Pages

Saturday, February 9, 2013

Eleven မီဒီယာမှ State-sponsored attackers များက တိုက်ခိုက်သည်ဟု ခေါင်းစဉ် တပ်ကာ အစိုးရမှ ထောက်ပံ့ ပေးသယောင် လိမ်လည် ဖော်ပြခဲ့

ဖေဖော်ဝါရီလ ၈ ရက်နေ့ Eleven မီဒီယာ စာမျက်နှာတွင် State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ် များ ထံ သို့ Google မှ သတိပေးချက်များ ပေးပို့နေ ဆိုသော ခေါင်းစဉ်ဖြင့် သတင်း တစ်ခု တင်ခဲ့သည်ကို တွေ့ လိုက် ရသည်။

အဆိုပါ သတင်းကို Facebook စာမျက်နှာမှ ဖော်ပြသည့်အခါ မည်သည့် အချက်အလက် အသေးစိတ် မှ မပါရှိ ဘဲ ခေါင်းစဉ်တစ်ခုနှင့် link သာ တွဲပြီး ဖော်ပြသည့်အတွက် အင်တာနက်သုံးသည့် ပြည်သူများ အကြား အစိုးရမှ ထောက်ပံ့ပေးထားသည့် အဖွဲ့များ သူတို့ကို တိုက်ခိုက်နေသည်ဟု ထင်မှတ်မှားစေ ခဲ့သည် ကို ပုံပါ မှတ်ချက်များကို ကြည့်က သိနိုင်ပါသည်။ 
 
 
Eleven မှ ဖော်ပြသော မှုံဝါးဝါးပုံနှင့် BHG မှ ဟက်ပြီး ဖော်ပြခဲ့သည့် ပုံ
 

လိမ်လည်ဖော်ပြခြင်း(၁)
 
၎င်းတို့ စာမျက်နှာတွင် ကြည့်ပါက သတင်းဓာတ်ပုံမှာ မှုံဝါးဝါးဖြင့် ပြုလုပ်ထားသည့် မှင်နီ ၀ိုင်း ထားသော သတင်းဓာတ်ပုံသာ ဖြစ်သည်။ သတိပေးစာသားများမှာ Address Bar နှင့် Google Menu များကြားတွင် အပြာရောင် စာလုံးများဖြင့် ရေးသားထားသည်ကိုလည်း ၀ါးပြထားသည်။ စာလုံး အရွယ် အစားမှာလည်း အလွန်သေးငယ်စွာဖြင့် ထိုနေရာအတွင်း ဆံ့အောင် ရေးထားသကဲ့သို့ဖြစ်နေသည်။ အပြာရောင်စာသားဖြင့် ရိုမက်တစ် ဆန်နေခြင်း၊ စာလုံးပုံစံ မမှန်ခြင်း၊ gmail တွင် သတိပေး ဖော်ပြသည့် နေရာ မှားယွင်းနေခြင်း၊ ယနေ့ကာလတွင် မဖြစ်သလောက် ရှားပါသည့် သတိပေးမှု ဖြစ် ခြင်း တို့ကြောင့် Eleven သည် အစိုးရထောက်ပံ့ဆိုသော စကားလုံးကို ဖော်ပြနိုင်ရန်အတွက် ထို တိုက်ခိုက်မှုပုံစံအား Photoshop ဖြင့် လိမ်လည် ဖော်ပြသွားခြင်း ဖြစ်ပါသည်။

 
 
Google Search တွင် အဆိုပါကိစ္စအား စုံစမ်းပါက အလွယ်တကူ သိရှိနိုင်ပါသည်။ သို့သော် သိပါလျှက်နှင့် လိမ်လည် ဖော်ပြခဲ့သည်။

လိမ်လည် ဖော်ပြခြင်း(၂)
 
အဆိုပါ သတိပေးစာမှာ ဂျာနယ်လစ်များထံသို့ ကနဦးအနေဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း ဂျာနယ်လစ်များ၏ အလုပ်နှင့် သက်ဆိုင်သော Gmail Account များထံ ရောက်ရှိခဲ့သည့် အပြင် သတင်းနှင့် ဆက်နွှယ်သော ကွန်ပြူတာ ပညာရှင်အချို့၊ Gmail သုံးစွဲသူ အချို့ထံသို့လည်း ရောက်ရှိခဲ့ကြောင်း သိရပြီး လက်ခံရရှိသူ အများဆုံးမှာ ဂျာနယ်လစ်များ ဖြစ်နေကြောင်း၊ ကျိုဒို သတင်းဌာနမှ တစ်ယောက် ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်း ဖြစ်ကြောင်း အစရှိသည့် ဖော်ပြ ချက်များဖြင့် မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် မီဒီယာ သမား အားလုံးထံသို့ ရောက်သယောာင် ရေးသား ခဲ့သည်။ ထိုသို့ မေးလ်များ ရရှိခဲ့သည် ဆိုသူအားလုံးမှလည်း ပြည်တွင်းမှ အစိုးရ တိုက်ခိုက်သယောင် စွပ်စွဲချက်များဖြင့် ပြောဆိုသည် ကို လည်း ဖော်ပြခဲ့သည်။ အဆိုပါ အချက်များအားလုံးသည် လိမ်ညာမှု ပင်ဖြစ်ပြီး ၂၀၁၂ ဇွန်လနောက်ပိုင်း ထိုသို့တိုက်ခိုက်မှုများ မရှိသည်ကို ရှိသယောင် လုပ်ခြင်းသာ ဖြစ်သည်။ တစ်နည်းဆိုပါက မီဒီယာ အုပ်စုဖွဲ့၍ အစိုးရကို အပုပ်ချခြင်းသာ ဖြစ်သည်။
 

 
ဂူဂယ်မှ တာဝန်ရှိသူ၏ ပြောကြားချက်ကို ဖော်ပြသည့် သတင်း

လိမ်လည်ဖော်ပြခြင်း (၃)
 
Google သတင်းအချက်အလက်လုံခြုံရေးမန်နေဂျာ၏ ပြောကြားချက်များကို ဖော်ပြရာတွင် ပြည်တွင်း အစိုးရနှင့် ဆက်စပ်သယောင် ကိစ္စများကို သာဖော်ပြခဲ့သည်။ ဂူဂဲမှ သတိပေးချက်များကို gmail သုံးသူ သိန်းဂဏန်းအား ဇွန်လအတွင်း ပေးပို့ခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသမှ state-sponsored တိုက်ခိုက်မှု များကို ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူများမှ ဖော်ထုတ်ရာ အီရန်၊ကာတာ၊ ဘာရိန်း စသည့်နိုင်ငံများမှ လုပ်ဆောင်လေ့ရှိကြောင်း တို့ကို သတင်းများ တွင် ပါရှိသော်လည်း မြန်မာနိုင်ငံလည်း ပါဝင်နေသယောင် ဖော်ပြခဲ့သည်။

လိမ်လည်ဖော်ပြခြင်း(၄)
 
ပြီးခဲ့သည့် ၄င်းတို့ ၀က်ဆိုဒ်ကျော်ကြားစေ၇န်နှင့် အစိုးရမှ နည်းပညာတိုက်ခိုက်မှုများ လုပ်ဆောင်နေ ကြောင်း ဖြစ်စေရန် လိမ်လည် လုပ်ကြံခဲ့သည့် ၄င်းတို့စာမျက်နှာ တိုက်ခိုက်ခံရမှုများကို ဖော်ပြထား သည်။ တပ်မတော်အရာရှိ တစ်ချို့နှင့် ဌာနအချို့မှ လုပ်ဆောင်နေသည်ဟု ထပ်မံဖော်ပြခဲ့သည်။

သုံးသပ်ချက်

Eleven မီဒီယာ အနေဖြင့် အဆိုပါ အချက်များအား လိမ်လည်ဖော်ပြပြီးနောက် BHG အဖွဲ့မှ အမှန် တကယ် Hack ခြင်းကို ခံခဲ့ရသည့်အခါ မည်သည့် အသံမှ ထွက်တော့မည် မဟုတ်ပါ။ ထို့ပြင် ၄င်းတို့၏ E-mail များကိုပါ ရရှိသွားသည့်အတွက် လိမ်လည်မှုများ ပိုမိုပေါ်လာနိုင်သလို၊ အစိုးရ အပေါ် မီဒီယာ အုပ်စုဖွဲ့၍ အပုပ်ချမှုများလည်း ပေါ်လာနိုင်ပါသည်။ ထိုသို့ Eleven ၏ လိမ်ညာမှုများကို အွန်လိုင်းမှ ဖော်ထုတ်မှုများ ဆက်တိုက်ဖြစ်လာပါက အစိုးရမှ ဆက်လက်သည်းခံမှု မရှိတော့သည့် အနေအထား များလည်း ဖြစ်လာနိုင်ပါသည်။ အဆုံးဆိုပါလျှင် မီဒီယာကို အသုံးချ၍ ပြည်သူကို သတင်းမှားများ ထုတ်လွှင့်သည့် Eleven အနေဖြင့် ပြည်သူများ၊ အိုင်တီကျွမ်းကျင်သူများ၏ မျက်မုန်းကျိုးမှုကို ရရှိပြီး အွန်လိုင်း သတင်းလောကမှ အနားရနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ပါသည်။

Eleven ၏ မူရင်းသတင်း အပြည့်အစုံအား ဖတ်ရန်
 
State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ Google မှ သတိပေးချက်များ ပေးပို့နေ 

Friday, 08 February 2013 17:02

State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေ သည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ ယခု ရက်ပိုင်းများ အတွင်း Google မှ သတိပေး ချက်များ ပေးပို့နေကြောင်း သိရှိရပါသည်။

ပေးပို့လာခဲ့သော သတိပေးစာတွင် "Warning: We believe state-sponsored attackers may be attempting to compromise your account or computer" ဟု ဖော်ပြထားပြီး ဂျာနယ်လစ်များထံသို့ ကနဦးအနေဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Google မှ ပေးပို့လာသည့် သတိပေးစာကို ပြည်တွင်း ဂျာနယ်လစ်များ၏ အလုပ်နှင့် သက်ဆိုင်သော Gmail Account များထံ ရောက်ရှိခဲ့သည့် အပြင် သတင်းနှင့် ဆက်နွှယ်သော ကွန်ပြူတာ ပညာရှင်အချို့၊ Gmail သုံးစွဲသူ အချို့ထံသို့လည်း ရောက်ရှိခဲ့ကြောင်း သိရပြီး လက်ခံရရှိသူ အများဆုံးမှာ ဂျာနယ်လစ်များ ဖြစ်နေကြောင်း သိရှိရပါသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် Eleven Media Group ၏ အယ်ဒီတာချုပ် ကိုဝေဖြိုး အပါအ၀င် သတင်းအယ်ဒီတာများ၏ Gmail Account များထံသို့ State-sponsored attackers များက ၀င်ရောက် ကြိုးပမ်းနေသည်ဆိုသော သတိပေးချက်များ ရောက်ရှိခဲ့ပါသည်။

မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင် ဂျာနယ်လစ် ဘာတေး လစ်တနာက သူ၏ Gmail Account သို့ ၀င်ရောက်ရန် ကြိုးပမ်း နေသူများ ရှိနေကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ဆန်ဖရန်စစ္စကိုရှိ Google ရုံးသို့ အကြောင်း ကြားထားကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က အီးမေးလ်မှ တစ်ဆင့် ပြောကြားခဲ့သည်။

Gmail ၏ သတိပေးစာသည် The Voice Weekly ဂျာနယ်၏ အယ်ဒီတာ ကိုအောင်စိုး၊ AP သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဒေါ်အေးအေးဝင်းနှင့် ကျိုဒိုသတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ကိုမြတ်သူရ အစရှိသူတို့ထံလည်း ရောက်ရှိခဲ့ကြောင်း သိရပါသည်။

"ဖေဖော်ဝါရီ ၆ ရက်နေ့က ကျွန်မဆီကို သတိပေးစာ ရောက်လာပါတယ်။ State-sponsored attackers လို့ ပြောထားတော့ အရမ်းစိုးရိမ်သွားပြီး Password ကို ချက်ချင်း ပြောင်းလိုက်ရပါတယ်။ ကျွန်မတို့က အဆက်အသွယ် များတဲ့အတွက် Gmail ကို ၀င်ဖို့ ကြိုးစားပုံ ရပါတယ်။ Google ကတော့ ဘယ်အဖွဲ့အစည်းက လုပ်နေသလဲ ဆိုတာကို သိတဲ့အတွက် သတိပေးစာ ပို့ခဲ့တာပါ။ ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်နေတယ်ဆိုတာ မသိပေမဲ့ သူတို့ ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ Gmail Account တွေက ဂျာနယ်လစ်တွေ ဖြစ်နေပါတယ်"ဟု AP သတင်းဌာနမှ ဒေါ်အေးအေးဝင်းက ပြောပါသည်။

"ဒီလို သတိပေးစာ ရောက်လာတာဟာ မကောင်းဘူးလို့ ခံစားရပါတယ်။ လုံခြုံမှု မရှိဘူးလို့ ခံစားရပါတယ်။ တစ်ချိန် မဟုတ် တစ်ချိန်တော့ ဒီလို လုပ်လာမယ် ဆိုတာတော့ မှန်းထားပြီးသားပါ။ အဓိက ကတော့ သတိပေးစရာကို ကိုယ်တစ်ယောက်တည်းက ရတာဆိုရင် တစ်မျိုးပေါ့။ အခုက ဂျာနယ်လစ်တွေကို ရည်ရွယ်ချက် ရှိရှိ လုပ်သလို ဖြစ်နေတယ်။ The Voice ကို hacked တယ်။ Eleven ကို hacked တယ်။ Gmail က သတိပေးစာတွေ ပို့လာတယ်။ အားလုံးကို လိုက်လုပ်နေတဲ့ သဘောရှိတယ်။ ကျွန်တော့် အီးမေးလ်ကို ၀င်ဖတ်ချင်လို့ လုပ်တယ်ဆိုတာမျိုး မဟုတ်တော့ဘဲ ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်ပါ တွေ့လာရတော့ ဒါဟာ စိုးရိမ်စရာ ဖြစ်လာတယ်လို့ပဲ ပြောချင်ပါတယ်"ဟု ကျိုဒို သတင်းဌာနမှ ကိုမြတ်သူရ က ပြောပါသည်။

ထို့အတူ ပြည်တွင်း မီဒီယာတစ်ခု ဖြစ်သော The Voice Weekly ဂျာနယ် ၀က်ဘ်ဆိုက်အတွက် တာဝန်ယူ လုပ်ဆောင် ပေးနေသော Myanmar's Net ၏ မန်းနေးဂျင်း ဒါရိုက်တာ ဖြစ်ပြီး Hacked ပြုလုပ်ခံရသည့် The Voice Weekly Facebook ကို ပြန်လည် ရရှိစေရန် ကြိုးပမ်း ကူညီ လုပ်ဆောင် ပေးနေသူ ဦးဇော်ထွဋ် ထံသို့လည်း Gmail မှ ပေးပို့သည့် သတိပေးစာ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။

"Gmail က ပို့လာတဲ့ သတိပေးစာကို ဖေဖော်ဝါရီလ ၅ ရက်နေ့ စပြီး တွေ့ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး အသုံးပြုနေတဲ့ Gmail Account ကို ရောက်လာခဲ့တာပါ။ State-sponsored attackers ဆိုပြီး ပို့လာတာကို တစ်ခါမှ မကြုံဖူးပါဘူး။ ပိုပြီး ထူးခြားတာက အလုပ်နဲ့ ပတ်သက်ပြီး သုံးနေတဲ့ Account ကို ရောက်လာတာပါ။ Personal အတွက် သုံးတဲ့ Gmail Account မှာတော့ ဒီလို သတိပေးစာ ရောက်မလာပါဘူး။ စက်တစ်လုံးတည်းမှာ သုံးတာချင်းအတူတူ အလုပ် အတွက် သုံးနေတဲ့ Account ဆီကို ရောက်လာခဲ့တာပါ"ဟု Myanmar's Net မှ ဦးဇော်ထွဋ်က ပြောပါသည်။

Gmail မှ ပေးပို့ခဲ့သော သတိပေးစာတွင် State-sponsored attackers ဟု ဆိုထားသည့်အတွက် အစိုးရမှ ထောက်ပံ့ထားသော အဖွဲ့အစည်းမှ လုပ်ဆောင်ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံမှ အစိုးရ အထောက်အပံ့ခံ အဖွဲ့အစည်းက လုပ်ဆောင်သည် ဆိုသည်ကို Gmail မှ သတင်းထုတ်ပြန်ခြင်း မပြုဘဲ သတိပေးစာ အနေဖြင့်သာ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၂ခုနှစ် ဇွန်လအတွင်းကလည်း ယခုကဲ့သို့ သတိပေးစာများကို Google မှ ထုတ်ပြန်ခဲ့ဖူးကြောင်း အောက်တိုဘာလ အတွင်းက ဖော်ပြခဲ့သော နယူးယောက်တိုင်းမ် သတင်းတွင် ဖော်ပြခဲ့ဖူးသည်။ ထိုစဉ်ကလည်း အဆိုပါ သတိပေးစာကို အမေရိကန် ဂျာနယ်လစ်များ၊ နိုင်ငံခြား မူဝါဒရေးရာ ကျွမ်းကျင်သူနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များစွာက လက်ခံ ရရှိခဲ့ကြောင်း သိရသည်။

ထိုအချိန်က Google ၏ အချက်အလက် လုံခြုံရေး မန်နေဂျာ မိုက်ဝီယာဆက်က ပြောကြားခဲ့ရာတွင် Google သည် အစိုးရ ထောက်ပံ့သော အဖွဲ့အစည်းများ၏ ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ Gmail အသုံးပြုသူများကို သတိပေးခဲ့ကြောင်း၊ ထိုအချိန်မှ စတင်ပြီး တိုက်ခိုက်ပုံ နည်းလမ်းနှင့် ပတ်သက်သည့် အသိပညာ ဆိုင်ရာ အချက်အလက် အသစ်များကို စုဆောင်းခဲ့ကြောင်း၊ Google အနေဖြင့် အစိုးရက ထောက်ပံ့ထားပုံရသည့် အဖွဲ့အစည်းများမှ လုပ်ဆောင်သော ဆိုက်ဘာ တိုက်ခိုက်မှုများကို မျှော်လင့်ထားသည်ထက် ပိုမိုကြုံတွေ့ခဲ့ရကြောင်း နယူးယောက်တိုင်း(မ်) သတင်းစာသို့ ပြောကြားခဲ့သည်။

ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် စပ်လျဉ်းပြီး တိုက်ခိုက်မှုအတွက် ပစ်မှတ်ဖြစ်လာနိုင်သော Gmail အသုံးပြုသူများထံသို့ သတိပေးစာများ ပေးပို့ခဲ့ကြောင်း မိုက်ဝီယာဆက်က ပြောကြားခဲ့ပြီး အဆိုပါ သတိပေးစာကို အမေရိကန်ဂျာနယ်လစ်များနှင့် နိုင်ငံခြား မူဝါဒရေးရာ ကျွမ်းကျင်သူများစွာက လက်ခံ ရရှိခဲ့သည်ဟု ၎င်းတို့၏ Twitter စာမျက်နှာများတွင် ရေးသား ခဲ့ပါသည်။

ထိုသို့ တိုက်ခိုက်ရန် ကြိုးပမ်းမှုအား Wired အမျိုးသား လုံခြုံးရေး ဘလော့ဂ်၏ အယ်ဒီတာ နိုအာ ရှအက်မန်က "အန္တရာယ် သတိပေးချက်၊ အစိုးရက ထောက်ပံ့သော အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည့် သားကောင် ဖြစ်နိုင်ချေ သတိပေးချက်ကို Google ထံမှ ရရှိခဲ့သည်"ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့ပါသည်။

Google ၏ အချက်အလက် လုံခြုံရေး မန်နေဂျာ မိုက်ဝီယာဆက်၏ ပြောကြားချက်အရ အရှေ့အလယ်ပိုင်း ဒေသမှ ဖြစ်နိုင်ချေရှိသော အစိုးရ အထောက်အပံ့ခံ အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများ ပိုမိုများပြား လာသည်ကို သတိပြုမိကြောင်း ပြောကြားခဲ့သော်လည်း နိုင်ငံများ၏ အမည်ကို အတိအကျ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။

ပြည်တွင်း သတင်းမီဒီယာများ၏ Website နှင့် Facebook များကို hacked ပြုလုပ် တိုက်ခိုက်ခြင်းများမှ ယခု လပိုင်း အတွင်း ပိုမို ဖြစ်ပွားလျက် ရှိပါသည်။

ဇန်န၀ါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များက Eleven Media Group ၏ ၀က်ဘ်ဆိုက်ကို Red-Army Team ဟု အမည်ပေးထား သော အဖွဲ့မှ တိုက်ခိုက်(hacked) မှုများ ပြုလုပ်ခဲ့ဖြင့် Eleven Media Group ၀က်ဘ်ဆိုက်ကို စာဖတ်ပရိသတ်များ အချိန် လေးနာရီခန့် ၀င်ရောက်ကြည့် ရှုနိုင်ခြင်းမရှိခဲ့ဘဲ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရပါသည်။ ထိုသို့ မတိုက်ခိုက်မီ အချိန်က Eleven Media Group ကို DDoS တိုက်ခိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်တွင် သတင်း ဖော်ပြခဲ့ပါသည်။ Myanmar Express ၀က်ဘ်ဆိုက်သည် တပ်မတော် အရာရှိအချို့နှင့် ဌာနအချို့မှ လုပ်ဆောင်နေဟု ယူဆချက်များ ထွက်ပေါ်နေသည့် ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါသည်။ ယင်းဝက်ဘ်ဆိုက်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ နိုင်ငံရေးသမားများ၊ မီဒီယာများ (အထူးသ ဖြင့် Eleven Media Groupနှင့် The Voice Weekly) ကို ပုဂ္ဂိုလ်ရေး အပုပ်ချတိုက်ခိုက်နေသည့် ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရပြီး MMCF နှင့် Anonymous Myanmar ဟု အမည်ပေးထားသော အဖွဲ့များက တိုက်ခိုက်(hacked) ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ရာတွင် တိုက်ခိုက်ခဲ့သူများမှ The Voice Weekly Facebook စာမျက်နှာမှ Admin account အားလုံးကို ဖြုတ်ချလိုက် ပြီး ထိုစာမျက်နှာကို ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသော The Voice Weekly ဂျာနယ် Facebook စာမျက်နှာ၌ Myanmar Express ၀က်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြခဲ့သော အကြောင်းအရာများကို ၎င်းတို့ စိတ်ကြိုက် ပြန်လည်ဖော်ပြ ရေးသားခြင်းများ ဆက်တိုက် ပြုလုပ်ခဲ့ ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပရိသတ် တစ်သိန်းကျော် ရရှိထား သည့် The Voice Weekly ၏ Facebook Page စာမျက်နှာမှာ Facebook လူမှုကွန်ယက်၌ ပျက်စီးသွားခဲ့ပါသည်။

ထို့အတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက Eleven Media Group ၏ Facebook စာမျက်နှာကို နည်းပညာသုံး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကို မိနစ်ပိုင်းအတွင်း Eleven Media Group IT Team မှ အချိန်မီ ပြန်ထိန်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Myanmar Express ၀က်ဘ်ဆိုက်နှင့် ပတ်သက်၍ ဒီမိုကရေစီ ဖော်ဆောင်ရေးကို မလိုလားသော တပ်မတော် အရာရှိ အချို့နှင့် ဌာန အချို့မှ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ယူဆ သံသယ ဖြစ်ဖွယ် အချို့ တွေ့ရှိ နေသဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက တစ်ဆင့် နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အစရှိသည့် အစိုးရ တာဝန်ရှိသူများထံသို့ မေတ္တာရပ်ခံ ညှိနှိုင်းဖြေရှင်းပေးရန် တိုင်ကြားစာကို Eleven Media Group က ပေးပို့ထားကြောင်း သိရှိရပါသည်။

Google မှ ရှင်းလင်းသည့် သတင်း

In June, many Google users were surprised to see an unusual greeting at the top of their Gmail inbox, Google home page or Chrome browser. “Warning: We believe state-sponsored attackers may be attempting to compromise your account or computer.”
 
On Tuesday, tens of thousands more Google users will begin to see that message. The company said that since it started alerting users to malicious — probably state-sponsored — activity on their computers in June, it has picked up thousands more instances of cyberattacks than it anticipated.
 
Mike Wiacek, a manager on Google’s information security team, said in an interview on Tuesday that since Google started to alert users to state-sponsored attacks three months ago, it had gathered new intelligence about attack methods and the groups deploying them. He said the company was using that information to warn “tens of thousands of new users” that they may have been targets, starting on Tuesday.
 
By Tuesday afternoon, several people — many of them American journalists and foreign policy experts — had already taken to Twitter to say they had seen the warning. Noah Schactman, the editor of Wired’s national security blog “Danger Room,” tweeted: “Aaaaand I just got Google’s ‘you may be a victim of a state-sponsored attack’ notice. #WhatTookYouSoLong?” Daveed Gartenstein-Ross, a senior fellow at the Foundation for Defense of Democracies, also reported getting the message.  As did Joshua Foust, a fellow at the American Security Project, a nonprofit research organization, who has written extensively about Afghanistan.
 
Mr. Wiacek noted that Google had seen an increase in state-sponsored activity coming from the Middle East. He declined to call out particular countries, but he said the activity was coming from “a slew of different countries” in the region.
 
Those findings triangulate with recent discoveries by security researchersthat Middle Eastern states, including Iran, Qatar, the United Arab Emirates and Bahrain, have used spyware to monitor citizens and activists overseas.
 
Last week, several American banks were hit with cyberattacks by hackers claiming Middle Eastern ties. Security researchers have said they have noticed an increase in cyberattacks originating in the region. “We absolutely have seen more activity from the Middle East, and in particular Iran has been increasingly active as they build up their cybercapabilities,” George Kurtz, the president of CrowdStrike, a computer security company, said in a recent interview.
 
Mr. Wiacek said there were several steps Google users, especially those who get its warning, could take to protect themselves, like changing their e-mail and account passwords, enabling Google’s two-step authentication service and running their computer software updates.

1 comment:

  1. ဟားးဟားးဟားး ဟာသပြေားကောင်းတယ်ကွာ အရမ်းကောင်းတာ ပဲ မှတ်ထားရအု့းမယ် ဒီလို ဟာသမျိုး

    ReplyDelete

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်