Pages

Thursday, January 16, 2014

ထိပ်တိုက် ရင်ဆိုင်ရေး လမ်းစဉ် မှား နှင့် NLD

ကျွန်တော် တို့ မြန်မာ နိုင်ငံ မှာ ခိုင်မာ တဲ့  အဓိက အင်စတီ ကျူးရှင်း ကြီး နှစ်ခု အနေနဲ့ အမျိုး ဘာသာ သာသနာ ကို အဓိက ထား ကာကွယ် စောင့် ရှောက် နေ တဲ့ သံဃာ့ အဖွဲ့ အစည်း နဲ့ နိုင်ငံ တော် ၊ အခြေခံ ဥပဒေ နဲ့ အမျိုး ဘာသာ သာသနာ  ကို ကာကွယ် စောင့်ရှောက် နေတဲ့ တပ်မတော် ဆိုတာ ရှိတယ် .... အတိုက် အခံ တွေ အနေ နဲ့   ဒီ အဖွဲ့ အစည်းကြီး တွေ နဲ့ သင့်တင့် အောင် နေဖို့ လိုတယ် ... စည်းရုံး ရေး လုပ်ရ မယ့် နေရာ မှာ ယခင့် ယခင် က အငြိုး အတေး တွေ မုန်းတီး ချက် တွေ ကြောင့် ထိပ်တိုက် ရင်ဆိုင်ရေး လမ်းစဉ် ကို နေရာတကာ မှာ လုပ်နေ လို့ မရ ပါဘူး .... ဘာ ကြောင့် လဲ ဆိုတော့ တပ်မတော် အနေနဲ့ အင်အား ၅ သိန်း လောက် ရှိတယ် ... သူ့ မှာ လဲ သူနဲ့ ဆက်နွယ် ရာ ပတ်သက် ကြောင်း မိဘ ဆွေမျိုး အသိုင်း အ၀ိုင်း အထိုက် အလျှောက် ရှိနေ တယ် .... ဒီ နေရာ မှာ ဒီမဲ လောက် ကတော့ ဂရု စိုက် နေစရာ မလိုဘူး လို့ ပြော လိမ့်မယ် .... မှန် ပါတယ် .... ဒီ မဲ ကို ဂရု စိုက်ဖို့ မလို ပါဘူး ... ဂရု စိုက် ရမှာ က လွှတ်တော် ထဲ က ၂၅% ဖြစ် ပါတယ် .... သံဃာ အင်အား ၅ သိန်း လောက် ရှိတယ် .... ဒီမှာ ကတော့ မြန်မာ နိုင်ငံ ရဲ့ လူဦး ရေ ၇၀% လောက် ကို ဆရာ တော် တွေ ဟာ ထိမ်းချုပ် နိုင်တဲ့ အနေ အထား မှာ ရှိ ပါတယ် .... ဘာကြောင့် လဲ ဆိုတော့ မြို့ပြ ပဲ ဖြစ်ဖြစ် ကျေးလက် ပဲ ဖြစ်ဖြစ် ဆရာတော် သံဃာ တော် တွေ ဟာ ကျွန်တော် တို့ ဗုဒ္ဓ ဘာသာ ၀င်တွေ အပေါ်မှာ ဆရာ လို ၊ မိဘ လို ဆုံးမ ပဲ့ပြင် လမ်းညွှန် ပြသ နေတဲ့ ပုဂ္ဂိုလ် တွေ ဖြစ် နေလို့ ပါပဲ ..... ဒီ မဲ ကိုတော့ ဂရု စိုက် သင့် ပါတယ် ....

ဒီ အဖွဲ့ အစည်း တွေ နဲ့ ကောင်းမွန် တဲ့ ဆက်ဆံရေး ဖြစ်အောင် ညှိနှိုင်း ရင်ကြားစေ့ ရမယ့် နေရာ မှာ အတိုက် အခံ ဘက်တော်သား တွေ  လို့ သူတို့ ကို သူတို့ ခံယူထား တဲ့ ပုဂ္ဂိုလ် တွေ ဟာ ထိတ်တိုက် ရင်ဆိုင် ရေး လမ်းစဉ် ကို ကျင့်သုံး လာတယ် .... တပ်မတော် ကို တိုက်ခိုက် တယ် စော်ကား တယ် ... ဒါကြောင့် တပ်မတော် ရဲ့ စတုတ္တ မျိုးဆက် ခေါင်းဆောင် တွေ ၊ ပဉ္စမ မျိုးဆက် ခေါင်းဆောင် ငယ် တွေ နဲ့ တပ်မတော် နဲ့ နီးစပ်တဲ့ အသိုင်း အ၀ိုင်း တွေ ဟာ အတိုက် အခံ အဖွဲ့ အစည်း နဲ့ အတိုက် အခံ အဖြစ် ထိပ်တိုက် ပြန်လည် ရင်ဆိုင် လာ တယ် ....

ထိုနည်း ၄င်းပဲ ဆရာတော် သံဃာ တော်တွေ ရဲ့ ၉၆၉ တရား ဟောကြား ချက် တွေ ၊ အမျိုးစောင့် ဥပဒေ ပြဌာန်း ဖို့ လုပ်ဆောင် ရာ တွေ ၊ အမျိုး ဘာသာ သာသနာ အကျိုး ဆောင်ရွက်ချက် တွေ နဲ့ သံဃာ့ အစည်း အဝေး တွေ ရဲ့ ကြေငြာ ချက်တွေ အပေါ် မှာ လဲ အတိုက်အခံ အဖွဲ့ အစည်း ခေါင်းဆောင် အနေ နဲ့ ဖာသိ ဖာသာ နေခဲ့ ပေမယ့် အတိုက် အခံ ဘက်တော် သား နာမည်ကြီး ပုဂ္ဂိုလ် တွေ ဟာ မျိုးစောင့် ဥပဒေ နဲ့ ပတ်သက် ပြီး နှုတ် က ထုတ်ဖော် တိုက်ခိုက် ခဲ့ ကြတယ် .... ဘာသာရေး ပဋိပက္ခ ကိစ္စတွေ မှာ သံဃာတော် တွေ ရဲ့ ရပ်တည် ချက် ကို ဝေဖန် ပုပ်ခတ် ခဲ့ကြတယ် .... အတိုက် အခံ ခေါင်းဆောင် အနေ နဲ့ ဖာသိဖာသာ နေရတာ ကို လဲ အပြစ် လို့တော့ ပြောလို့ မရပါ ဘူး .... ဘာကြောင့် လဲ ဆိုတော့ သူ့ ရဲ့ နှုတ် ကို ဆွံ့အ နေစေ တဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆု နဲ့ သူ့ရဲ့ လက်သုံး စကား ဖြစ်တဲ့ လူ့ အခွင့် အရေး ဆိုတာ ကြောင့် ဖြစ် ရတာ ပါပဲ ..... အွန်လိုင်း မှာ ဆိုရင် လဲ အတိုက် အခံ ခေါင်းဆောင် ရဲ့ နှုတ်ထွက် စကားလို့ တောင် ယူဆ လို့ ရနိုင်တဲ့ အတိုက် အခံ ပါတီ သတင်း ကို အမြဲ Update တင်ပေး နိုင်တဲ့ နာမည်ကြီး အကောင့် အချို့ မှာ ဆရာတော် တွေ ( အထူးသဖြင့် ဆရာတော် ဦးဝီရသူ ) ကို မိုက်ရိုင်း တဲ့ အသုံး အနှုန်း တွေ အသုံးပြု ပြီး ပယ်ပယ် နယ်နယ် ဝေဖန် တိုက်ခိုက် လာတာ ကို တွေ့လာ ရတယ် .... ဒီ နေရာ မှာ အမျိုးသား ရေး ဆောင်ရွက် တဲ့ အဖွဲ့ အစည်းတွေ နဲ့ အတိုက် အခံ ပါတီ ထိပ်တိုက် တွေ့ လာ ပြန်တယ် ...

ဒီလို နည်းတွေ နဲ့ အွန်လိုင်း မှာ ရော အပြင် လောက မှာ ပါ အတိုက် အခံ နဲ့ အင်အား တောင့်တင်း တဲ့ အင်စတီ ကျူးရှင်း နှစ်ခု ရဲ့ အဖွဲ့ အစည်း တွေ ထိပ်တိုက် တွေ့ လာကြ တာ ပါပဲ .... ကျွန်တော့် အနေနဲ့ ကတော့ တပ်မတော် ဆိုတဲ့ အင်စတီ ကျူးရှင်း ကို တိုက်ခိုက် တာတွေ မှာ ယခင့် ယခင် က မုန်းတီး စိတ် အခံ တွေ ရှိနေတာ ကြောင့် မို့ ထည့်သွင်း မဝေဖန် လို ပေမယ့် သံဃာ ဆိုတဲ့ အင်စတီ ကျူးရှင်း  ကို တိုက်ခိုက်တာ တွေ ကတော့ အတိုက် အခံ အဖွဲ့ အနေနဲ့ မှားယွင်း တဲ့ ထိပ်တိုက် ရင်ဆိုင်ရေး လမ်းစဉ် ( သို့ ) မိမိ ကိုယ် မိမိ ယုံကြည်မှု လွန်ကဲ ခြင်း လို့ ပဲ မြင်တယ် ..... သံဃာ အဖွဲ့ အစည်း နဲ့ ပတ်သက် လာ ရင် မြန်မာ နိုင်ငံ သူနိုင်ငံ သား ဗုဒ္ဓဘာသာ ၀င် တွေ ဟာ အကဲဆတ် တယ် ဆိုတာ ကို ၂၀၀၇ ရွှေဝါရောင် တော်လှန် ရေး ကို ပြန်ကြည့် ရင် တွေ့ နိုင် တယ် ....

ဒါကြောင့် ကိုယ့် အဖွဲ့ အစည်း တောင် မှ အမှန် တကယ် ခိုင်မာ တဲ့ အဖွဲ့ အစည်း ဖြစ်အောင် မပြု လုပ် နိုင်သေး ဘဲနဲ့ သံဃာ့ အဖွဲ့ အစည်း လို အမျိုး ဘာသာ သာသနာ စောင့်ထိန်း ရေး ဆိုတဲ့ ခိုင်မာ တဲ့ ရည်မှန်း ချက် ၊ ရပ်တည်ချက် ရှိနေတဲ့ အဖွဲ့ အစည်း မျိုးနဲ့ ထိပ်တိုက် ရင်ဆိုင် ရင်တော့ အုတ် နံရံ ကို ကြက်ဥ နဲ့ ပေါက်သလို ဖြစ်နေ မှာ ပါပဲ .....

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်