Pages

Tuesday, September 17, 2013

အမြင် အားကောင်း စေမည့် အကျင့် ခုနှစ် ရပ်



အမြင် အာရုံကို ကောင်းမွန် အောင် ဂရုစိုက် ပေး တာက ဘဝ အရည်အသွေး ကို  တိုးတက် စေ ပါတယ်။ အောက်ပါ အကျင့် ကောင်း တွေ ကို ထိန်းသိမ်း နေထိုင် တာကြောင့် အမြင် အာရုံ ကို ကောင်းမွန် စေ ပါတယ်။

(၁) မျက်စိကို နေကာ မျက်မှန် ကာကွယ်ပါ

နေရောင် ခြည် ရဲ့ အန္တရာယ် ရှိတဲ့ ခရမ်းလွန် ရောင်ခြည် တွေ ဟာ မျက်စိ ကို ထိ ခိုက်မှု ဖြစ် စေပြီး အတွင်းတိမ် ရောဂါ နဲ့ မက်ကူလာ ယိုယွင်းမှု တို့ ဖြစ်နိုင် ခြေမြင့် တက် စေ ပါ တယ်။ နေရောင်ထဲတွင် ကြာ ကြာနေသူတွေ၊ အတွင်းတိမ် ခွဲစိတ်မှု ခံယူ ထားသူတွေနဲ့ ဆီးဆေး၊ တက်ထရာဆိုက် ကလင်းလို တချို့ဆေးတွေ မှီဝဲနေသူတွေ အနေနဲ့ မျက်စိ ကို ခရမ်းလွန် ရောင် ခြည် နဲ့ မထိတွေ့ သင့် ပါဘူး။ ဒါ့ အပြင် နေကာ မျက်မှန် ဟာ ခရမ်းလွန် ရောင် ခြည် ဒဏ် ကြောင့် မျက်စိ အမြင် အာရုံ မထိခိုက် အောင် ကာကွယ် ပေး ပါတယ်။
 

(၂) ဆေးလိပ်မသောက်ပါနှင့်

ဆေးလိပ် သောက် တာ ကြောင့် အ တွင်းတိမ် ရောဂါ ဖြစ်စေ နိုင် သလို မက်ကူ လာ ယိုယွင်း ပျက်စီး မှု ဖြစ်နိုင် တဲ့ အန္တရာယ် ကိုလည်း မြင့်တက်စေပါတယ်။ ဆေးလိပ် သောက်တဲ့သူတွေက ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အစားအသောက်နဲ့ အရက် သောက်တဲ့အခါ အမြင်အာရုံဆုံးရှုံးစေနိုင် တဲ့ စက္ခုအာရုံကြောထိခိုက်မှုကို ဖြစ်စေ နငို ပ်ါတယ။် ဆေးလပိေ် သာကတ်ာကြောင့် မျက်စိခြောက်သွေ့မှုဖြစ်တတ်သူတွေမှာ မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်နိုင်ခြေ ပိုများပါ တယ်။

(၃) အယ်လ်ကိုဟော လျော့သောက်ပါ

အရက် သောက် တာ ကြောင့် မျက်စိ အပါအဝင် ခန္ဓာကိုယ် ကို ရေဓာတ်ခန်း ခြောက်မှု ဖြစ်စေ နိုင် ပါတယ်။ မျက်စိ ခြောက်သွေ့တဲ့ ဝေဒနာ တွေ က အရက် သောက် တဲ့ အခါ ပိုဆိုးနိုင် ပါတယ်။ အရက် ကို ပမာဏ များများ သောက်တာ ကြောင့် အာဟာရ ချို့တဲ့မှု ပြဿနာ တွေ ကို ဖြစ်စေ နိုင် ပြီး စက္ခု အာရုံ ကြော ဆိုင်ရာ ရောဂါ ကို ဖြစ်စေ နိုင် ပါတယ်။

(၄) သွေးတွင်း သကြားဓာတ် ထိန်းချုပ်

အဆီဓာတ်နဲ့ သကြား ဓာတ် များ တဲ့ အစာတွေကို စားတာ ကြောင့် သွေးတွင်း သကြားဓာတ် အတက်အကျဖြစ်စေတဲ့ အန္တရာယ်ကို မြင့်တက်စေပြီး ဆီးချိုရော ဂါကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိရင် သွေး တွင်း သကြားဓာတ် ကို တည် ငြိမ်အောင် မထိန်း နိုင်တဲ့ အခါ အတွင်း တိမ်ရောဂါနဲ့ ရေတိမ်ရောဂါအပြင် ဆီးချို ကြောင့် မျက်စိအာရုံခံလွှာရောင်ရမ်းမှုတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ် ထိန်းချုပ်နိုင်မယ့် အစာ တွေကို စားသင့်ပါတယ်။

(၅) သွေးဖိအားနှင့် ကိုလက်စရောကို ပုံမှန်ထိန်းပါ

သွေးတိုးတာကြောင့် မျက်စိအာရုံခံ လွှာရောင်ရမ်းမှု ဖြစ်စေနိုင်ပြီး ကုသမှု မ ခံယူရင် မျက်စိမမြင်နိုင်တဲ့အထိ ဖြစ်စေ နိုင်ပါတယ်။ သွေးတိုးတာကြောင့် မျက်စိ မှာ အာရုံခံလွှာရောင်ရမ်းတာ၊ ရေတိမ် ဖြစ်တာနဲ့ မက်ကူလာယိုယွင်းပျက်စီးတာ တို့ကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကို လက်စထရောများတဲ့အပြင် သွေးတိုးတာ ကြောင့် လေဖြတ်နိုင်တဲ့ အန္တရာယ်ကို လည်း မြင့်တက်စေပါတယ်။

(၆) အင်တီအောက်ဆီဒင့် များသော အစာကိုစားပါ

အင်တီအောက်ဆီးဒင့်ပါတဲ့ အစား အသောက်တွေကို စားတာကြောင့် မက် ကူလာယိုယွင်းမှု ဖြစ်နိုင်ခြေကို ၂၅ ရာခိုင် နှုန်း နှေးကွေးစေပါတယ်။ အင်တီအောက် ဆီးဒင့်ဟာ အတွင်းတိမ်ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။ ဗီတာမင်အေဟာ မျက်စိအာရုံခံလွှာကျန်းမာရေးအတွက် အရေးပါပြီး အရောင်နဲ့ ညဘက်မမြင် တာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လူတင်နဲ့ ဇီဇန်သင်းတို့လို အာဟာရဓာတ် တွေဟာ မက်ကူလာယိုယွင်းမှုမဖြစ်အောင် ကာကွယ်ပေးသလို အိုမီဂါ ၃ ဖက်တီး အက်စစ်ဟာ မျက်စိခြောက်သွေ့မှုနဲ့ မျက် စိစွန်တာ မဖြစ်အောင် ကာကွယ်ပေးပါ တယ်။

(၇) မျက်စိကို ပုံမှန်စစ်ဆေးမှု ခံယူပါ

ပုံမှန် မျက်စိစစ်ဆေးမှု ခံယူတာဟာ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါ တယ်။ မျက်စိကို စစ်ဆေးတာကြောင့် မျက်စိရောဂါတွေအပြင် ခန္ဓာကိုယ်ရော ဂါတွေကိုလည်း သိရှိနိုင်လို့ပါ။

ကြယ်စင်
Good Health

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်