Pages

Thursday, February 7, 2013

Eleven Media Group ရဲ့ ရန်သူတော် Myanmar Express ၏ထူးခြားချက်

အမေရိကန်မှာနေထိုင်တဲ့ လင်မယားနှစ်ယောက်က တည်ထောင်ထားတဲ့ စစ်တပ်အားပေး သတင်းမီဒီယာ တစ်ခုဖြစ်တဲ့ Myanmar Express မှာ ထူးခြားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို သတိပြုမိပါတယ်။ အဲ့ဒီထူးခြားမှုကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှု သတင်းေ တွ ထူးထူးခြားခြားမတွေ့ရတော့တာဖြစ်ပါတယ်။ ဒီလို စစ်တပ်ကပါဝင်ပက်သက် တယ် လို့ ယူဆရတဲ့ သတင်းဆိုဒ်တစ်ခုကနေ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားပြောင်းလဲ လာတာတွေ ကို ပြည် တွင်းမီဒီယာများနဲ့ NLD အသိုင်းအ၀ိုင်းက သတိပြုမိနေကြပြီး Social Network များ မှာ လူပြော များနေတာကို တွေ့ရှိရပါတယ်။
 
Myanmar Express ၀က်ဆိုဒ်ဟာ အမေရိကန်လင်မယားနှစ်ယောက် တည်ထောင်ထားတာ ဖြစ်တယ်လို့ အင်တာနက်သတင်းတွေမှာ အရင်ကစွပ်စွဲခဲ့ပါတယ်။ အမှန်တကယ်လည်း ဒီဝက်ဆိုဒ်ဟာ ဒေါ်ေ အာင် ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်မှုတွေနဲ့ အရင်စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက် ခဲ့တဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို တိုက်ခိုက်ရေးသား ခဲ့တဲ့ ၀က်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ Myanmar Express ရဲ့ အရေးအသားတွေအရ စစ်တပ် အသိုင်းအ၀ိုင်းက လူတွေပါဝင်နေတယ်လို့ ထင်ရပြီး NLD က စုံစမ်းဖော်ထုတ်ချက်အရတော့ မြန်မာနိုင်ငံက ၂ယောက်၊ မလေးရှားနိုင်ငံက ၁ယောက်၊ ရုရှားနိုင်ငံက ၁ယောက်၊ စင်ကာပူနိုင်ငံက ၂ယောက်၊ မဲဆောက်က ၂ယောက် ၊ အမေရိကန်က ၄ယောက် ဖြစ် တယ် လို့ဆိုပါတယ်။

ဒီလိုအစိုးရဘက်ကနေရပ်တည်ရေးသားနေတဲ့ ၀က်ဆိုဒ်က ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ဒေါ်အောင် ဆန်းစုကြည်အပေါ် တိုက်ခိုက်ခြင်းမပြုတော့တဲ့အပြင် အရင်က ၀က်ဆိုဒ်မှာတင်ထားတဲ့ သတင်းတွေပါ မရှိတော့တာကို ထူးခြားစွာ တွေ့ရပါတယ်။ ဒီလိုဖြစ်သွားတာဟာ စစ်တပ်အနေနဲ့ ဒေါ်အောင် ဆန်းစုကြည်ကို သဘောထားပြောင်းလဲသွားပြီလားဆိုပြီး မီဒီယာအသိုင်းအ၀ိုင်းက ထင်ကြေးပေးမှုတွေ လည်း ရှိနေပါတယ်။ တိုက်ဆိုင်မှုတစ်ခုကတော့ ၂၀၁၂ နှစ်ကုန်ပိုင်း ကာလတွေ မှာ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ စစ်တပ်နဲ့ ထိပ်တိုက်ပြောဆိုတဲ့ စကားလုံးများကိုရှောင် ရှားလာခဲ့သလို သူ့ရဲ့နိုင်ငံရေး ရည်မှန်းချက်အောင်မြင်ဖို့အတွက် စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်ရမယ်ဆိုတာ ကို ဖော်ထုတ်ပြောဆို လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်ကိုအကောင်းမြင်လာတာနဲ့ Myanmar Express ၀က်ဆိုဒ်ကိုရေးသားသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား ပြောင်းလဲ လာခဲ့ပြီး ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားနေကြတဲ့ ၈၈ကျောင်းသားအဖွဲ့ကို ပစ်မှတ်ပြောင်းလာတာ တွေ့ရ ပါတယ်။ နောက်ထူးခြားတာ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် သတင်းတွေကို မဖော်ပြတော့တဲ့ Myanmar Express ၀က်ဆိုဒ်ကို Eleven Media Group က CEO ဒေါက်တာ သန်းထွဋ်အောင်က တာမွေရဲစခန်းမှာ အီလက် ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄(က)အရ အရေးယူပေးဖို့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

ဒီလိုအမှုဖွင့်လိုက်တဲ့ သတင်းကို ပြည်းတွင်းထုတ်ဂျာနယ်တွေမှာ ပါလာတာနဲ့ တပြိုင်တည်း Myanmar Express ၀က်ဆိုဒ်ကို ၀င်ရောက်ကြည့်ရှု့သူအရေအတွက် တစ်နေ့ကို သောင်းဂဏန်းထိ များသွားတဲ့အ တွက် Myanmar Express အဖွဲ့တွေက Eleven Media ကို ကျေးဇူးတင်ကြောင်း တုန့်ပြန်မှုတွေ Social Network များမှာ တွေ့ရှိရပါတယ်။ လူပုဂ္ဂိုလ်ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ မသိဘဲ Internet Website စာမျက်နှာကို အရေးယူရမယ့်အမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ဘယ်လိုကိုင်တွယ်ဖော် ထုတ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ IT ပညာကို ကျွမ်းကျင်သူများနဲ့ Internet Media နယ်ပယ်မှာရှိတဲ့ Blogger တွေ အတွက်ကတော့ ဒီလိုအမှုဖွင့်မှုဟာ ဟာသတစ်ပုဒ်ဖြစ်နေပါတယ်။

အထူးသဖြင့်တော့ သတင်းလွတ်လပ်ခွင့် ရှိတယ်ဆိုပြီး အစိုးရ၀န်ကြီးဌာနတွေကို ပုတ်ခတ် ရေးသားတဲ့ Media အုပ်စုတစ်ခုက သူ့ကိုနည်းပညာအသုံးပြုတိုက်ခိုက်လာတဲ့ Blog တစ်ခုကို မခံမရပ်နိုင် အမှုဖွင့်ရခြင်းဟာ နောက်ကွယ်မှာ ကိုယ်ရေးကိုယ်တာပြဿနာတွေ ရှိနိုင်တယ်လို့ အများက ထင်မြင်ယူဆနေ ကြပါတယ်။ မြန်မာနိုင်ငံမပြောနဲ့ IT နယ်ပယ်မှာ အလွန်အဆင့်အတန်း မြင့်မားနေ ပါတယ်ဆိုတဲ့ အမေရိကန်၊ တရုတ်၊ ထိုင်ဝမ်၊ ရုရှားတို့လို နိုင်ငံကြီးတွေမှာတောင် DDos တိုက်ခိုက်တဲ့ လက်သည် တရားခံကိုမဖော်ထုတ်နိုင်ဘူးဆိုတာ မသိနားမလည်တဲ့ Eleven Media Group ကို နောက်ထပ် DDos နည်းလမ်းမဟုတ်တဲ့ တခြားဆိုက်ဘာ တိုက်ခိုက်တဲ့နည်းလမ်းတွေနဲ့ ဘယ်လိုထပ်ပြီး တိုက်ခိုက်ခံရအုံးမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။


ကိုလေး(မန်း)
Rashly Nay Win
 

1 comment:

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်