြစ် ပါလက်စတိုင်း တို့က ရှုမြင် ကြကြောင်း ဒေသ ဆိုင်ရာ သတင်းဌာန များက ရေးသား ဖော်ပြ သည်။

ပီတီအိုင်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်