Pages

Thursday, January 16, 2014

မော်တော်ယာဉ် များ ငှားရမ်း ပြီး လိမ်လည် ရောင်းချ မှုများ ဆက်တိုက် ဖြစ်ပေါ်

မော်တော်ယာဉ် နံပါတ် အနက်များ ကို လချုပ်၊ ရက်ပိုင်း နှင့် ခရီးစဉ် အလိုက် ငှားရမ်း သည့် အငှား ကုမ္ပဏီများ ၏ မော်တော် ယာဉ်များ ကို ငှားရမ်း သူများ က ပြန်လည် ရောင်းချ ခြင်း၊ ပေါင်နှံခြင်း များ ဖြစ်ပေါ် လျက် ရှိကြောင်း အဆိုပါ မော်တော် ယာဉ် ကုမ္ပဏီ များ ထံမှ သိရ သည်။ “လိမ်လည် မှုက ကြီးပါ တယ်။ အစီးရေ ၁၀၀ ကျော် လောက် ရှိနေပြီ” ဟု ရောင်နီဦး မော်တော်ယာဉ် ရောင်းဝယ်ရေး နှင့် ငှားရမ်း ခြင်း ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ဝင်း က ပြောကြား သည်။ သန်းခေါင် စာရင်း၊ မှတ်ပုံတင်၊ နေရပ် လိပ်စာ အတု များ ဖြင့် ကုမ္ပဏီ ထံမှ မော်တော်ယာဉ် များ လာရောက် ငှားရမ်း ကြခြင်း ဖြစ်ပြီး ကညန စာအုပ် အတု ပြုလုပ် ၍ ပြန်လည် ရောင်းချ ကြောင်း လိမ်လည် ခံရသည့် မော်တော်ယာဉ် ကုမ္ပဏီ များ ထံမှ သိရ သည်။

လိမ်လည်မှုများ ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လ အတွင်း က စတင် သိရှိ ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ လိမ်လည် ခြင်းများ တွင် အမျိုးသမီး ပွဲစား များ ပိုမို များပြား ကြောင်း ရောင်နီဦး မော်တော် ယာဉ် ငှားရမ်း ခြင်း ကုမ္ပဏီ အထွေထွေ မန်နေဂျာ ဦးဝင်းထွဋ် က ပြောကြား သည်။ လိမ်လည် မှုများ ကြောင့် မော်တော် ယာဉ် တစ်လ ချင်း ငှားရမ်း ခြင်းနှင့် ခရီးစဉ် အလိုက် ငှားရမ်းခြင်း များ ကို ခေတ္တ ရပ်နား ထားပြီး စာရွက် သတ်မှတ် ချက်များ ကို ပြန်လည် စိစစ် သွားမည် ဖြစ်ကြောင်း ရောင်နီဦး မော်တော် ယာဉ် ရောင်းဝယ် ရေးနှင့် ငှားရမ်း ခြင်း ကုမ္ပဏီ ထံမှ သိရသည်။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်