Pages

Thursday, January 16, 2014

အာဏာရ ကွန်ဂရက် ပါတီမှ ရာအူးလ် ဂန္ဓီ အား ဝန်ကြီးချုပ် လောင်း အဖြစ် အမည် စာရင်း တင်သွင်းဖွယ် ရှိ

 
 
အိန္ဒိယ နိုင်ငံ၌ အာဏာရ ကွန်ဂရက် ပါတီ သည် အသက် ၄၃ နှစ် အရွယ် ရာအူးလ် ဂန္ဓီ အား ဝန်ကြီးချုပ် လောင်း အဖြစ် အမည် စာရင်း တင်သွင်း မည် ဟု မျှော်လင့် ရကြောင်း ဒေသ ဆိုင်ရာ သတင်း ဌာနများ က ဇန်နဝါရီ ၁၅ ရက် တွင် သတင်း ထုတ်ပြန် သည်။ အိန္ဒိယ ဝန်ကြီး ချုပ် မန်မို ဟန်ဆင်း သည် ရာထူး သက်တမ်း နှစ်ဆက် တာဝန် ထမ်းဆောင် ခဲ့ပြီး နောက် လာမည့် ရွေးကောက်ပွဲ အပြီး တွင် အနားယူ တော့မည် ဟု မကြာ သေးမီ က ထုတ်ပြန် ကြေညာ ခဲ့ပြီး နောက် အာဏာရ ကွန်ဂရက် ပါတီ က ရာအူးလ် အား ၀န်ကြီးချုပ် ရာထူး နေရာ အတွက် ပါဝင် ယှဉ်ပြိုင် စေမည့် အနေ အထား ကို တွေ့မြင် ရကြောင်း နိုင်ငံရေး ဆန်းစစ် သူများ က ပြောကြား သည်။ အိန္ဒိယ နိုင်ငံ ၌ မေလ တွင် အထွေထွေ ရွေးကောက် ပွဲ ကျင်းပ မည် ဖြစ်ပြီး အာဏာရ ပါတီ က အာဏာ ကို ဆက်လက် ထိန်းချုပ် နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သတင်း တွင် ဖော်ပြ သည်။

ပီတီအိုင်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်