Pages

Tuesday, January 22, 2013

ဒီမိုကရေစီ ဘိုးအေ အမေရိကန် တွင် ခွဲထွက်လိုသော ပြည်နယ်အား အိမ်ဖြူတော်မှ ခွဲထွက်ခွင့် မပေး


တက္ကဆပ်ပြည်နယ်အားအမေရိကန်ပြည်ထောင်စုမှ ခွဲထွက်ခွင့် ပြု ရန် တောင်းဆိုမှုသည် အမေရိ က န် ပြ ည်ထောင်စု အားတည်ထောင်ခဲ့ သည့် ပုဂ္ဂိုလ်များ၏ မူရင်းဆန္ဒနှင့် ကိုက်ညီခြင်းမရှိသဖြင့် ၄င်းတောင်း ဆို မှုအား လိုက်လျောမည် မဟုတ် ကြောင်းအမေရိကန်သမ္မတအိမ်တော် အိမ်ဖြူက ပြန်လည်ဖြေရှင်းခဲ့သည် ဟုသိရသည်။
သမ္မတအိုဘားမားဒုတိယသက်တမ်း ပြန်လည် ရွေးကောက် ခံရပြီးနောက် မကြာမီတွင် လူ ၁၂၅ဝဝဝ သည် တက္ကဆပ်ပြည်နယ် အားအမေရိကန်ပြည်ထောင်စုမှ ခွဲ ထွက်ခွင့်ပြုရန် လက်မှတ် ထိုးထားသည် တောင်း ဆို မှုတစ်ခုကိုတင်ပြ ခဲ့သည်။ လူ ၂၅ဝဝဝ ကျော် က လက်မှတ်ထိုးတောင်းဆိုပါကအိမ် ဖြူသည် ၄င်းေ တာင်းဆိုချက်ကို ရက်သုံးဆယ် အတွင်း ဖြေရှင်းပေးရကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုသည် တည်တန့်ခိုင်မြဲသော ပြည်ထောင်စုတစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ် ပြီးယုံကြည်မှုများ၊ အမြင်များမတူညီမှုများကိုလည်းဆွေးနွေးငြင်းခုန် ခွင့်ပြုထားကြောင်း ဒီမိုကရေစီ ဆို သည်မှာ ဆူညံကာ အငြင်းပွားစရာ ကောင်းမှသာ စည်ပင်ဖွံ့ဖြိုးမည် ဖြစ် သောကြောင့် မည်သ ည့် ငြ င်းခုန်မျိုး မဆိုပြုလုပ်နိုင်ကြောင်း သို့သော် ၄င်း ငြင်းခုန်မှုများ သည် နိုင်ငံပြိုကွဲအောင် လုပ်လာပါက သည်း ခံနေမည် မဟုတ် ကြောင်း အိမ်ဖြူ၏ အများပြည်သူဆိုင် ရာ စေ့စပ်ဆွေးနွေးရေး ညွှန်မှူး ဂျွန် ကာဆင်က အမေရိကန်သမ္မတ ဟောင်း အေဘရာဟမ်လင်ကင်း ၏ သမ္မတ ရာထူး ယူမိန့်ခွန်းနှင့် အမေရိကန်ပြည် တွင်း စစ်ပြီးနောက် တရားရုံးချုပ် ၏ ဆုံးဖြတ်ချက်တို့ကို ကိုးကားပြောဆိုခဲ့သည်။

ယခုတောင်းဆိုမှုကိုတက္ကဆပ် ပြည်နယ်အမျိုးသားအစောင့်တပ် သားလည်းဖြစ်သလို အာလင်တန်ရှိ တက္က ဆပ်တက္ကသိုလ်မှ အင်ဂျင်နီယာဘာသာရပ် ကျောင်းသားလည်းဖြစ် သည့် မီကာဟာ့ဒ်ကကမက ထပြုေ တာင်းဆိုခဲ့ခြင်းဖြစ်သည်။ ၄င်း တောင်း ဆိုချက် တွင် ပြည်ထောင်စုအစိုးရ၏ပြုပြင်ပြောင်းလဲမှု များလုပ်ေ ဆာင်ရန် နှောင့်နှေးမှုကြောင့် စီးပွားရေးအကျပ်အတည်းများ ဖြစ်လာရကြောင်းတက္ကဆပ်ပြည်နယ် စီးပွားေ ရးအနေအထားနှင့် မျှတသောဘဏ္ဍာရေးအခြေအနေများကြောင့် ပြည်ထောင် စုခွဲထွက်လျှင်လည်း အ ကျိုးမယုတ် နိုင်ကြောင်းထို့ပြင် ပြည်ထောင်စုအစိုးရသည် အမေရိကန်ပြည်ထောင်စု ကိုတည်ထောင်ခဲ့ သ ည့် ပုဂ္ဂိုလ်များ ၏ ခံယူချက်များနှင့် အမြင်များ ကွဲပြားနေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

Messenger
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်