Pages

Thursday, January 16, 2014

နိုင်ငံခြား ဘဏ်များ ပြည်တွင်း တွင် လုပ်ကိုင် ခွင့် ရမည်

ဘဏ် လုပ်ငန်း ဖွံ့ဖြိုးမှု နှေးကွေး နေသေး သည့် မြန်မာ နိုင်ငံ တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ် အတွင်း နိုင်ငံခြား ဘဏ်များ စတင် ဝင်ရောက် လုပ် ကိုင် ခွင့်ပြု မည် ဖြစ်ကြောင်း မြန်မာ နိုင်ငံတော် ဗဟို ဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦး က ပြောကြား သည်။ နိုင်ငံခြား ဘဏ်များ ပြည်တွင်း တွင် ဘဏ် လုပ်ငန်း ဝင်ရောက် လုပ်ကိုင် နိုင်ရန် အတွက် ဘဏ် လုပ်ငန်း လိုင်စင် ပေးခြင်း၊ နိုင်ငံခြား ဘဏ်များ နှင့် ပြည်တွင်း ဘဏ်များ ကို ထိန်းကျောင်း မည့် စဉ်းမျဉ်း များ ရေးဆွဲ ခြင်း ကိစ္စရပ် များ ကို ကမ္ဘာ့ ဘဏ်နှင့် အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) တို့ အကူ အညီ ဖြင့် ရေးဆွဲ နေပြီ ဖြစ် ကြောင်း ဇန်နဝါရီ လ ၁၅ ရက်နေ့ က ပြုလုပ် သော ပြည်ထောင်စု လွှတ်တော် အစည်း အဝေး တွင် ၎င်းက ထိုသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းဘဏ်များ သည် နိုင်ငံတကာ ဘဏ် လုပ်ငန်း အတွေ့ အကြုံ အားနည်း နေသေးပြီး နိုင်ငံခြား ဘဏ်များ နှင့် အင်အား ခြင်း မယှဉ် နိုင်သေး သည့် အတွက် လာမည့် ဘဏ္ဍာရေး နှစ်တွင် ဝင်ရောက် လုပ်ကိုင် ခွင့် ပေးရန် စောနေ သေးကြောင်း မြန်မာ နိုင်ငံ ဘဏ်များ အသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်း က ထောက်ပြ ပြောဆို သည်။ “ပြည်တွင်း ဘဏ်တွေ ကို Foreign Exchange လုပ်ခွင့် ပေးတာ တစ်နှစ် ပဲ ရှိသေး တယ်။ Joint Venture လုပ်ခိုင်း ရင် တောင် ဒီဘက် က ဘဏ် တွေ ရင်းနှီး မြှုပ်နှံမှု ပမာဏ က နည်း တယ်။ အဲလို အခြေ အနေမှာ ဝင်ခွင့် ပေးလိုက်ရင် ပြည်တွင်း ဘဏ်တွေ ပြိုလဲ သွားနိုင် တယ်” ဟု ၎င်းက သူ၏ အမြင် ကို ပြောကြား သည်။ အခြား စီးပွားရေး ကဏ္ဍများ တိုးတက် ရန် နိုင်ငံခြား ဘဏ်များ ဝင်ခွင့် မပေးဘဲ အခြား နည်းများ အသုံးပြု ကာ ဖြေရှင်း နိုင်ကြောင်း ပြည်တွင်း ဘဏ် လုပ်ငန်း တောင့်တင်း မှသာ နိုင်ငံခြား ဘဏ်များ ကို ဝင်ရောက် လုပ်ကိုင် ခွင့် ပေးသင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။

ဗဟိုဘဏ် သည် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ် တွင် နိုင်ငံခြား ဘဏ်များ ဝင်ရောက် လုပ်ကိုင်ခြင်း အပြင် ချေးငွေ ကဏ္ဍ တိုးတက် ရေး အာမခံ ပစ္စည်း အမျိုး အစားများ ကို တိုးချဲ့ ခွင့်ပြုခြင်း၊ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း သစ်များ နှင့် ကဏ္ဍ ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး မူဝါဒ ကို အကောင် အထည် ဖော်မည့် ဘဏ်များ ကို တည်ဆောက် လုပ်ကိုင် ခွင့်ပြု သွားမည် ဖြစ်ကြောင်း ဗဟို ဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦး က ပြောကြား သည်။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်