Pages

Tuesday, January 14, 2014

အာဆီယံ အဆင့်မြင့် စီးပွားရေး အရာရှိကြီး များ ပထမဆုံး အစည်း အဝေး စတင်



အာဆီယံ ဥက္ကဋ္ဌ ရာထူး လက်ခံ ရယူ ထားသော မြန်မာ နိုင်ငံ တွင် ၂၀၁၄ ခုနှစ် အတွက် အာဆီယံ စီးပွားရေး ဆိုင်ရာ အစည်း အဝေးများ ၏ ပထမဆုံး အစည်း အဝေး ဖြစ်သော အာဆီယံ အဆင့်မြင့် စီးပွားရေး အရာရှိကြီး များ အစည်း အဝေး ကို ဇန်နဝါရီ လ ၁၃ ရက်နေ့ တွင် နေ ပြည်တော် ၌ စတင် ပြုလုပ် လျက် ရှိသည်။ အဆိုပါ အစည်းအဝေး သည် (၄၅) ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီး များ အစည်း အဝေး အတွက် အကြို ညှိနှိုင်း စည်းဝေးပွဲ ဖြစ်ပြီး အာဆီယံ ဥက္ကဋ္ဌ မြန်မာ နိုင်ငံ က ဦးဆောင် ကာ ၂၀၁၄ ခုနှစ် တွင် လုပ်ဆောင် မည့် ဦးစားပေး ဆောင် ရွက် ချက် များကို ဆွေးနွေး မည် ဖြစ်ကြောင်း နိုင်ငံခြား စီးပွား ဆက်ဆံရေး ဦးစီး ဌာန ဒုတိယ ညွှန်ကြား ရေးမှူး ချုပ် ဒေါက်တာ သန်းထွဋ် က ပြောကြား သည်။

ကုန်စည်နှင့် ဝန်ဆောင်မှု၊ ရင်းနှီး မြှုပ်နှံမှု၊ အသေးစား နှင့် အလတ်စား လုပ်ငန်း များ၊ ဥာဏ ပစ္စည်း မူပိုင်ခွင့်၊ ယှဉ်ပြိုင် နိုင်စွမ်း မူဝါဒ၊ စားသုံးသူ ကာကွယ်ရေး နှင့် အငြင်းပွား မှု ဖြေရှင်း ရေး နည်းလမ်း များကို အာဆီယံ စီးပွားရေး အသိုက် အဝန်း အတွင်းရှိ သက်ဆိုင် ရာ လုပ်ငန်း အဖွဲ့များ အကြို ဆွေးနွေး ညှိနှိုင်း မှုများ ပြုလုပ် မည် ဖြစ်ကြောင်း ၄င်းက ပြောကြား သည်။ အဆိုပါ အစည်း အဝေး ကို နှစ်ရက် ဆက်တိုက် ပြုလုပ် မည် ဖြစ်ပြီး တတိယ နေ့တွင် Committee of the Whole (COW) အစည်း အဝေးကို ပြုလုပ် မည် ဖြစ်ကြောင်း နှင့် ယင်းနေ့ တွင် ပင် ဂျပန် နိုင်ငံ စီးပွားရေး၊ ကုန်သွယ် မှုနှင့် စက်မှု ဝန်ကြီး ဌာနနှင့် အာဆီယံ နိုင်ငံများ ဆွေးနွေး မည် ဖြစ်သည်။ အာဆီယံ စီးပွားရေး အသိုက် အဝန်း ဖြစ်ပေါ် လာရေး အတွက် ကော်မတီ များနှင့် လုပ်ငန်း အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက် လျက် ရှိရာ ယခု အစည်း အဝေး တွင် စိုက်ပျိုး ရေး၊ ဘဏ္ဍာ ရေး၊ စွမ်းအင်၊ ဓါတ် သတ္တု၊ အိုင်စီတီ၊ သယ်ယူ ပို့ဆောင်ရေး၊ ဟိုတယ် နှင့် ခရီးသွား လာရေး ကဏ္ဍ များ ကိုလည်း ဆွေးနွေး မည် ဖြစ်ကြောင်း ယင်း အစည်းအဝေး အစီ အစဉ်များ ထုတ်ပြန် ချက် အရ သိရသည်။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်