Pages

Thursday, January 16, 2014

မြန်မာ နိုင်ငံနှင့် ကုလ သမဂ္ဂတို့ အကြား ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့် သွားရေး ဆွေးနွေး

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသား ချင်းစာနာ ထောက်ထား မှု ဆိုင်ရာ ဌာနေ ညှိနှိုင်း ရေးမှူး၊ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ဌာနေ ကိုယ်စားလှယ် အသစ် ဖြစ်သူ မစ္စရီနာ တာလော့ဒက် ဆဲလီယန် နှင့် အဖွဲ့ အား ဇန်နဝါရီ (၁၄) ရက်နေ့ နံနက် ၁၀ နာရီ တွင် နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်း မဆောင် ၌ လက်ခံ တွေ့ဆုံ သည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာ နိုင်ငံ ၏ ကုလ သမဂ္ဂ ထောင် စုနှစ် ရည်မှန်း ချက်များ ပြည့်မြောက် အောင် အကောင် အထည် ဖော် ဆောင်ရွက် နေမှု နှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ၊ ဒေသ တည်ငြိမ် အေးချမ်းရေး ဆောင်ရွက် နေမှု များတွင် ပိုမို ပူးပေါင်း ပါဝင် ကူညီ ပေးရေး၊ မြန်မာ နိုင်ငံ နှင့် ကုလ သမဂ္ဂ တို့ အကြား ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့် သွားရေး တို့ နှင့် စပ် လျဉ်း၍ ဆွေးနွေး ကြသည်။ အဆိုပါ တွေ့ ဆုံပွဲ သို့ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ဦးစိုးသိန်း နှင့် တာဝန် ရှိ သူများ တက်ရောက် ခဲ့ကြ သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်