Pages

Thursday, January 16, 2014

ဟိုချီမင်း တွင် ဗြောက်အိုး ပြုလုပ်ရာ မှ ပေါက်ကွဲမှု ဖြစ်ပွား

 
 
ဗီယက်နမ် နိုင်ငံ တောင်ပိုင်း ဟိုချီမင်း မြို့တွင် လွန်ခဲ့ သော စနေ နေ့ နေ့လယ်ပိုင်း က ပေါက်ကွဲမှု တစ်ခု ကြောင့် ကြီးမား သော မီးလောင် ကျွမ်းမှု ဖြစ်ပွား ခဲ့ပြီး ကျောင်းသား လေးဦး သေဆုံး ခဲ့ကာ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့သည်။ ပြည်တွင်း မီဒီယာ များ ၏ ရေးသား ဖော်ပြချက် အရ ဒေသ စံတော် ချိန် ၂ နာရီ ခွဲခန့် တွင် ဟိုချီမင်း မြို့ ခရိုင် ၁၀ ရှိ Ly Thuong Kiet လမ်း အတွင်း နေအိမ် ၌ ပေါက်ကွဲမှု သုံးခု ဖြစ်ပွား ခဲ့ပြီး နောက် မီးလောင်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည် ဟု သိရှိ ရသည်။ ဒေသခံ များ က မီးငြှိမ်း သတ်ရန် ကြိုးပမ်း ခဲ့ကြ သော်လည်း မအောင်မြင် ခဲ့ဟု သိရ သည်။ ထို့နောက် နီးစပ် ရာ ခရိုင် ၁၁ မှ မီးသတ် သမားများ ရောက်ရှိ လာကြပြီး နာရီ ဝက်ခန့် ကြာအောင် မီးသတ် ခဲ့ကြ ရသည် ဟု သိရ သည်။

သေဆုံး သွားသော ကျောင်းသား များမှာ အခင်း ဖြစ်ပွားရာ နေရာနှင့် မနီးမဝေး တွင် ရှိသော ဟိုချီမင်း နည်း ပညာ တက္ကသိုလ် မှ ကျောင်းသား များ ဖြစ်သည် ဟု သိရ သည်။ ဒေသခံ များ၏ အဆို အရ ကနဦး ထုတ်ပြန် ကြေညာချက် တွင် ကျောင်းသား ငါးဦး သည် လာမည့် ပွဲတော် တစ်ခု တွင် ဖောက်ရန် အတွက် ဗြောက်အိုး များ ပြုလုပ် နေခဲ့ခြင်း ဖြစ်သည် ဟု သိရှိ ရပြီး မျက်မြင် များ၏ အဆို အရ အဆိုပါ ကျောင်းသား များ ထဲမှ တစ်ဦး မှာ ဈေး အတွင်းမှ ဗြောက်အိုး ပြုလုပ် ရာတွင် အသုံးပြု သော ပေါက်ကွဲ စေသည့် ဓာတု ပစ္စည်း များ ဝယ်ယူ ခဲ့သည် ဟု သိရ သည်။ အဆိုပါ ကျောင်းသား များ သည် အခင်း ဖြစ်ပွား သော နေအိမ် ၏ ဒုတိယ ထပ်တွင် ဗြောက်အိုး များ ပြုလုပ် နေခဲ့ ကြသည် ဟု သိရှိ ရပြီး ကျောင်းသား လေးဦး မှာ ပွဲချင်း ပြီး သေဆုံး ခဲ့ကြ သည် ဟု သိရသည်။

ဆင်ဟွာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်