Pages

Tuesday, January 14, 2014

ဂျပန် က တရုတ် ငါးဖမ်း စည်းမျဉ်းသစ် ကို ရှုတ်ချ ၍ ပိုင်နက် ရေပြင် ကို ကာကွယ်မည် ဟု ဆို



တရုတ် နိုင်ငံ က တောင် တရုတ် ပင်လယ် အတွင်း ငါးဖမ်းခြင်း အား ကန့်သတ် ချုပ်ချယ် သည့် စည်းမျဉ်း အသစ် ထုတ်ပြန် ခြင်းကို ဂျပန် နိုင်ငံ က အမေရိကန် ပြည်ထောင်စု နှင့် အတူ တနင်္ဂနွေ နေ့ တွင် ဝေဖန် လိုက်သည်။ ယမန်နှစ် က လေကြောင်း ရန် ကာကွယ်ရေး ဇုန် အသစ် သတ်မှတ် ခြင်း နှင့် ငါးဖမ်းခြင်း ကို ကန့်သတ် ချုပ်ချယ်ခြင်း တို့သည် နိုင်ငံ တကာ အသိုက်အဝန်း ကို တုန်လှုပ် သွားစေ သည်ဟု ဂျပန် က ဆိုသည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့ ၏ လေထီး တပ်က ဝေးလံ သော အရပ်ရှိ ကျွန်းများ အား ပြန်လည် သိမ်းပိုက်ခြင်း၊ ကာကွယ်ခြင်း တို့ အတွက် စစ်ရေး လေ့ကျင့် နေ သည်ကို ကာကွယ်ရေး ဝန်ကြီး အီဆူနိုရီ အိုနိုဒီရာ က သွားရောက် ကြည့်ရှု ပြီးနောက် ယင်း ကဲ့ သို့ ဝေဖန်ခြင်း ဖြစ်သည်။ 

မိမိ ပိုင်ဆိုင်သော ရေပြင် ကဲ့သို့ မှတ်ယူပြီး တစ်ဖက်သတ် ငါးဖမ်း သင်္ဘောများ အပေါ် ကန့်သတ် ချုပ်ချယ်ခြင်း သည် နိုင်ငံ တကာ အသိုင်း အဝန်း က သည်းခံ နိုင်အောင် လုပ်ဆောင်ချက် မဟုတ် ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီး က ပြောကြား သည်။ တရုတ် နိုင်ငံ က ယင်းသို့ ငါးဖမ်း သင်္ဘော များကို ကန့်သတ် ချုပ်ချယ်ခြင်း နှင့် လေကြောင်း ရန် ကာကွယ်ရေး ဇုန် သတ်မှတ် ခြင်း တို့ အပေါ် ဂျပန် နိုင်ငံ အတွက် သာမက နိုင်ငံ တကာ အတွက်ပါ စိုးရိမ်ဖွယ် ရာ ဖြစ်သည် ဟု အိုနိုဒီရာ က သတင်းထောက် များ ကို ပြောကြား သည်။

ဝါရှင်တန် ကလည်း ယင်း ငါးဖမ်း သင်္ဘောများ ကို ကန့်သတ် သည့် စည်းမျဉ်း သစ်သည် ရန်စ လှုံ့ဆော် သော အန္တရာယ် များပြား လာနိုင် သည့် စည်းမျဉ်း ဖြစ်သည် ဟု ပြောကြား ခဲ့သည်။ တနင်္ဂနွေ နေ့ တရုတ် သင်္ဘောများ ဝင်ရောက် ခဲ့ခြင်း နှင့် ပတ်သက် ၍ အိုနိုဒီရာက နေက်ထပ် ဤကဲ့ သို့ ထပ်မံ ဝင်ရောက် မှုများကို လျစ်လျူရှု ထားမည် မဟုတ်ကြောင်း၊ သံတမန် နည်းလမ်း အရ လည်းကောင်း၊ ကမ်းခြေ စောင့် တပ်ဖွဲ့များ နှင့် ပူးပေါင်း ၍ လည်းကောင်း ၄င်းတို့ ပိုင်နက် နယ်မြေ နှင့် ရှင်ကာကူကျွန်း ပတ်လည်မှ ၄င်းတို့ ပိုင်နက် ရေပြင် ကို ကာကွယ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရိုက်တာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်