Pages

Thursday, January 16, 2014

ကျူးကျော်တဲ များ ဆောက်လုပ် မှုမှာ ရပ်တန့် မှု မရှိဘဲ ဆက်လက် ဆောင်ရွက် လာ

ရန်ကုန် တောင်ပိုင်း ခရိုင် တွံတေး မြို့နယ် ပန်းလှိုင် တံတား အောက် ဝန်းကျင် ပန်းလှိုင် မြစ်ကမ်းဘေး လှိုင်သာယာ - တွံတေး ကားလမ်း ဘေး ဝဲယာ များတွင် အခြား ဒေသမှ လာရောက် ပြီး လူအင်အား အစုအဖွဲ့ များ ဖြင့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ စ၍ တရား မဝင် ကျူးကျော် တဲ အဆောက် အအုံ များ ဆောက်လုပ် လျက် ရှိရာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ အထိ ပန်းလှိုင် တံတား အောက် ဝန်းကျင် ပန်းလှိုင် မြစ်ကမ်းဘေး နှင့် ကားလမ်း ဘေး ဝဲယာ တို့တွင် ဆောက်လုပ် ပြီး တဲ ၈၂ လုံး၊ ဆောက်လုပ် ဆဲ တဲ ၄၉၃ လုံး၊ တိုင် စိုက်ထူ ပြီး ဆောက်လုပ် ဆဲ တဲ အလုံး ၁၄၉ဝ စုစု ပေါင်း ၂၈ဝ၄ လုံး ထိ ရှိခဲ့ပြီး အချို့ မှာ နေရာ ဦးထား ကာ တစ်ဆင့် ထပ်မံ ရောင်းချ မှုများ ပြုလုပ် နေကြောင်း သိရှိ ရသည်။

လူစု လူဝေး ဖြင့် တရား မဝင် လာရောက် ၍ ကျူးကျော် တဲ ဆောက်လုပ် နေမှုများ အား သက်ဆိုင် ရာ မြို့နယ် / ကျေးရွာ အုပ်စု အုပ်ချုပ်ရေး အဖွဲ့ များ မြန်မာ နိုင်ငံ ရဲ တပ်ဖွဲ့၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ အရန် မီးသတ် တပ်ဖွဲ့ နှင့် ဒေသခံ ပြည်သူ များက ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ လ အတွင်း ကိုး ကြိမ်၊ ဇန်နဝါရီ လ အတွင်း တစ်ကြိမ် ဖယ်ရှား ရှင်းလင်းခြင်း၊ ကျူးကျော် ဆောက်လုပ် မှုများ အား ဖယ်ရှား ရေး၊ ဆက်လက် ကျူးကျော် ခြင်း မပြုရေး တို့ အတွက် အသိပေး တားမြစ်ခြင်း ကို နေ့စဉ် အသံချဲ့ စက်ဖြင့် ဆော်သြ ခြင်း၊ နို့တစ်စာ ကပ်ခြင်း၊ လမ်းမ ကြီး များ၊ နယ်မြေ မကျူးကျော် ရ ဆိုင်း ဘုတ် များ စိုက်ထူ ခြင်း များကို ဆောင်ရွက် ခဲ့သော်လည်း လိုက်နာ မှု မရှိဘဲ ဆက်လက် ကျူးကျော် ဆောက်လုပ် ခဲ့ကြသည်။

ထိုကဲ့သို့ တွံတေး မြို့နယ် အတွင်းရှိ အစိုးရ ပိုင်မြေ၊ လမ်းနယ်၊ ခလောက်ချိုင် ကျေးရွာ၊ ပဒါန်ရေကျော် ကျေးရွာ နှင့် တမာ တကော ကျေးရွာ များ တွင် အခြား ဒေသမှ လာရောက် ကျူးကျော် ဆောက်လုပ်မှု များကို ဒေသခံ များက ကျေနပ်မှု မရှိသဖြင့် ဒေသခံ ပြည်သူ လူထု လုံခြုံရေး၊ အေးချမ်း စွာ နေထိုင် နိုင်ရေး၊ အသက် အိုးအိမ် စည်းစိမ် ကို စောင့်ရှောက်ရေး နှင့် ဥပဒေ မဲ့ ကျူးကျော် သူများ ဖယ်ရှား ပေးရေး အတွက် တမာ တကော ကျေးရွာ နေ ဦးကျော်စိုး (အဖ) ဦးကျော်လှ က အင်အား ၁ဝဝ ဖြင့် ဇန်နဝါရီ လ ၃ ရက် နံနက် ၇ နာရီ မှ ၈ နာရီ အထိ ပန်းလှိုင် တံတား အနီး တွင် ဥပဒေ နှင့် အညီ ငြိမ်းချမ်း စွာ စုဝေး ဆန္ဒ ဖော်ထုတ် ခဲ့သည်။

လူစု လူဝေး ဖြင့် ကျူးကျော်တဲ များ ဆောက်လုပ် မှုမှာ ရပ်တန့်မှု မရှိဘဲ ဆက်လက် ဆောင်ရွက် လာ သဖြင့် ဒေသခံ ပြည်သူများ နှင့် ပဋိပက္ခ အသွင် ရန်စောင် မှုများ ဖြစ်ပေါ် လာခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း၊ ဒေသခံ များ အနေဖြင့် ည အချိန် တွင် ပြင်ပ သို့ သွားလာ ရာ တွင် လုံခြုံမှု မရှိခြင်း စသည့် အခြေ အနေ များ ဖြစ်ပေါ် လာသည့် အတွက် ရပ်ရွာ အေးချမ်း သာယာရေး နှင့် တရား ဥပဒေ စိုးမိုး ရေး၊ ဥပဒေ မဲ့ ဆက်လက် ဆောင်ရွက်ခြင်း မျိုး ဆက်လက် မဖြစ်ပေါ် စေရေး၊ ခရိုင် / မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ များ၊ ဌာန ဆိုင်ရာ များ၊ မြန်မာ နိုင်ငံ ရဲ တပ်ဖွဲ့ ဝင် များ၊ အရန် မီးသတ် တပ်ဖွဲ့ဝင် များ၊ ဒေသခံ ပြည်သူ များ ပူးပေါင်း အဖွဲ့သည် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက် နံနက် စောစော တွင် ကျူးကျော် တဲ များ အား စတင် ဖယ်ရှားရာ ကျူးကျော် တဲ ၂၃၇၈ လုံး ဖျက်သိမ်း ပြီးစီး ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ လ ၁၅ ရက် တွင် ကျန်ရှိ နေ သည့် ကျူးကျော် တဲ ၄၂၆ လုံး အား ဆက်လက် ရှင်းလင်း ဖျက်သိမ်း လျက် ရှိသည်။ တရား မဝင် ကျူးကျော် တဲများ အား ဖယ်ရှား ရှင်းလင်း စဉ် တာဝန်ရှိ အဖွဲ့ အစည်း များနှင့် ဒေသခံ များ အား ခဲများ၊ လေးခွ များနှင့် ပစ်ပေါက် ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များမှ ကျူးကျော် နေထိုင် သူ ၁၆ ဦး အား လှိုင်သာယာ မြို့နယ် ရဲစခန်း နှင့် အင်းစိန် မြို့မ ရဲစခန်း များသို့ ခေါ် ဆောင် ပြီး တည်ဆဲ ဥပဒေများ နှင့် အညီ စစ်ဆေး အရေးယူ လျက် ရှိကြောင်း သတင်း ရရှိ သည်။

မြန်မာ့အလင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်