Pages

Tuesday, January 14, 2014

တရုတ် နိုင်ငံ၌ ကျည်ဆန် ရထား အမျိုးအစား သစ် ပြည်တွင်း နည်းပညာ ဖြင့် ထုတ်လုပ် မည်



တရုတ်နိုင်ငံ သည် ကျည်ဆန် ရထား အမျိုးအစား သစ်ကို ပြည်တွင်း နည်းပညာ ဖြင့် ထုတ်လုပ် သွားနိုင်ရန် သုတေသန လုပ်ငန်း များ ကို လုပ်ကိုင် သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် ရထား လုပ်ငန်း ကုမ္ပဏီက ပြောကြား သည်။ ယခုနှစ် အတွင်း ကျည်ဆန် ရထား ထုတ်လုပ်မှု နည်းပညာ အတွက် သုတေ သန လုပ်ငန်း များကို အရှိန် အဟုန် မြှင့်တင် သွားမည် ဖြစ်ပြီး ကျည်ဆန် ရထား တည်ဆောက်ရာ တွင် အဓိက အသုံး ပြုရန် လိုသော စက် ပစ္စည်း အစိတ်အပိုင်း များကို ပြည်တွင်း ၌ ဒီဇိုင်း ပုံစံ ထုတ်လုပ် ကာ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် နှစ်ကုန် ထက် နောက်မကျ ဘဲ ကျည်ဆန် ရထားသစ် တစ်စင်း ကို ပြည်တွင်း နည်းပညာ ဖြင့် ထုတ်လုပ် နိုင်ရန် ရည်မှန်း ထား ကြောင်း သိရ သည်။ တရုတ် နိုင်ငံ သည် လောလောဆယ် တွင် ကျည်ဆန် ရထား ထုတ်လုပ် နိုင်ရန် စက်ခေါင်း များ၊ ဘရိတ် များနှင့် ထိန်းချုပ် ရေး ဆော့ဖ်ဝဲ တို့ကို ပြည်ပ ကုမ္ပဏီများ မှ ဝယ်ယူ တင်သွင်း နေရဆဲ ဖြစ်သည်။ နိုင်ငံ တကာ ကျည်ဆန် ရထား ထုတ်လုပ်ရေး လုပ်ငန်း တွင် အယ်လ်စတမ်၊ ဆီးမင်း နှင့် ကာဝါဆာကီ အကြီးစား စက်မှု လုပ်ငန်း ကုမ္ပဏီများ က နည်းပညာ အရ လွှမ်းမိုး ထားဆဲ ဖြစ်သည်။

ဆင်ဟွာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်