Pages

Thursday, February 14, 2013

လိုက်ဘေးရီးယား၌ လေယာဉ် ပျက်ကျမှုတွင် ဂီနီ စစ်ဘက် ခေါင်းဆောင်နှင့် အရာရှိများ သေဆုံး

 
လိုက်ဘေးရီးယားနိုင်ငံ မြို့တော် မွန်ရိုးဗီးယားအနီး ဖေဖော်ဝါရီ ၁၀ ရက်က လေယာဉ်တစ်စင်း ပျက် ကျမှုတွင် ဂီနီစစ်ဘက် ခေါင်းဆောင်အပါအ၀င် အခြား ၁၀ ဦး သေဆုံးကြောင်း သိရသည်။ ဂီနီ တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဆောလီမာနီကလီဖာဒီယာလိုသည် လိုက်ဘေးရီးယားနိုင်ငံ နှစ်ပတ်လည် တပ်မတော်နေ့ကို တက်ရောက်ဂုဏ်ပြုရန် ဂီနီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး လိုက်ပါ လာခြ င်းဖြစ်သည်။ အဆိုပါ လေယာဉ်သည် တောနက်ထူထပ်သော သစ်တောအတွင်းသို့ ထိုးဆင်း သွား ခဲ့ပြီးနောက် လိုက်ပါလာသူ စစ်ဘက်ဆိုင်ရာ အရာရှိခြောက်ဦးနှင့် လေယာဉ်အမှုထမ်း ငါးဦးစလုံး အ သက် ရှင်ကျန်ရစ်ခြင်း မရှိကြောင်း သိရသည် လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကို ရှင်းလင်းစွာ မသိရသေးကြောင်း လိုက်ဘေးရီးယား ကာကွယ်ရေးဝန်ကြီး ဘရောင်နီဆာမူကီ က ပြော ကြားခဲ့သည်။ ယင်းလေယာဉ်သည် မွန်ရိုးဗီးယား အပြည်ပြည်ဆိုင် ရာ လေဆိပ်အနီး ချာလက်စ်ဗီလီတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း လိုက်ဘေးရီးယား ပြန် ကြားေ ရး ၀န်ကြီးဌာနက ပြော ကြား သည်။ လေယာဉ် ပျက်ကျသည့် နေရာသို့ လိုက်ဘေးရီးယားသမ္မတ အီလန်ဂျွန်ဆန်သည် ဂီနီသံအမတ်နှင့်အတူ သွားေ ရာက်ခဲ့ပြီး ၀မ်းနည်းကြေကွဲဖွယ် နေ့တစ်နေ့အဖြစ် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်ဟု ဆိုသည်။

BBC

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်