Pages

Tuesday, January 14, 2014

ဈေးသည် ကြီး အွန်လိုင်း စတိုး ကို ယခုလ ဒုတိယပတ် တွင် ဖွင့်လှစ် မည်



My Space International Co.,Ltd. ၏ စနစ် နှစ်မျိုး ဖြင့် ပစ္စည်း မျိုးစုံ ဝယ်ယူ နိုင်သော ဈေးသည်ကြီး အွန်လိုင်း စတိုး ကို ယခုလ ၁၆ ရက် တွင် စတင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ယင်း အွန်လိုင်း စတိုးမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဇာဖြူ က ၁၁-၁-၂၀၁၄ ရက် က ပြောသည်။ အဆိုပါ အွန်လိုင်း ဝန်ဆောင်မှု လုပ်ငန်း တစ်ခု ဖြစ်သော ဈေးသည် ကြီး ဒေါ့ကွန်း (www.zaythegyi.com) အွန်လိုင်း စတိုး Show room ကို လသာ လမ်း နှင့် အနော်ရထာ လမ်းထောင့် တွင် ဖွင့်လှစ် သွားမည် ဖြစ်သည်။ အဆိုပါ အွန်လိုင်း စတိုး တွင် မိုဘိုင်းဖုန်း နှင့် ဆက်စပ် ပစ္စည်းများ၊ အိုင်တီ နှင့် ဆက်စပ် ပစ္စည်းများ၊ ဖက်ရှင် နှင့် အလှကုန် ပစ္စည်းများ အပါ အဝင် အခြား ပစ္စည်း များစွာ ကို အွန်လိုင်း မှ တစ်ဆင့် အလွယ် တကူ ဝယ်ယူ နိုင်မည် ဖြစ်ကြောင်း သိရ သည်။

“အွန်လိုင်း စတိုးမှာ ဝယ်ယူ သူတွေကို အိမ်တိုင်ရာ ရောက် အခမဲ့ ဝန်ဆောင်မှု စနစ် နဲ့ ဝန်ဆောင်မှု ပေးပါတယ်။ ပစ္စည်း ရောက်ရှိမှ ငွေပေးချေ တဲ့ စနစ်ပါ။ ဒီစနစ် က ရန်ကုန် မြို့တွင်းမှာ ပဲ ဝန်ဆောင်မှု ပေးတဲ့ စနစ် ပေါ့နော်။ နောက် တစ်နည်း က ဘဏ်က ငွေလွှဲချေ စနစ် ဖြစ်ပါ တယ်။ ဒီစနစ် ကတော့ မြန်မာ တစ်နိုင်ငံလုံး ကို ဝန်ဆောင်မှု ပေးသွား မှာပါ။ ငွေလွှဲ ဝန်ဆောင်မှု ပေးမယ့် ဘဏ် ကတော့ ယူနိုက်တက် အမရ ဘဏ် နဲ့ ချိတ် ဆက် ထားပါတယ်” ဟု အထက် ပါ အွန်လိုင်း စတိုးမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဇာဖြူ က ပြောသည်။

အဆိုပါ အွန်လိုင်း စတိုးတွင် အသုံးပြု နိုင်မည့် နည်းစနစ် များကို ထည့်သွင်း ပေးထားပြီး ဝယ်ယူ မည့် ပစ္စည်း ဈေးနှုန်း များကိုလည်း အတိ အကျ ဖော်ပြ ပေးထား ကြောင်း ၎င်းက ဆို သည်။ “အဓိက ကတော့ ရန်ကုန် မှာ ဆိုရင် ကားတွေ ကျပ်ပြီး အချိန် ကြန့်ကြာ စရာ မလိုဘဲ အွန်လိုင်း က တစ်ဆင့် အလွယ် တကူ ဝယ်ယူ နိုင်အောင် စီစဉ် ပေးထား တာပါ။ မြန်မာ နိုင်ငံ အနေနဲ့ အွန်လိုင်း က တစ်ဆင့် ဈေးဝယ် တာဟာ ပြည်ပ နိုင်ငံ တွေနဲ့ ယှဉ်ရင် နည်းနေ သေး ပေမယ့် နောက်ပိုင်း ကာလ တွေမှာ ဖွံ့ဖြိုး တိုးတက်မှု ရှိလာမယ် လို့ ထင်ပါ တယ်” ဟု ယင်းက ဆက်လက် ပြော ကြား ခဲ့သည်။

ပြည်မြန်မာ ဂျာနယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်