Pages

Thursday, January 16, 2014

အတုမရှိ သံဃာ့ ညီလာခံ ကြီး၏ သဘောထား ကြေညာချက် ၁၀ ချက်



မန္တလေး တွင် ပြုလုပ် သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (အထက် မြန်မာ ပြည်) ဖွဲ့စည်း ခြင်း နှင့် သြ၀ါဒ ခံယူပွဲ အခမ်း အနား အတု မရှိ သံဃာ့ ညီလာခံကြီး တွင် အောက်ပါ သဘော ထား ကြေညာ ချက် ၁၀ ချက် ကို ထုတ်ပြန် ကြေညာ ခဲ့သည်။

၁။ မြန်မာ နိုင်ငံတော် နှင့် နိုင်ငံ သူ နိုင်ငံသား များ အကျိုး စီးပွား အတွက် ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေ ကို ဆက်လက် ကာကွယ် စောင့်ရှောက် ရန် တိုက်တွန်း သည်။

၂။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင် ရေးဆွဲရာ ၌ ပုဂ္ဂလ ဓိဌာန်နှင့် လက်တလော အခြေအနေ ကို မကြည့် ဘဲ နိုင်ငံ နှင့် နိုင်ငံသား များ ၏ ရှေရှည် အကျိုးစီးပွား ကိုသာ ကြည့်ရှု ဆောင်ရွက် ရန် တိုက်တွန်း သည်။

၃။ လက်ရှိ ဖွဲ့စည်း အုပ်ချုပ်ပုံ စနစ်၌ တိုင်းရင်းသား စာရင်း ၌ မပါဝင် သော လူမျိုးစု နှင့် အဖွဲ့ အစည်းများ အား ကူညီ ပံ့ပိုး အားပေး အားမြှောက် ပြုနေ ကြသည့် ပြည်တွင်း ပြည်ပ အဖွဲ့ အစည်းများ ၏ လုပ်ရပ် မှန်သမျှ ကို နိုင်ငံတော် ၏ အချုပ် အခြာ အာဏာ ထိပါး စေနိုင် သဖြင့် ကန့်ကွက် သည်။

၎။ တည်ဆဲ ဥပဒေ နှင့် မညီညွတ် သော တိုင်းရင်းသား စာရင်း၌ မပါဝင် သည့် လွှတ်တော် ကိုယ်စားလှယ် များ အား ပြည်လည် စိစစ်၍ ဥပဒေ နှင့် အညီသာ ဆောင်ရွက် ပေးရန် တိုက်တွန်း သည်။

၅။ တိုင်းရင်းသား အခွင့်အရေး နှင့် နိုင်ငံသား အခွင့် အရေးများ ကို ကာကွယ် စောင့်ေ ရှာက် နိုင် ရန် ရွေးကောက်ပွဲ တိုင်း တွင် ဥပဒေ နှင့် မညီညွတ် သည့် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများ ၏ ဆန္ဒ မဲ ပေးပိုင်ခွင့် ကို ပြန်လည် ရုပ်သိမ်း သင့်ကြောင်း အကြံပြု တိုက်တွန်း သည်။

၆။ အမျိုး ဘာသာ သာသနာ အဖွဲ့ အစည်း (မ.ဘ.သ) ခေါ် ၀ံသပါလ အဖွဲ့ အတွက် အင် အား ဖြစ်ေ စသော အားပေး စကားများ ကို ပြောကြား ခဲ့သည့် နိုင်ငံတော် အကြီး အကဲ များ၊ နိုင် ငံ ခေါင်းေ ဆာင် များ ၊ လွှတ်တော် ကိုယ်စားလှယ် တော်ကြီးများ အား ကျေးဇူး တင် ကြောင်း မှတ်တမ်း တင်သည်။

၇။ သတင်း မီဒီယာများ သည် နိုင်ငံတော် ၏ စတုတ္ထ မဏ္ဍိုင် ဖြစ်သည့် အလျောက် သတင်း မီဒီယာ ကျင့်ဝတ် နှင့် အညီ နိုင်ငံတော် နှင့် အမျိုး ဘာသာ သာသနာ ၏ အကျိုး စီးပွား ကို မထိခိုက် အောင် မှန်ကန် မျှတစွာ ဖော်ပြ ကြရန် နှင့် မမှန်မကန် ဖော်ပြမှု၊ အဂတိ လိုက်စား မှုများ ရှောင်ကြဉ် ကြရန် အထူး တိုက်တွန်း သည်။

၈။ မြန်မာ နိုင်ငံသူ နိုင်ငံသား များ သည် မိမိ / သူတစ်ပါး ၏ အမျိုး ဘာသာ ကို ထိခိုက် စေမည့် ဟောပြော မှု ၊ လှုံ့ဆော် မှုနှင့် တုံ့ပြန် မှုများ ကို ရှောင်ကြဉ် ကြရန် အထူး တိုက်တွန်း သည်။

၉။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) ခေါ် ၀ံသပါလ အဖွဲ့သည် သာသနာ့ ဥသျှောင်၊ သံဃာ့ ဥသျှောင် ဆရာတော် ကြီးများ ၏ သြ၀ါဒ ကို ခံယူ လျက် အမှီအခို ကင်းပြီး လွတ်လပ် သည့် အမျိုးသား ရေး အင်အား စုကြီး တစ်ရပ် သာ ဖြစ်ကြောင်း သိစေအပ် သည်။

၁၀။ အကာ အကွယ် မဲ့နေကြ သည့် မြန်မာ့ အမျိုးကောင်း သား အမျိုးကောင်း သမီးများ အား ကာ ကွယ် စောင့်ရှောက် နိုင်မည့် အမျိုးစောင့် ဥပဒေ အတည် ပြု ပြဋ္ဌာန်း ပေးနိုင်သည် အထိ ဆက်လက်ေ ဆာင် ရွက် သွားမည် ဟု ဤ ညီလာခံကြီး က အဓိဋ္ဌာန် ပြုသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်