Pages

Saturday, February 9, 2013

သမ္မတဦးသိန်းစိန် နော်ဝေသို့ ပထမဆုံးအကြိမ် သွားရောက်မည်


တပ်မတော်အစိုးရ လက်ထက်တွင် အတိုက်အခံ အင်အားစုများကို အဓိက ထောက်ပံ့ခဲ့ေ သာ နော်ေ ဝနိုင် ငံ သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သွားရောက်မည်ဖြ စ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ “သမ္မတကြီးခရီးစဉ်နဲ့ ပတ်သက်ပြီးေ  ဆွးနွေးနေ ဆဲပါ။ အစီအစဉ်နဲ့ ခရီးစဉ်အတိအကျတော့ မသိရသေးပါဘူး” ဟု ၎င်းက ထပ်လောင်းပြော ကြားပါသည်။ 
 
သမ္မတကြီး ဦးသိန်းစိန်သည် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် နော်ဝေနိုင်ငံသို့ လာရောက် မည်ဖြစ်ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးသွားရန် ရှိကြောင်း နော်ေ ဝနိုင်ငံအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၃ ရက်ေ န့ က နော်ဝေနိုင်ငံ ဝန်ကြီးချုပ် H.E.Mr.Jens Stoltenberg မြန်မာနိုင်ငံ သို့ ရောက် ရှိ လာပြီး နိုင် ငံေ တာ် သမ္မတ ဦးသိန်းစိန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္က ဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီရန် ကတိပေးပြောကြား ခဲ့သည်။ နော်ဝေနိုင်ငံသည် တပ်မတော် အစိုးရလက်ထက် တစ်လျှောက်တွင် မြန်မာနိုင်ငံကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြုလုပ်ရန် တွန်းအားပေးခဲ့ပြီး ဒီမိုကရေစီ အင်အားစုများကို အဓိကထောက်ပံ့ကာ အစိုးရဆန့်ကျင်ရေး မီဒီယာများနှင့် တိုင်းရင်းသား အတိုက်အခံ ခေါင်းဆောင်များကို အခြေ ချ နေထိုင်ခွင့်ပေးထားသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။
 
 နော်ဝေနိုင်ငံ အခြေစိုက် နိုဘယ် လ်ငြိမ်း ချမ်း ရေးဆုကော်မတီက ၁၉၉၂ ခုနှစ် တွင် မြန်မာအတိုက်အခံ ခေါင်းဆောင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို နို ဘယ်လ်ငြိမ်းချမ်းရေး ဆုချီးမြှင့်ခဲ့သည်။ နော်ဝေနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်း အလဲများပြုလုပ်ပြီးနောက်တွင် ငြိမ်းချမ်းရေးဖော်ေ ဆာင် မှု လုပ်ငန်းများ၊ ပညာရေး၊ ကျန်း မာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်း သား ဒေသများ ဖွံ့ဖြိုးရေး၊ မြေမြှုပ်မိုင်းရှင်းလင်းရေး ကိစ္စများတွင် ပါဝင်ကူညီ လျက်ရှိပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဥက္ကဋ္ဌ အဖြစ်ဆောင် ရွက်နေသော မြန်မာငြိမ်းချမ်းရေးစင်တာကို အဓိကထောက်အ ပံ့ ပေးလျက် ရှိ သည်။ မြန်မာ အစိုးရက နော်ဝေနိုင်ငံ အပေါ်တင်ရှိနေသော ကြွေးမြီအမေရိကန် ဒေါ်လာ ၅၃၄ သန်း ကို နော်ေ ဝအစိုးရက လျှော်ပစ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းစာ၏ ထုတ်ပြန်ကြေညာချက်အရ သိရ သည်။
 
 နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၅၆ ခုနှစ်ကတည်းက သံတမန်အဆက်အသွယ် ရှိခဲ့သော် လည်း မြန်မာနိုင်ငံ၌ အခြေစိုက်သံရုံး ဖွင့်လှစ်ခဲ့ခြင်းမရှိဘဲ သံတမန်ရေးများ ကိစ္စရပ်များကို ရန်ကုန် အခြေစိုက် ဗြိတိသျှ သံရုံးနှင့်ဘန်ကောက် အခြေစိုက် နော်ဝေသံရုံးတို့က တာဝန် ယူ ဆော င် ရွက်ပေးလျက်ရှိကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ် The Voice ဂျာနယ် တွင် ဖော်ပြ ထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်