Pages

Thursday, January 16, 2014

ၾသစေၾတးလ် တွင် အပူလှိုင်း ဖြတ်

 
 
သြစတြေးလျ နိုင်ငံ ဒေသ အချို့တွင် အပူလှိုင်း ပြင်းထန် စွာ ကျရောက် လျက် ရှိရာ နိုင်ငံ အနောက်ပိုင်း တွင် တော မီးလောင်မှု မှာ တစ်ပတ် ပြန်လည် လျက် ရှိပြီး နယူး ဆော့ဝေးလ်၊ နိုင်ငံတော် ပိုင်းနှင့် ဗစ်တိုးရီးယား ပြည်နယ် တို့တွင် ပူအိုက်လျက် ရှိ၍ ပိုမို အန္တရာယ် များ လာမည့် အခြေ အနေ ကို ရင်ဆိုင် ရန် ပြင်ဆင် လျက် ရှိသည်ဟု အေဘီစီ သတင်း ဌာနက ဖော်ပြ သည်။ 
 
အဒီလိတ် မြို့သည် ဇန်နဝါရီ ၁၅ ရက် စတုတ္ထ မြောက်နေ့ အဖြစ် ချစ်ချစ် တောက် အပူဒဏ် ခံစား နေရပြီး ယမန် နေ့ အပူချိန် မှာ ၄၅ ဒသမ ၁ ဒီဂရီ စတင် တီဂရိတ် ဖြစ်သည်။ အပူချိန် သည် အမြင့် ဆုံး သို့ ရောက်ရှိ နေစဉ် တောမီး ကလည်း တောင်ပိုင်း ပြည်နယ်၌ သဲသဲ မဲမဲ လောင်လျက် ရှိသည်။ ကြာသပတေးနေ့ တွင် ချက်မြို့ ၌ အပူချိန် မှာ ၄၆ ဒီဂရီ စင်တီဂရိတ် အထိ ရောက်ရှိ မည်ဟု မျှောလင့် ရသည်။ ဆစ်ဒနီမြို့ ၏ ဇန်နဝါရီ ၁၅ ရက် အပူချိန် မှာ အမြင့် ဆုံး ၃၀ ဒီဂရီ စင်တီ ဂရိတ် ကျော်မည် ဟု မျှော်လင့် ရသည်။ မဲလ်ဘုန်း မြို့တွင် သီတင်း တစ်ပတ် ကြာ အပူလှိုင်း ဖြတ်မည် ဖြစ်ရာ ဒုတိယ နေ့ အဖြစ် ရောက်ရှိ နေပြီ ဖြစ်သည်။ အခြား မြို့များ မှာ လည်း အပူဒဏ် ကို ခံစား ကြရ သော်လည်း လွန်စွာ ပြင်းထန်မှု မရှိ ဟု ဆိုသည်။

အေဘီစီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်