Pages

Sunday, January 19, 2014

အဋ္ဌမ အကြိမ်မြောက် ထွန်း ဖောင်ဒေးရှင်း ၂၀၁၃ စာပေ ဆု ချီးမြှင့်ပွဲ ကျင်းပ

ဇန်န၀ါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန် မြို့ ရန်ကင်း မြို့နယ် စည်ပင် လမ်းသစ် ရှိ မြန် မာ နိုင် ငံ ဘဏ်များ အသင်း အဆောက် အအုံ ဇမ္ဗူရစ် ရွှေစင် ခန်းမ ၌ အဋ္ဌမ အကြိမ် ထွန်း ဖောင်ေ ဒး ရှင်း (၂၀၁၃) စာပေ ဆု ချီးမြှင့် ပွဲ ကျင်းပ သည်။

ထွန်းဖောင် ဒေးရှင်း သည် မြန်မာ စာပေ လောက ဖွံ့ဖြိုး တိုးတက်ရေး နှင့် စာဖတ် ပရိသတ် တိုးပွားရေး၊ စာေ ကာင်း ပေမွန် များ ပေါ်ထွန်း ရေး တို့ကို တစ်ဖက် တစ်လမ်းမှ ပါဝင် ထောက်ကူ သော အားဖြင့် "ထွန်းဖောင် ဒေးရှင်း စာပေ ဆု" ကို ၂၀၀၅ ခုနှစ် မှ စတင် အကောင် အထည် ဖော် ခဲ့ပြီး စာအုပ် စာမူ ဆု များ ကို ချီးမြှင့် ခဲ့သည်။

အခမ်းအနား တွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် က ထွန်း ဖောင်ဒေးရှင်း အနေဖြင့် ၁၉၉၅ - ၉၆ ခုနှစ်မှ စ၍ ပညာရေး၊ ကျန်းမာ ရေး၊ လူမှု ရေး၊ ဘာသာ ရေး နယ်ပယ် အသီးသီး တွင်  ငွေကျပ် သိန်း ထောင်ပေါင်း များစွာ ထောက်ပံ့ ကူညီခြင်း၊ လှူဒါန်း ခြင်း များ ပြုခဲ့ ကြောင်း၊ ပြည်သူ လူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး ကိစ္စရပ် များ အတွက် လိုအပ် သလို တစိုက် မတ်မတ် လှူဒါန်း ထောက်ပံ့ ကူညီ ခဲ့ခြင်း များ အတွက် ထွန်း ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နှင့် အလုပ် အမှုဆောင် များကို ချီးကျူး ပါကြောင်း၊ ဆောင်ရွက် သည့် လုပ်ငန်း များမှာ အနာဂတ် မျိုးဆက် သစ် များ အတွက် တူ ညီသော ရည်ရွယ်ချက် ဖြင့် လုပ်ဆောင် နေခြင်း ဖြစ်သည့် အတွက် တန်ဖိုး ထားပါ ကြောင်းဖြင့် ပြော ကြား သည်။

ထို့နောက် ထွန်း ဖောင်ဒေးရှင်း ဘဏ် ဥက္ကဋ္ဌ၊ ထွန်း ဖောင်ဒေးရှင်း စာပေဆု ရွေးချယ် ရေး ကော်မတီ နာယက ဦးသိန်းထွန်း က နှုတ်ခွန်း ဆက် စကား ပြော ကြားပြီး ထွန်း ဖောင်ဒေးရှင်း စာပေ ဆု ရွေး ချယ်ရေး ကော်မတီ ဥက္ကဋ္ဌ စည်သူ ဒေါက်တာ သော်ကောင်း က ထွန်း ဖောင်ဒေးရှင်း စာပေ ဆု နှင့် စပ် လျဉ်း ၍ ရှင်းလင်း တင်ပြသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် က ၂၀၁၃ ခုနှစ် က ထွန်းဖောင် ဒေးရှင်း တစ်သက်တာ စာပေ ဆုရ စာပေ ပညာရှင် ဆရာမ ကြီး စည်သူ ဒေါ်ကြန် အား တစ် သက်တာ စာပေဆု နှင့် ဂုဏ်ပြု လက်မှတ်ကို ပေးအပ် ချီးမြှင့် သည်။

ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး ဘဏ္ဍာရေး ဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ ထွန်း ဖောင်ဒေးရှင်း စာပေဆု ရွေးချယ် ရေး ကော်မတီ နာယက၊ ထွန်းဖောင် ဒေးရှင်း စာပေဆု ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင် များ၊ မြန်မာ နိုင်ငံ စာရေး ဆရာ အသင်း ဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်း သား စောချစ်) နှင့် ထွန်းဖောင် ဒေးရှင်းဘဏ် ဒါရိုက်တာ အဖွဲ့ဝင် များက ထွန်းဖောင် ဒေးရှင်း ၂၀၁၃ စာအုပ် ဆုနှင့် စာမူ ဆု ရရှိ ကြသူများ အား ဆုများ ကို ပေးအပ် ချီးမြှင့် သည်။ ထို့နောက် ဆု ရရှိကြ သူများ ကိုယ်စား လူငယ် စာပေ ဘာသာရပ် တွင် "လူတိုင်း အတွက် စည်းရုံး ရေး အတတ် ပညာ" စာအုပ်ဖြင့် ဆု ရရှိသည့် ဦးမြင့်ကြွယ် (မောင်မြင့်ကြွယ်) က ကျေးဇူးတင် စကား ပြောကြားသည်။

ယင်းနောက် ထွန်း ဖောင်ဒေးရှင်း ဘဏ် ဥက္ကဋ္ဌ၊ ထွန်း ဖောင်ဒေးရှင်း စာပေ ဆု ရွေးချယ်ရေး ကော်မတီ နာယက ဦးသိန်းထွန်း က ထွန်း ဖောင်ဒေးရှင်း စာပေဆု ရွေးချယ် ရေး ကော်မတီ ဝင်များ ကိုယ် စား ကော် မတီဝင် ဒေါ်မြမြသန်း (မနှင်းဖွေး) အား ဂုဏ်ပြု လက်ဆောင် ပေးအပ်သည်။ အခမ်း အနား အပြီး တွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်၊ ရန်ကုန် တိုင်း ဒေသကြီး ဘဏ္ဍာရေး ဝန်ကြီး ဒေါ်စန်း စန်းနွ ယ် နှင့် ထွန်း ဖောင်ဒေးရှင်း နှင့် စာပေဆု ရွေးချယ်ရေး အဖွဲ့မှ တာဝန် ရှိသူ များ၊ ဆု ရရှိကြ သူများ စုေ ပါင်း ၍ မှတ်တမ်း တင် ဓာတ်ပုံ ရိုက်သည်။

အခမ်းအနား တွင် ဆု ချီးမြှင့် သည့် စာအုပ် စာပေများ သည် ၂၀၁၂ ခုနှစ် အတွင်းက ထုတ်ဝေ ဖြန့်ချိ ခဲ့သော စာအုပ် များ အနက် မှ ထွန်း ဖောင်ဒေးရှင်း စာပေဆု ပြိုင်ပွဲဝင် စာအုပ် များကို စာပေ ပညာရှင် ၁၈ ဦးဖြင့် ဖွဲ့စည်း ထားသည့် ဆု ရွေးချယ် ရေး အဖွဲ့က စိစစ် ရွေးချယ် ခဲ့သော စာအုပ် များ ဖြစ်သည်။ ယ ခု နှစ် အတွက် စာအုပ် ဆု ၁၂ ဆု ချီးမြှင့်ပြီး စာမူ ဆု လေးဆု ချီးမြှင့် ခဲ့သည်။ ထွန်း ဖောင်ဒေးရှင်း တစ် သက် တာ စာပေ ဆုရှင် အဖြစ် စာပေ ပညာရှင် ဆရာ မကြီး စည်သူ ဒေါ်ကြန် အား ဂုဏ်ပြု ရွေးချယ် ချီးမြှင့် ခဲ့သည်။ ထွန်း ဖောင်ဒေးရှင်း စာပေဆု အဖြစ် ဘာသာ ရပ် ၁၁ မျိုး အတွက် စာအုပ် ဆုပေါင်း ၈၅ ဆု၊ စာမူ ဆုပေါင်း ၃၇ ဆု ချီးမြှင့် နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်