Pages

Tuesday, January 14, 2014

ဝင်ငွေခွန် ပေးဆောင် ရန် လိုအပ် သူများ အား အသိပေး

ဖော်ပြပါ ဝင်ငွေ ရရှိပါသော ပုဂ္ဂိုလ်များ သည် ဝင်ငွေ ခွန်ထမ်း ဆောင်ရန် လိုအပ် ပါကြောင်း အသိပေးအပ် ပါသည်။ အဆိုပါ ပုဂ္ဂိုလ် များမှာ -

(၁) လစာ ခေါင်းစဉ် တွင် အကျုံးဝင် သော လစာ၊ လုပ်ခ၊ နှစ်စဉ် ကြေး၊ ပင်စင်၊ ကရုဏာ ကြေး၊ လစာ လုပ်ခ အစား သို့မဟုတ် ယင်း တို့ အပြင် ထပ်ဆောင်း ရရှိ သည့် အခ ကြေးငွေ၊ ကော်မရှင် နှင့် အကျိုး ခံစားခွင့် တစ်နှစ် စုစုပေါင်း ဝင်ငွေ ၁၄၄ဝဝဝဝ ကျပ် အထက် ရရှိသူ၊
(၂) အသက် မွေးဝမ်း ကျောင်း ပညာ လုပ်ငန်း၊ စီးပွားရေး လုပ်ငန်း၊ ပစ္စည်း နှင့် အခြားရ လမ်းများ မှ စုစုပေါင်း ဝင်ငွေ ကျပ် ၁၂ဝဝဝဝဝ အထက် ရရှိသူ၊
(၃) သမဝါယမ အသင်း၊ သမဝါယမ အသင်းစု၊ သမဝါယမ အသင်းစု ချုပ် သို့မဟုတ် ဗဟို သမဝါယမ အသင်း များ ဖြစ်ပါ က စုစုပေါင်း ဝင်ငွေ ကျပ် ၁၂ဝဝဝဝဝ အထက် ရရှိသူ
(၄) နှစ်တစ်နှစ် အတွင်း တစ်ခု သို့မဟုတ် တစ်ခု ထက် ပိုသည့် အခြေ ပစ္စည်း ကို ရောင်းချ ခြင်း၊ လဲလှယ်ခြင်း၊ အခြား တစ်နည်းနည်း ဖြင့် လွှဲပြောင်း ခြင်း ပြုလုပ် သည့် တန်ဖိုး သည် ကျပ် ၅ဝဝဝဝဝဝ ထက် ပို၍ မြတ်စွန်းငွေ ရရှိသူ ။

ကြေးမုံ သတင်းစာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်