Pages

Thursday, January 16, 2014

မဟာ သီရိသုဓမ္မ ဒေါ်ခင်ကြည်



ဒေါ်စု ကို နိုင်ငံခြား ရောက်အောင် ဘယ်သူ လုပ်တာ လဲ လို့ ( *** ဦးနေ၀င်း က ပဲ နိုင်ငံခြားကို ပို့ လို့ မိုက်ကယ်အဲရစ် နဲ့ ရတာ လိုလို သမိုင်း အမှား နဲ့ ဆင်သေ ကို ဆိတ်သားရေ နဲ့ ဖုံး ချင်နေ ကြတယ် ... ) ခနခန မေးနေ ကြတဲ့ ကလေး တွေ အတွက် သမိုင်း ကို သေချာ သိရအောင် သီရိသုဓမ္မ ဒေါ်ခင်ကြည် အကြောင်း တင်ပြ ပေးတာ ဖြစ်ပါ တယ် ....

ဒေါ်ခင်ကြည် ကို ဧရာဝတီ တိုင်း၊ မြောင်းမြ မြို့၌ အဖ ပြည်သူ့ လုပ်ငန်း ၀န်ထမ်း ဦးမိုးညှင်း၊ အမိ ဒေါ်ဖွားစု တို့ မှ ၁၉၁၂ ခုနှစ် ဧပြီ လ ၁၆ ရက် အဂါင်္နေ့ တွင် ဖွားမြင် သည် .... မွေးချင်း (၉) ဦး အနက် သတ္တမ မြောက် ဖြစ်သည် ... မွေးချင်း မောင်နှမ များမှာ ...

၁။ ဦဘလွင်
၂။ ဒေါ်ခင်သောင်း
၃။ ဦးမောင် (ငယ်စဉ် က ကွယ်လွန်)
၎။ ဦးဘကျော်
၅။ ဒေါ်ခင်ကြီး ( ဗကပ ဥက္ကဌ သခင်သန်းထွန်း ၏ ဇနီး )
၆။ ဒေါ်ခင်တင့် ( ဦးသိန်းလှ ဇနီး )
၇။ ဒေါ်ခင်ကြည် ( ဗိုလ်ချုပ် ကတော် )
၈။ ဦးသိန်း ( လူပျိုကြီး )
၉။ ဒေါ်မမကြီး ( ခေါ် ) ဒေါ်အမာ ( ကောက်ပဲ သီးနှံ မင်းကြီး ဦးတင်အောင် ( ခေါ် ) ဦးဂျော်နီ ၏ ဇနီး ) တို့ ဖြစ်သည် ....

၁၉၄၂ စက်တင်ဘာ ၆ တနင်္ဂနွေ နေ့ တွင် ဂျပန် ခေတ် ပြည်သူ့ ဆေးရုံကြီး အရှေ့ဘက် အစွန်ဆုံး ခန်းမ ဆောင် တွင် ဗိုလ်ချုပ် အောင်ဆန်း နှင့် လက်ထပ် ထိမ်း မြား ခဲ့သည် ... သား အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ သမီး အောင်ဆန်း စုကြည် တို့ ထွန်းကား ခဲ့ သည် .... အထွေးဆုံး သမီး ကလေး ကို ၁၉၄၆ စက်တင်ဘာ လ ၂၂ တွင် ထွန်းကား ခဲ့ သော်လည်း ၅ ရက် အကြာ တွင် တိမ်းပါး သွားခဲ့ သည် ..... သား လတ် အောင် ဆန်းလင်း မှာ ရန်ကုန် ဗဟန်း မြို့နယ် တာဝါလိန်း လမ်း အမှတ် (၂၅) နေအိမ် ( ယခု ဗိုလ်ချုပ် ပြတိုက် ) ရှိ ရေကန် တွင် ၁၉၅၃ ဇန်န၀ါရီ ၁၆ တွင် ရေနစ် သေဆုံး သွားခဲ့ သည် ....

၁၉၄၇ - ၅၃ တွင် မိခင် နဲ့ ကလေး စောင့်ရှောက် ရေး ညွှန်ကြားရေး ၀န်၊ ၁၉၅၃ - ၅၈ တွင် လူမှု ၀န်ထမ်း စီမံကိန်း ကော်မရှင် ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင် သည် ... ထိုသို့ တာဝန် ယူ ဆောင်ရွက် နေစဉ် ပြည်ထောင်စု မြန်မာ နိုင်ငံ လူမှု ၀န်ထမ်း ကောင်စီ ဥက္ကဌ၊ မိခင် နဲ့ ကလေး စောင့်ရှောက် ရေး ဥက္ကဌ၊ ကလေး သူငယ် စောင့်ရှောက်ရေး ကောင်စီ ဥက္ကဌ၊ ကျန်းမာရေး နှင့် ပြည်ရေး ပြည်ရာ အဖွဲ့ ဥက္ကဌ၊ ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသမီး အသင်း များ ကောင်စီ ဥက္ကဌ၊ ဒီမိုကရေစီ သဘော တရား တိုးတက် ပြန့်ပွားရေး အသင်း ဥက္ကဌ၊ မြန်မာ နိုင်ငံ အမျိုးသမီး ကင်းထောက် အသင်း ၏ ကင်းထောက် ချုပ်၊ မြန်မာ နိုင်ငံ သူနာပြုတင် ကားတပ်ဖွဲ့ဝင် အမျိုး သမီး အုပ်ချုပ် ရေးမှူး ၊ ရာမာ ခရစ်ရှ်နာ သာသနာ ပြု ဆေးရုံ နှင့် စာကြည့် တိုက် ဒု ဥက္ကဌ အဖြစ် ရွေးချယ် တင်မြောက် ခြင်း ခံရသည် ... ဒေါ်ခင်ကြည် သည် မြန်မာ နိုင်ငံ တွင် သူနာပြု လုပ်ငန်း များကို မွန်မြတ် သော ပရဟိတ လုပ်ငန်း အဖြစ် အများ က စိတ်ဝင်စား စွာ ခံယူ လုပ်ဆောင် စေရန် ရှေးဦးစွာ စည်းရုံး ခဲ့သူ တစ်ဦး လည်း ဖြစ်သည် .....

ဒေါ်ခင်ကြည် သည် ဘ၀ တစ်လျှောက် လုံး တိုင်းကျိုး ပြည်ပြု စွမ်းစွမ်း တမန် ဆောင်ရွက် ခဲ့မှု ကြောင့် ၁၉၅၀ ပြည့်နှစ် တွင် အမေရိကန် ပြည် ထောင်စုမှ ပေးအပ် ချီးမြှင့် သော မြန်မာ မိခင် ဘွဲ့တံဆိပ် ၁၉၅၁ ခုနှစ် တွင် နိုင်ငံတော် အစိုးရ က ချီးမြှင့်သော မဟာ သိရိသုဓမ္မ ဘွဲ့၊ ၁၉၅၅ ခုနှစ် တွင် ယူကို စလာဗီးယား နိုင်ငံ မှ ချီးမြင့်သော မာရှယ် တီးတိုး ယူဂို ဆလပ်ကြယ် ( ဒုတိယ ဆင့် ) နှင့် ထိုင်း နိုင်ငံ ဥသျှောင် အဖွဲ့ ၏ နိုဘယ် အော်ဒါ ဘွဲ့ ( ၀ါ ) အမြင့်မြတ် ဆုံး ဆုတံဆိပ် တို့ကို ချီးမြှင့် အပ်နှင်းခြင်း ခံခဲ့ ရသည် ....

ကျန်းမာ ရေး၊ လူမှုရေး လုပ်ငန်း များ ထမ်းဆောင် နေစဉ် ၁၉၄၉ တွင် အိန္ဒိယ နိုင်ငံ နယူး ဒေလီ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ ဒေသ ဆိုင်ရာ ညီလာခံ၊ ၁၉၅၀ တွင် ကိုလံဘို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ဒေသ ဆိုင်ရာ ညီလာခံ များ ကို မြန်မာ ကိုယ်စာ လှယ် အဖွဲ့ကို ဦးဆောင် ၍ တက်ရောက် ခဲ့သည် ... ကိုလံဘို ညီလာခံ တွင် ညီလာခံ သဘာပတိ အဖြစ် ရွေးချယ် တာဝန် ပေးအပ် ခံရ သည် .... ၁၉၅၀၊ ၁၉၅၁၊ ၁၉၅၂ ခုနှစ် များ တွင် ဂျီနီဗာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညီလာခံ များ ကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ကာ တက်ရောက် ခဲ့သည် ...

၁၉၅၉ - ၆၀ နှစ်များ ဖဆပလ အကွဲ အပြဲ ၌ ဦးနု ဦးဆောင်သော ပြည်ထောင်စု ပါတီ (ပထစ) ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် စည်းရုံးရေး တာဝန် များ ကို ဖိဖိ စီးစီး တာဝန်ယူ ဆောင် ရွက် ပေးခဲ့ သည် .... ထို့ကြောင့် ဦးနု ဦးဆောင်သော သန့်ရှင်း ဖဆပလ တဖြစ်လည်း ပြည်ထောင်စု ပါတီ သည် ရွေးကောက်ပွဲ တွင် အနိုင် ရရှိ ခဲ့သည် ... ဒေါ်ခင်ကြည် သည် ပထစ ပါတီ အား မဲဆွယ် စည်းရုံး ပေးခဲ့ သော်လည်း ရွေးကောက်ပွဲ တွင် ၀င်ရောက် အရွေး မခံ ခဲ့ချေ ...

ဦးနု ဦးဆောင်သော ပြည်ထောင်စု အစိုးရ အဖွဲ့ သည် ဒေါ်ခင်ကြည် အား ကျေးဇူး တုံ့ ပြန်သော အားဖြင့် ၁၉၆၀ မေ ၁၉ ရက်နေ့ တွင် အိန္ဒိယ နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီး အဖြစ် ခန့်အပ် ခဲ့သည် .... ဇွန် တွင် နီပေါ နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ပူးတွဲ တာဝန် ပေးအပ် ခဲ့သည် .... မြန်မာ အမျိုးသမီး လောက တွင် ပထမ ဆုံးနှင့် ယနေ့ အချိန် အထိ တစ်ဦး တည်း သော မြန်မာ အမျိုးသမီး သံ အမတ်ကြီး အဖြစ် မော်ကွန်း တင် ခံရသည် .... အိန္ဒိယ နိုင်ငံ၊ နယူးဒေလီ မြို့တွင် ရုံးထိုင် ၍ သံ အမတ်ကြီး အဖြစ် ၇ နှစ် တာဝန် ထမ်းဆောင် ခဲ့ပြီး နောက် ၁၉၆၇ ဇွန်လ တွင် အငြိမ်းစား ယူခဲ့ သည် ....

အငြိမ်းစား ယူပြီး နောက် ရန်ကုန် မြို့ တက္ကသိုလ် ရိပ်သာ လမ်း နေအိမ် ၌ နေထိုင် ခဲ့သည် ... မိခင် နှင့် ကလေး စောင့် ရှောက် ရေး အဖွဲ့ ညွှန်ကြားရေး ၀န်ကြီး လုပ်သက်၊ သံ အမတ် ပင်စင်များ ကို မယူပဲ အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဇနီး ထောက်ပံ့ ငွေ ကိုသာ ခံစား ခဲ့သည် .... ၁၉၈၈ ဒီဇင်ဘာ လ ၂၇ ရက်နံနက် ၇ နာရီ ၁၇ မိနစ်တွင် ရန်ကုန်မြို့၊ တက္ကသိုလ် ရိပ်သာလမ်း နေအိမ် တွင် ကွယ်လွန် သည် ....

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်