Pages

Thursday, January 16, 2014

အမေရိကန် တွင် ၁၂ နှစ် အရွယ် ကျောင်းသား ကျောင်း အတွင်း သေနတ် ပစ်ခတ်

 
 
အမေရိကန် ပြည်ထောင်စု နယူး မက္ကဆီကို ပြည်နယ်၊ ဂို့(စ်) ဝဲလ်မြို့ အလယ်တန်း ကျောင်း တစ်ကျောင်း တွင် အင်္ဂါ နေ့ နံနက်ပိုင်း ၌ အသက် ၁၂ နှစ် အရွယ် ရှိ ကလေး တစ်ယောက် က သေနတ် ဖြင့် ပစ်ခတ် သဖြင့် ကျောင်းသား နှစ်ယောက် စိုးရိမ် ဖွယ်ရာ ဒဏ်ရာ ရရှိ ခဲ့ပြီး နောက် ဆရာ တစ်ဦး က ၄င်း ကလေး ကို လက်နက် ချရန် ဖျောင်းဖျ ပြောဆို နိုင်ခဲ့ ကြောင်း အာဏာပိုင် များက ပြောကြား သည်။ ဘာရင်ဒို အလယ် တန်း ကျောင်း ၏ အားကစား ရုံ အတွင်း၌ နံနက် ၇ နာရီ ခွဲခန့် တွင် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ အကြီး အကဲ ပီတီ ကာ ဆီးတပ် က ပြောကြား သည်။

အမည် ဖော်ပြခြင်း မရှိ သော ခုနစ် တန်း ကျောင်းသား သည် ပြောင်းတို သေနတ် တစ်လက် ဖြင့် ကျောင်း အတွင်း သို့ ခိုးကြောင် ခိုးဝှက် ဝင်ရောက် လာခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။ အသက် ၁၁ နှစ် အရွယ် ကျောင်းသား တစ်ယောက် နှင့် ၁၃ နှစ် အရွယ် ကျောင်းသူ တစ်ယောက် တို့ ဒဏ်ရာ ရရှိ သွားကြ သည် ဟု အုပ်ချုပ် ရေးမှူး ဆူဆာ နာ မာနက်(ဇ်) က ပြောသည်။ အဆိုပါ သေနတ် သမား ကလေး ကို လက်နက် ချရန် ပြောဆို နိုင်ပြီး တာဝန်ကျ ရဲအရာရှိ ကို လည်း ကူညီ ပေးခဲ့ သည့် ဆရာမ ဂျွန်မစတာဆန် ကို လည်း ၄င်းက ချီးကျူး ခဲ့သည်။ ၄င်း ကလေး ကို အနည်းငယ် မျှ မေးမြန်းပြီး နောက် အင်္ဂါနေ့ ညနေ ပိုင်း တွင် စိတ်ရောဂါ ကု ဆေးရုံ သို့ ခေါ်ဆောင် သွားသည် ဟု ဂျာနယ် တစ်စောင်က ရေးသား သည်။ သို့သော် ရဲ အရာရှိ ကမူ ရဲတပ်ဖွဲ့ က ထိန်းသိမ်း ထားသည် ဟု ဆိုသည်။

ရိုက်တာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်