Pages

Saturday, February 2, 2013

ကချင် တိုင်းရင်းသား ဒေသခံတို့၏ ရင်ဖွင့်သံ



ကချင်ပြည်နယ်မှာ အစိုးရတပ်နှင့် KIA လက်နက်ကိုင်တပ်ဖွဲ့တိုအကြား တိုက်ပွဲဖြစ်ပွားမှုတွေ အချိန်ကြာ လာ တာနှင့်အမျှ ကချင်ပြည်သူလူထုတွေဟာ KIA အပေါမှာ တဖြည်းဖြည်း စိတ်ကုန်လာခဲ့ပါ တယ်။ တနိုင်းမြို့ နယ်မှ ဒေသခံပြည်သူတွေကတော့ ကချင်ပြည်နယ်အ တွင်း ငြိမ်းချမ်းရေးဖော်ဆောင် မှုအခြေအနေ မှာ အစိုးရဘက်က မကြာခဏကမ်းလှမ်းနေသော်လည်း KIA ဘက်မှ ခေါင်းဆောင်များက လိုလား စွားဖြင့်လက်ခံဆွေးနွေးမှုမရှိတဲ့အတွက် အခြေအနေတိုးတက်မှုမရှိကြောင်း၊ နိုင်ငံတော်အစိုးရနှင့် အခြား လက်နက်ကိုင်အဖွဲ့တွေ ငြမ်းချမ်းရေးဆွေးနွေးနေချိန်မှာ KIA ဘက်မှ မည်သည့်အတွက်ကြောင့် အစိုးရရဲ့ လက်တွဲခေါ်မှုကို အဘယ်ကြောင့်လက်မခံသည်ကို နားမလည်နိုင်ကြောင်း ဒေသခံတွေကပြောဆိုပါတယ်။

အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တန်းတူညီတူဆက် ဆံခြင်း များ ရှိပြီး အပစ်အခတ်ရပ်စဲ၍ ငြမ်းချမ်းရေးဆွေးနွေးမှုကို အကောင်အထည်ဖော်ဆောင် ရွက်နေပေ မယ့် KIA မှ နိုင်ငံရေးဆွေးနွေးမှုကို အပစ်အခတ်ရပ်စဲမှုမပြုလုပ်ဘဲ ဆက်လက်ဆွေးနွေး သွားမယ်လို့ ကြားနေ ရသဖြင့် မိမိတို့ တနိုင်းဒေသမှာ တိုက်ပွဲများဖြစ်လာမှာကို စိုးရိမ်နေရတယ် လို့ ပြည့်သူတွေ က ပြော ဆိုနေတာကို သိခဲ့ရပါတယ်။ဖားကန့်မြို့နယ် ဘက် မှာတော့ မကြာခဏတိုက်ပွဲတွေဖြစ်နေပြီး KIA မှ ထောင်  ထားသောမိုင်းများကြောင့် ဒေသခံပြည်သူတစ်ချို့ ဒဏ်ရာရခြင်းများဖြစ်နေ တဲ့အ တွက် ဒေသ ခံပြည် သူများ ခရီးသွားလာရေးနှင့် တောင်ယာစိုက်ခင်းသွားလာရာတွင် စိုးရိမ်ကြောက် ရွံ့မှုတွေဖြစ်နေကြ ရပါ တယ်။ 

KIA အနေဖြင့် ပြည်သူအများသွားလာရာ ကားလမ်းများနှင့် လူသွားလမ်းများမှာ မိုင်းထောင်ခြင်း များ ရှိနေခြင်းကြောင့် မိုင်းများရှင်းလင်းရန်အတွက် တပ်မတော်စစ်ကြောင်းများက မိုင်းရှာရှင်းလင်းမှုပြု လုပ်ပေးနေတဲ့အတွက် အစိုးရတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ဆက်လက်ရှိနေ တာကောင်းတယ် လို့ ပြော ဆို သံများကို ကြားရပါတယ်။ကချင်ဒေသခံပြည်သူတွေအနေဖြင့် ငြမ်းချမ်းရေးကို အမြန် ရရှိပြီး   ေ အးေ အး ချမ်း ချမ်းနေလိုကြသော်လည်း KIA ခေါင်းဆောင်များရဲ့ လွဲမှားတဲ့ နိုင်ငံရေးအယူအဆနှင့် အတ္တကြီး မှုေ တွကြောင့် ကျနော်တို့ ပြည်သူတွေ နစ်နာနေရတယ်လို့ ပြောဆိုနေကြပါတယ်။

From:KDN  
www.mmdailystar.com

1 comment:

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်