Pages

Thursday, January 16, 2014

မလေးရှား တွင် ဇန်နဝါရီ ၂၁ ရက်မှ စ၍ တိုင်တန်း ခြင်း ခံရသော နိုင်ငံခြား သား နေအိမ် များ ကို စစ်ဆေးမည်

မလေးရှား နိုင်ငံတွင် တရား မဝင် နိုင်ငံခြား သား အလုပ်သမား များအား ဇန်နဝါရီ ၂၁ ရက်မှ စတင်ကာ လူဝင်မှု ကြီးကြပ်ရေး ဌာန ၏ Ops 6p Sepadu စီမံချက် ဖြင့် လူနေ အိမ်များ၊ လုပ်ငန်း ခွင်များ တွင် ပိုက်စိပ် တိုက် စစ်ဆေး တော့မည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၂ ရက် မလေးရှား နိုင်ငံ နေ့စဉ် ထုတ် သတင်း တွင် ဖော်ပြ ပါရှိ ကြောင်း၊ မလေးရှား ရောက် ကိုတွောင်ပူစီယင်း ၏ ပေးပို့ချက် အရ သိရ သည်။ လူဝင်မှု ကြီးကြပ် ရေး ဌာန မှ ညွှန်ကြား ရေးမှူး ချုပ် Datuk Alias Ahmad က ပထမ အကြိမ် အနေ ဖြင့် လွန်ခဲ့သော စက်တင်ဘာ နှင့် ဒီဇင်ဘာ လ အတွင်း လူနေ အိမ် များနှင့် လူစည် ကားရာ ဒေသ များ တွင် စစ်ဆေး ရေး ပြုလုပ် ခဲ့ကြောင်း ပြောကြား သည်။ ''ဒုတိယ အကြိမ် အနေ နဲ့ ဇန်နဝါရီ ၂၁ ရက်မှ စပြီး လုပ်ငန်း ခွင် များ၊ စက်ရုံ များ၊ ကုမ္ပဏီ များ၊ စိုက်ခင်း တွေနဲ့ တရား မဝင် အိမ်ဖော် များ ကြောင့် နေအိမ် များ ကို စစ်ဆေး မှာ ဖြစ်တယ်'' ဟု Alias က ပြောကြား ခဲ့ပြီး တရား မဝင် လုပ်သား များ ရှိနေ ကြသည့် ထောက်လှမ်း ရရှိ သတင်း များနှင့် တိုင်တန်း ချက်များ အပေါ် မူတည် ပြီး စစ်ဆေး မည် ဖြစ်ကြောင်း သိရ သည်။

ထို့နောက် Alias က ဆက်လက် ပြောကြား ရာ တွင် ''သူတို့ ရဲ့ နေ့စဉ် ပုံမှန် လည်ပတ် နေတဲ့ ပတ်ဝန်းကျင် ကို အနှောင့် အယှက် ဖြစ်အောင် တော့ စိတ်ထင် တဲ့ နေရာ တွေမှာ စိစစ် မှာ မဟုတ်ဘူး ခင်ဗျ'' ဟု  ပြောကြား ခဲ့ပြီး နိုင်ငံ တစ်ဝန်း တွင် ပထမ အကြိမ် ၌ နိုင်ငံခြား သား ၅၄ဝဝဝ အား စစ် ဆေး ပြီး ၂၂၇၈ ဦး ကို ဖမ်းဆီး ကြောင်း၊ အထောက် အထား စာရွက် စာတမ်း မရှိသူ ၁၆၈ဝဝ နှင့် ၄င်း တို့၏ အလုပ် ရှင် ၂၁၉ ဦးကို အရေးယူ ထားကြောင်း ပြောကြား သည်။ ''ကျွန်တော် တို့ အနေနဲ့ တရားမဝင် တွေကို တရားဝင် ဖြစ်အောင် လုပ်ငန်း ရှင်တွေ ကို လုံလောက် တဲ့ အချိန် ပေးခဲ့ ပါတယ်။ ကျွန် တော် တို့ စစ်ဆေး တော့မှ ငှားရမ်း ထားတဲ့ ဒီ တရား မဝင်တွေ ကို ဖမ်းမိ ရင် မကျေ မနပ် မဖြစ် စေချင်ဘူး။ တရား မဝင် တွေ ဟာ နိုင်ငံတော် ရဲ့ လုံခြုံ ရေး ကို ခြိမ်းခြောက် ပြီး ရာဇဝတ် မှုနဲ့ တရား မဝင် လှုပ်ရှား မှုတွေ လုပ်လာ တဲ့ အခါ လွယ်တာ မဟုတ် ဘူး'' ဟု The Sun သတင်း သို့ ၄င်းက ပြောကြား သည်။ စစ်ဆေးရေး အတွင်း ရဲ၊ စစ်တပ်၊ မြို့ပြ လုံခြုံရေး တပ်၊ လဝက၊ လုပ်အားပေး တပ်ဖွဲ့ အားလုံး ပေါင်း ၁ဝဝဝဝ ခန့် ပါဝင် မည် ဖြစ်ကြောင်း၊ Alias က ဆက်လက် ပြောကြား ကြောင်း သိရပြီး ၄င်း၏ ခန့်မှန်းချက် အရ နိုင်ငံ တစ်ဝန်း တွင် နိုင်ငံခြား သား ခရီးသွား အထောက် အထား မရှိ သူနှင့် ပါမစ် မရှိသူ ၂၈ဝဝဝဝ ခန့် ရှိကြောင်း၊ အများစု မှာ အင်ဒိုနီးရှား မှ ဖြစ်ပြီး ကျန် ရှိသူများ မှာ ဘင်္ဂလား ဒေ့ရှ်၊ နီပေါ နှင့် မြန်မာ နိုင်ငံသား များ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ့အလင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်